Yan Naung (Bo Ta Htaung) သတင်းဆောင်းပါး

ရန်နောင် (ဗိုလ်တထောင်) – အမြှုပ်တက်တာထက် ပိုကြာပါစေ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ရန်နောင် (ဗိုလ်တထောင်) – အမြှုပ်တက်တာထက် ပိုကြာပါစေ
သြဂုတ် ၁၈၊ ၂၀၁၄
 

ဓာတ်ပုံ – ရန်နောင် (ဗိုလ်တထောင်)

စက်တင်ဘာလရောက်ရင် လမ်းဘေးဈေးသည်များအား လမ်းမများပေါ်တွင် ဈေးရောင်းချခွင့်မပြုတော့ဟု ကြားသိရသည်။ လမ်းလျှောက်သူ အများပြည်သူ အနှောင့်အယှက်မဖြစ်စေရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း စည်ပင်သာယာမှ ကြိုတင်ကြေငြာထားသည်။

သို့သော်လည်း ဟိုအရင်၊ ဟိုအရင်တုန်းကထုတ်ပြန်ဖူးသော အမိန့်များ၊ စည်းကမ်းများလိုပင် ခုအမိန့်ထုတ်၊ ခုရောင်းခိုင်းနှင့် ဒုံရင်း ဒုံရင်း ဖြစ်မှာ မြင်ယောင်နေမိပါသည်။

ကားများပေါ်မှ ကွမ်းတံထွေးမထွေးရ စာများကပ်ထားသော်လည်း ကပ်ထားသောစာကို မဖတ်တတ်သည့်အလား ကားမောင်းသူရော၊ စပါယ်ယာရော၊ ခရီးသည်ပါမကျန် တပျစ်ပျစ်နှင့် ထွေးနေကြသည်မှာ လွန်စွာ အရုပ်ဆိုးအကျည်းတန်လှပေသည်။ ထိုအမိန့်စတင်ထုတ် သော အချိန်တွင်သာ ခဏတာမျှလိုက်နာခဲ့သော်လည်း ယခုအခါတွင်တော့လည်း ထုံးစံအတိုင်း ထွေးမြဲ ထွေးဆဲပင် ဖြစ်သည်။

အမိန့်အာဏာဟူသမျှ ဆန့်ကျင်ကြ ဟူသည့်စကားလုံးနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်သည်ဟုတော့ စကားမကပ်စေလိုပါ။ ကျွန် တော်တို့ ကိုရွှေမြန်မာများသည် စည်းကမ်းနှင့်ဥပဒေကို လိုက်လျောညီစွာ အသုံးမပြုတတ်ကြသေးချေ။ ကွမ်းမစားရ၊ ကွမ်းတံတွေး မထွေးရ ဟု ရုံးအချို့တွင် စာကပ်ကာအမိန့်ထုတ်ထားသော်လည်း ကွမ်းယာထုတ်များစွာ ရုံးတွင်းသို့ ပါဆယ်ပို့နေရပြီး ရုံးအနီးပတ်ဝန်းကျင်၊ ဆေး ရုံအနီးပတ်ဝန်းကျင်၊ ကျောင်းအနီးပတ်ဝန်းကျင်တွင် ကွမ်းယာဆိုင်များ လက်ညှိုးထိုးမလွှဲ ရှိနေသည်မှာ အထင်ကရပင်ဖြစ်သည်။

မြန်မာလူမျိုးများ၏ စိတ်သည် ဆိုဒါပုလင်းဖွင့်လိုက်သည့်အခါ တက်လာသည့်အမြှုပ်ကမှ ကြာချင်ကြာပါလိမ့်မည်။ သူတို့၏ စည်းကမ်း သေဝပ်မှုစိတ်ဓာတ်ကတော့ အမြှုပ်တက်သလောက်တောင်မကြာပါချေ။ လမ်းမပေါ် အမှိုက်မပစ်ရ၊ ဈေးမရောင်းရ၊ ကွမ်းတံတွေးမထွေးရ၊ အစရှိသော စည်းကမ်းများကို ပြုပြင်၍ကား မရနိုင်သေး။

မျဉ်းကျားက လမ်းဖြတ်ကူးသူများအား ဖမ်းဆီးသောအစီအစဉ်သည်လည်း မရှိတော့သောအခါ လမ်းကူးသူများလည်း ကူးချင်တိုင်း ကူး ကြလေတော့သည်။ အခုလည်း လာပြန်ပါပြီ။ ဈေးသည်တွေ လမ်းဘေးမှာ၊ လမ်းပေါ်မှာ ဈေးရောင်းချခြင်းမပြုရန် ရှေ့လမှစတင်၍ ဖမ်း ဆီးအရေးယူမည် ဆိုပြန်လာပါချေသည်။ မြင်တွေ့ဘူးသည့်အတိုင်း ပြောပြ၊ ဖောက်သည်ချပြရမည်ဆိုလျှင်တော့ ဖမ်းဆီးသည့်အဖွဲ့ များသည် ဈေးသည်များဆီမှ ရောင်းချသောပစ္စည်းများကိုမယူသော်လည်း ပိုက်ဆံယူကာ ရောင်းချခိုင်းနေသည်ကိုတော့ တွေ့မြင်ဖူး ခဲ့ပါသည်။ ဈေးရောင်းချသော ထိုင်ခုံများ၊ ဗန်းများအား ကားကြီးပေါ်တင်သွားသည်ကို တွေ့ဖူးခဲ့သည်။ ဟင်းရည်ပူအိုးများအားသွန်ပစ်၍ သယ်ဆောင်သွားခြင်းများကိုလည်း မြင်တွေ့ဖူးသည်။

လမ်းလျှောက်သူ အများပြည်သူအတွက် စေတနာဖြင့်လုပ်ဆောင်ပေးခြင်းကိုတော့ လက်ခံပါသည်။ သို့သော်လည်း ကောက်ရိုးမီးလို ဟုန်း ခနဲထတောက်ပြီး ဆိုဒါပုလင်း အမြှုပ်ထရုံလောက်ဆိုရင်တော့ မလုပ်ပဲနဲ့ ပိုနေမြဲ ကျားနေမြဲ နေလိုက်တာကောင်းမည်လို့သာ ဆိုလိုက် ချင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts