ကဗျာ ဆောင်းလူ

ဆောင်းလူ – ဇင်းမယ်

ဆောင်းလူ – ဇင်းမယ်
သြဂုတ် ၁၂၊ ၂၀၁၄

 

 
ဒီအရပ်မှာ …
အရှေ့အနောက် ပေါင်းစုံ … သိုးဆောင်းစကားတွေနဲ့
ဘာသာစကားတွေ ထုံကူးနေတယ် …။
ရှန်ပိန်ဖြူ .. ၀ိုင်နီနဲ့ …
ကော့တေးခ် … တစက်စက်ကျနေတဲ့အရပ် …။

ဒီအရပ်က နိုက်ကလပ်မယ်တွေဟာ …
ငါတို့အရပ်က ဘာသာစကားကို တိုးတိုးတိတ်တိတ် ကျိတ်ကျိတ်ပြောတယ် …။

ဒီအရပ်မှာ …
နှိပ်ရင်း ခံရင်း …
တုဏှိဘာဝေဘ၀နဲ့ .. ညအလုပ်တွေ ကြီးစိုးနေတယ် …။

ဒီအရပ်မှာ ..
ရင်ဘတ်အတုတွေနဲ့ ငြိမ်းချမ်းရေး စကားဝိုင်းတွေ ခဏ ခဏ ရှိတယ် …။

ဒီအရပ်မှာ …
အလုပ်များများမတတ်ပေမယ့် …ညဏ်များတတ်မှ ဘ၀လှတယ် …။

ဒီအရပ်မှာ …
ရေပေါ်ဆီ ..လူ့အသိုင်းအ၀ိုင်းတွေ ကြီးစိုးနေတယ် …။

ဒီအရပ်ဟာ
တကယ်တော့
ကောင်းတလှည့် ..ဆိုးတလှည့်မှာ ..ခွက်ချင်းတိုက်တိုင်းမှာ ..
လုံးချာလည် … ယစ်မောနေတတ်တဲ့အရပ်…။

၁၁း ၀၉ နာရီ

သြဂတ်စ် ၇၊ ၂၀၁၄

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts