Min Min Latt လူများ၊ ရုပ်ပုံလွှာများ

သူသည် စာအုပ်၊ မှန်၊ ပင်လယ် ဖြစ်၏ (မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၇) နှစ်ပြည့် (သြဂုတ် ၂၂၊ ၂၀၁၄) အမှတ်တရ)

သူသည် စာအုပ်၊ မှန်၊ ပင်လယ် ဖြစ်၏

မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၇) နှစ်ပြည့် (သြဂုတ် ၂၂၊ ၂၀၁၄) အမှတ်တရ

မိုးမခ၊ သြဂုတ် ၁၉၊ ၂၀၁၄
မင်းမင်းလတ် (၁၉၄၈-၁၉၉၇) ၊ ပန်းချီ – ပေါ်ဦးသက် (၁၉၃၆-၁၉၉၃)

ဆရာ သုခမိန်လှိုင် (သိဒ္ဓတ္ထလှိုင်) ၏ မိုးမခ မင်းမင်းလတ် အမှတ်တရ အစီအစဉ် အတွက် ချီးမြှင့်ပေးခဲ့သည့် စကား

“နည်းနည်းပါးပါး အမှတ်တရ စကား”

မင်းမင်းလတ်သည် စာအုပ်၊ မှန်၊ ပင်လယ် ဖြစ်၏။

ပုသိမ် မောင်စိမ်းသူ စာသားနဲ့ ဂုဏ်ပြုထိုက်ပါတယ်။

(နေ့ကဆုံး ညသို့ကူး

ရာဇဝင် မဟာသတ္တိတွေကို

ဒီအထဲက ယူခဲ့ကြသတဲ့)

သုခမိန်လှိုင်

၁၉၊ ၀၈၊၂၀၁၃

♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

♬ ♪ ♩ ♭ ♫ ∮…

ဤ လောက.. မြေပြင်သည်.. စိမ်းလန်းခြင်းကြောင့်..

တိမ်းမူးခြင်းဖြင့်.. ပျော်ရွှင်ခဲ့သည်များ..

ဤ.. လောကမြေပြင်ကို.. သူ.. တယောက်ကြောင့်

စွဲလမ်းခြင်းဖြင့်.. နေချင်.. မိခဲ့ထင်..

သူ့.. ရဲ့.. စိတ်ဓာတ်ကို.. သုံးပိုင်း.. ထစ်ပြီး..

တစချင်း.. ကြည့်လိုက်ရင်.. ဘာတွေ့.. မလဲ..

စာအုပ်.. အဖြစ်.. တစ.. မှန်အဖြစ်နဲ့.. တစ..

ပင်လယ်အသွင်.. ကျန်တစ.. မြင်နိုင်သေးတယ်..

စာအုပ်အဖြစ်.. ခင်စရာ.. အပေါင်းအသင်း.. ပေါ့..

မှန်ကလေးအဖြစ်နဲ့.. သူဟာ.. ရိုးသားသည်.. ပေါ့..

ပင်လယ်အဖြစ်.. သူဟာ.. ကြမ်းတမ်းတတ်သည်.. ရိုင်းပျတတ်သည်..

သူသည်.. သုံးကိုယ်ခွဲ..

ချွဲချွဲ.. နွဲ့.. တဲ့.. အခါ.. စာအုပ်.. ဖြစ်ပြီး..

စိတ်ကောက်တဲ့.. အခါ.. သူ.. ပင်လယ်ပြင်..

တိတ်ဆိတ်ခြင်းတွင်.. မှန်.. ဝိုင်းလေး.. တချပ်ပမာ..

ဤ.. မြေပြင်ပေါ်မှာ.. သူထင်ရှားစွာ..

နေထိုင်.. နေပါသည်..

သူ.. လှုပ်ရှားကာ..

အို.. အို.. အိုး..

♫ ♪ ♫ ♪…

သူသည် စာအုပ်၊ မှန်၊ ပင်လယ် ဖြစ်၏ (Original Version)၊ ရေး – ပုသိမ်မောင်စိမ်းသူ (၁၉၄၂-၁၉၉၈)၊ ဆို – မင်းမင်းလတ် (၁၉၄၈-၁၉၉၇)၊ တေးစု – ခွေးဖြူမ (၁၉၇၅)

YouTube Music Video URL: http://youtu.be/yH5BLe_U6U0


♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

မိုးမခ က တင်ဆက်ပြီး မင်းမင်းလတ် အမှတ်တရ အစီအစဉ်များ

၁) မင်းမင်းလတ် လျှောက်ခဲ့ဖူးတဲ့ ခြေတလှမ်း၊ ရေးသူ – မင်းမင်းလတ်

Read @ http://www.moemaka.blogspot.com.au/2013/08/min-min-latt.html

၂) မင်းမင်းလတ် သမိုင်းအပိုင်းအစများ၊ ရေးသူ – ပုသိမ် မောင်စိမ်းသူ

Read @ http://moemaka.blogspot.com.au/2013/08/pathein-maung-sein-thu-min-min-latt.html

၃) မင်းမင်းလတ်ရေ… … မင်း နဲ့ ငါ၊ ရေးသူ – ပုသိမ် မောင်စိမ်းသူ

Read @ http://www.moemaka.blogspot.com.au/2013/08/pathein-maung-sein-thu-min-min-latt-2.html

၎) ယုဇနပင်နဲ့ ဖဲကြိုးဝါ အမှတ်တရ၊ ရေးသူ – ပုသိမ်မောင်စိမ်းသူ၊ ယမင်းကြိုင် (နေနေလှိုင်းဇင်)

Read @ http://moemaka.blogspot.com.au/2013/08/remembering-min-min-latt-moemaka.html

၅) မင်းမင်းလတ်ကတော့ မရှိတော့ဘူး၊ ရေးသူ – ဆူဒိုနင်

Read @ http://www.moemaka.blogspot.com.au/2013/08/sydonym-no-min-min-latt.html

၆) လွမ်းသူရဲ့စာ၊ ရေးသူ – ယမင်းကြိုင် (နေနေလှိုင်းဇင်)

Read @ http://www.moemaka.blogspot.com.au/2013/08/ya-min-kyaing-min-min-latt.html

၇) မင်းမင်းလတ် (သို့မဟုတ်) အနာဂတ် ကို ကြိုသွားချင်တဲ့ လူ၊ ရေးသူ – စိုးသိဏ်း

Read @ http://www.moemaka.blogspot.com.au/2013/08/soe-thane-min-min-latt.html

၈) မင်းမင်းလတ် အား သတိရခြင်း မှတ်စု၊ ရေးသူ – မောင်သစ်မင်း (၁၉၅၃-၂၀၁၁)

Read @ http://www.moemaka.blogspot.com.au/2013/08/maung-thit-min-min-min-latt.html

♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

မိုးမခ မှတ်ချက် – မင်းမင်းလတ် အမှတ်တရ အစီအစဉ် အတွက် စကား ချီးမြှင့်ပေးခဲ့သည့် ဆရာ သုခမိန်လှိုင် (သိဒ္ဓတ္ထလှိုင်) အား အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်း ပြုပါသည်။

ယမန်နှစ်က တက်ဆက်ခဲ့သည့် အစီအစဉ် များ အတွက်လည်း စာမူချီးမြှင့်ပေးခဲ့သူ၊ ဝိုင်းဝန်းခဲ့သူ အန်တီ ယမင်းကြိုင်၊ ဆရာ ဦးစိုးသိဏ်း အစရှိသည့် ပုဂ္ဂိုလ်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းလည်း မိုးမခ က မှတ်တမ်းတင်ပါသည်။  ယခု ၂၀၁၄ အစီအစဉ် (၁) ခေါင်းစီး ဓာတ်ပုံ / ဆရာ ပေါ်ဦးသက် ပန်းချီ ပုံ ကို အလင်္ကာ ဂီတဂျာနယ်၊ အတွဲ-၃၊ အမှတ်-၇၊ ဧပြီ ၁၉၉၈ ကနေ ယူပါသည်။  ပုံကို ဦးလူသာကျော် (Lutha Kyaw) မင်းမင်းလတ် Min Min Latt Facebook Fans Group: https://www.facebook.com/groups/537380066285627/ တွင် မျှဝေထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts