ကဗျာ

မောင်စိုးချိန် – တောရိုင်းနည်းပရိယာယ်

မောင်စိုးချိန် –  တောရိုင်းနည်းပရိယာယ်
သြဂုတ် ၁၂၊ ၂၀၁၄

 

(ပထမမြင်ကွင်း)
မြက်တောထဲ
ကျားငစဉ်းလဲအုပ်
တလှုပ်လှုပ်
ကျွှဲရိုင်းအုပ်ဆီ
ဦးတည်။

ကျားများ
ဝိုင်းပတ်ထား
ကျွှဲတကောင်ထဲ
ခွဲထုတ်
ကျားအုပ်ဝိုင်းညှပ်
သတ်ဖြတ်
ကျွှဲဇာတ်
စုတ်တသပ်သပ်။

(ဒုတိယမြင်ကွင်း)
တောမြိုင်ထပ်
အိုင်စပ်
တံလျှပ်ထနေ။

ကျွှဲသားစားချင်
ခြင်္သေ့အုပ်
ငြိမ်ကုတ်
မဆုတ်တမ်း
ဥာဏ်စမ်း။

ကျွှဲရိုင်းများ
ဝိုင်းထား
အင်အားကြီးပေ့။

သင်းကွဲခြင်္သေ့
သေနေ့
ရက်စေ့သလား။

ကျွှဲချိုဖျား
သွေးများလူးပေ
သေပွဲဝင်
ခြင်္သေ့
မြင်တွေ့သူပင်
ရွှေရင်ပြုံး။

ရုပ်မြင်သံကြား
ဖန်သားပြင်
မြင်ကွင်းနှစ်ခု တွေ့လိုက်တယ်။

မောင်စိုးချိန်
ဇူလိုင်လ ၁၀၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts