နိုင်ငံတကာရေးရာ

ပြင်းအားအဆင့် ၆ ရှိ ငလျင် ဘေးဧရိယာနားက နာပါမြို့ကို ဗဟိုပြု လှုပ်ခဲ့

ပြင်းအားအဆင့် ၆ ရှိ ငလျင် ဘေးဧရိယာနားက နာပါမြို့ကို ဗဟိုပြု လှုပ်ခဲ့

မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၄



သြဂုတ်လ ၂၄၊ နံနက်လင်းအားကြီး ၃ နာရီ ၂၀ မိနစ်ခန့်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်ဘေးဧရိယာနှင့် မိုင် ၃၀ခန့်အကွာ နာပါမြို့ကို ဗဟိုပြုပြီး အင်အား ၆ အဆင့်ရှိ မြေငလျင် လှုပ်ခဲ့သည်ဟု သိရသည်။ နာပါမြို့တွင်းမှာ ထိခိုက်မှုရှိပြီး ပတ်ဝန်းကျင်ဒေသရှိ အိမ် ၆၀၀ ခန့် ရေပြတ်၊ နေအိမ် ၁သောင်းကျော် မီးနှင့် ဓာတ်ငွေ့ပြတ်တောက်လျက် ရှိသည်။ ၂၅ နှစ်အတွင်း အားအပြင်းဆုံး ငလျင်ဟု ဆိုသည်။ ထိုဒေသအတွင်း အပြင်းဆုံးမှာ အဆင့် ၇ နှင့် ဆန်ဖရန်ဘေးဧရိယာတွင် ၁၉၈၉ ခုနှစ်က လှုပ်ခဲ့သည်။ နာပါမြို့သည် တောင်ကြားဒေသတခုဖြစ်ပြီး စပျစ်ဝိုင်စိုက်ခင်းများဖြင့် ထင်ရှားသည်။ အဓိကလုပ်ငန်းမှာ ၀ိုင်အရက်ထုတ်လုပ်ခြင်း ဖြစ်သည်။

နာပါမြို့လယ်ရှိ ရှေးဟောင်းအဆောက်အဦများ အထိခိုက်ဆုံးဟု ဆိုသည်။ လူ ၁၂၅ ဦး ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။ အချို့သော ရပ်ကွယ်အဆောက်အဦတို့မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်ပျက်စီးခြင်းတို့ ဖြစ်ခဲ့သည်။ ရေ၊ လျစ်စစ်နှင့် ဂက်စ်ကုမ္မဏီတို့က အမြန်ဆုံးပြုပြင်နေကြပြီး နောက်တနေ့ နေ့ခင်းတွင် ပြန်လည်ပုံမှန်ဖြစ်မည်ဟု ပြောဥည်။ လူနေအိမ် ၁၀၀ ကျော် လုံးဝပျက်စီးသွားသည်။ ဓာတ်ငွေ့လိုင်းနဲ့ ရေပင်မလိုင်းများအနက် နေရာ ၁၀၀ ခန့် ပျက်စီးခဲ့သည်။ ကယ်လီဖိုးနီးယားဝန်ကြီးချုပ်က ဂျယ်ရီဘရောင်းက အရေးပေါ်အခြေအနေကြေညာထားပြီး ကယ်ဆယ်ရေး၊ နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး ပြုပြင်ရေးလုပ်ငန်းများကို အစိုးရအဆင့် ၀ိုင်းဝန်းဆောင်ရွက်မည်ဟု ကြေညာထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts