ကဗျာ
ရဲရင့်သက်ဇွဲ – ကမ္ဘာလည်း မကြေ ဥဒါန်းလည်းမကျေ ….
ရဲရင့်သက်ဇွဲ – ကမ္ဘာလည်း မကြေ ဥဒါန်းလည်းမကျေ ….
သြဂုတ် ၁၁၊ ၂၀၁၄
illustration Lisa Strazza
ရွှေရောင်နေ့ ရက်များ
ဘာမှမစဉ်းစားနဲ့ 
အကုန်သာမော့ပြစ်လိုက်
အကျေအလည် ဆွေးနွေးငြင်းခုန်မှုများ
ကမ္ဘာဦးမှသည် ကမ္ဘာပျက်သည့်အထိ
လွပ်လပ်စွာကွဲလွဲခွင့်ရှိသည်ဆိုသည့်
အကြောင်းပြချက်တခုတည်းနှင့်
ကမ္ဘာပျက်ခဲ့ရပုံများ ၂၆နှစ်ပြည့်ခဲ့ပြီ…
တနှစ်ထက်တနှစ် ပိုပြီး
ခံစားမှုများ ပြင်းထန်လာခဲ့ကြ
ကတိက၀တ်များ  ပိုမို အိုမင်းရွတ်တွလာကျ
ဝတ္တရားရှိသည်ဆိုစကား
ဘယ်သူကများခင်ဗျားတို့  ပုခုံးပေါ်တင်ပေးလိုက်တာလဲ
စိတ်မပါတော့ရင်ဘေးထွက်နေလိုက်
နောက်ဆုံးထွက်သက်ရောက်နေသည့်တိုင်
စိတ်ပုတီးတကုံး နဲ့  တာဝန်ကျေနိုင်ကြသေးတာပဲ
မနေ့ က လုပ်ရပ်ဟာ
ဒီကနေ့  သမိုင်းဖြစ်သွား
ရောက်လာမယ့် မနက်ဖြန်တိုင်းကို
ရိုင်းစိုင်းမှုဇက်ကြိုါ်းနဲ့ ရုပ်ဆိုးအောင်မလုပ်ကြနဲ့ …..
ရှစ်လေးလုံးမှာ ကျဆုံးသူများ
ဘ၀ အသက်ပေးသွားကြသူများသာ
ငါ့ရင်မှာ တည်ထား အုတ်ခွက်ဘုရားများသာဖြစ်တယ်
မိုးပေါ်ထောင်မပြစ်တဲ့ သေနပ်များရဲ့ရာဇ၀င်
လမ်းပေါ်က ပိုင်ရှင်မဲ့ဖိနပ်များက
အစုံအလင်ပြန်ပြောင်းပြောပြနေကြတယ်…..
ကြားဘူးတဲ့ လူမဆန်လိုက်ကြတာဆိုစကား
အဓိပ္ပါယ်နဲ့ တကွ တွေ့ မြင်ခွင့်ရလိုက်တဲ့နေ့ များ
ကမ္ဘာလည်း မကြေ ဥဒါန်းလည်းမကျေ ….
ကမ္ဘာလည်း မကြေ ဥဒါန်းလည်းမကျေ ….
ကမ္ဘာလည်း မကြေ ဥဒါန်းလည်းမကျေ ……
ရှစ်လေးလုံးရဲ့  သွေးစွန်းဝိညာဉ်တွေ …….
ရဲရင့်သက်ဇွဲ
၀၉၀၈၂၀၁၄
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts