နိုင်ငံတကာရေးရာ

တက္ကဆပ်၊ အမာရီလိုမြို့၊ ၈၈ မျိုးဆက်များ ၈ လေးလုံး အထိမ်းအမှတ် အာဇာနည်များ ရည်မှန်း၍ ဆွမ်းဆက်ကပ် လှူဒါန်း

တက္ကဆပ်၊ အမာရီလိုမြို့၊ ၈၈ မျိုးဆက်များ ၈ လေးလုံး အထိမ်းအမှတ် အာဇာနည်များ ရည်မှန်း၍ ဆွမ်းဆက်ကပ် လှူဒါန်း

မိုးမခ၊ သြဂုတ် ၁၄၊ ၂၀၁၄

 

အမိမြန်မာပြည် ၏ သမိုင်းအလှည့်အပြောင်းအတွက်  မေ့ဖျောက်၍ မဖြစ်နိုင်သော နေ့များစွာထဲမှာ တစ်ရက် အပါအဝင်ဖြစ်သည့် ၈၈၈၈ နေ့  အထိမ်းအမှတ် ဆွမ်းကပ် လှူဒါန်းပြီး  ဒီမိုကရေစီ ရရှိရေးအတွက်  အသက်ပေးတိုက်ပွဲဝင် သွားကြကုန်သော အာဇာနည် ရဲဘော် ရဲဘက် အပေါင်းတို့အား အမျှပေးဝေခြင်း အခမ်းနားကို  အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာတွင် ၈၈၈၈ နှစ်ပတ်လည်နေ့ဖြစ်သော သြဂုတ်လ ၈ ရက် သောကြာနေ့တွင် ကျင်းပခဲ့ပါသည်

 

အဆိုပါ ဆွမ်းကပ်အမျှဝေခြင်း အထိမ်းမှတ် လှူဒါန်းပွဲ အစီစဉ်ကို ကိုညီညီလွင် (ခ)ညီသူရ မှ တာဝန်ယူ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပြီး  ဒီမိုကရေစီ ရရှိရေးအတွက် စွမ်းနိုင်သည့်ဘက်မှ ပေးဆပ် ကြိုးစားပြီး ကြိုးစားဆဲ ကြိုးစားလတ္တံ ဖြစ်ကုန်သော အမိမြန်မာပြည်ကြီး ငြိမ်းချမ်းသာယာ ရေး နှင့် စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကားလာရေး အတွက် လေးလေးနက်နက် စိတ်ပါဝင်စားကြကုန်ကသော လုပ်ဖေါ်ကိုင်ဖက် ရဲဘော်ရဲဘက်များစွာတို့က တက်ရောက်အားဖြည့်ပါဝင် ပြီး ကုသိုလ်ပြုခဲ့ကြ အမျှပေးဝေခဲ့ကြပါသည်

 

ထို့နောက် တက်ရောက်လာကြသော စေတနာရှင်များက ၈၈၈၈ အထိမ်းအမှတ် ကုသိုလ်တစ်ရပ်အနေဖြင့် တတ်စွမ်းသမျှ နဝကမ္မတို့ကို ဇေယျသုခ ဓမ္မရိပ်သာ ဆရာတော်ထံ နဝကမ္မအနေဖြင့်  ဆက်ကပ်လှူဒါန်းပြီး စုပေါင်းရေစက်ချ အမျှပေးဝေခဲ့ကြပါသည် ထို့နောက်  မြန်မာပြည်အဝှမ်း ငြိမ်းချမ်းသာယာစေဖို့ နှင့် စစ်မှန်သော ဒီမိုကရေစီစနစ် အမြန်ဆုံးထွန်းကား လာပါစေကြောင်း ဆုတောင်းမေတ္တာပို့ကြပြီး အထိမ်းအမှတ် ဆွမ်းကပ်ခြင်း အခမ်းနားကို အောင်မြင်စွာ နိဂုံးချုပ်ခဲ့ကြပါသည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts