သြဂုတ် ၉၊ ၂၀၁၄
မကြာမကြာ ခဏ
ငါကိုယ်က ငြိမ်ငြိမ်လေးနေရ
လှုပ်လို့မှ မရ
အဲဒါကိုက အမှတ်တရ။
“နိုင်ငံလွတ်မြောက်ရေးအတွက်
ကြိုးပမ်းခဲ့တဲ့ ပြည်သူတွေ
အို…. အို….. အမျိုးသားကောင်းတွေ
အို…. အို….. အလေးပြုပါတယ်လေ
အို….အို……စိတ်မလျှော့နဲ့လေ
အို….အို….ဒို့ဆက်လုပ်မယ်လေ”
၉၀ နှစ်ဦး
တို့ရစ်မူးခဲ့ကြတဲ့ပွဲ
ဒီလိုသီချင်းတွေနဲ့
ပြည်သူတွေချဉ်ခြင်း
တို့ဖြေရှင်းခဲ့ရပေါ့။
ရန်သူရဲ့အညစ်အခင်း
တို့ရဲ့
ပျိုမြစ်ခြင်းတွေလည်း ဆုံးခဲ့တယ်
သံဃာထောင်ချ
သာသနာ အမှောင်ကျခဲ့တာလည်းရှိတယ်
ဂန္ဒီကြေညာစာတမ်း
သာကီနွယ်တွေ သေရွာမြန်းခဲ့ရတာလည်းရှိတယ်။
ဒီလိုနဲ့ဆက်ရုန်း
ပြည်သူတွေ တအုန်းအုန်း
လုံးလုံးထကြွ
မရမက
ဒီလို သူတို့ဆန္ဒ
ငါတို့ ဝေမှ ဖြေမှ။
မာနယ်ပလောဆိုတဲ့အရပ်
သူရဲကောင်းတွေ ရောနှော ယှက်စပ်
ဒါ
ပြည်သူတွေအတွက်ဖြစ်မယ်။
ဒီလိုမြတ်နိုး
ငါတို့ ကိုးကွယ်ခဲ့ကြတယ်
ဒါပေမယ့် ထင်သလောက်မပေါက်
လူတွေ စည်းဖောက်ခဲ့ကြတာကြောင့်
………။
တိုက်ကြ
ခိုက်ကြ
မိုက်ကြတာနဲ့ပဲ
အလံတွေကွဲ
အသံတွေဝဲ
အော်
ဗလံတွေ ဗိုလ်စွဲသွားကြတယ်။
တနေ့တခါပေါ့လေ
အမှန်အရ
ပြန် ပြကြရမယ်ဆိုရင်တော့
ငါ့မှာ ဘာမှမရှိ
ဒီပြည်ကိုချစ်တာပဲသိတယ်။
ဒါကြောင့်
မကြာမကြာ ခဏ
ငါကိုယ်က ငြိမ်ငြိမ်လေးနေရ
လှုပ်လို့မှမရ
အဲဒါကိုက အမှတ်တရ။
(အော် ၈၈ ကိုသတိတရ)
သက်ခိုင်
(၁း၄၄)နာရီ
(၉.၈.၂၀၁၄)