Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – ကလီကမာ ပီအာရ် မလုပ်နဲ့ ဟု မြို့တော်ခန်းမရှေ့ တွင် ဆန္ဒထုတ်ဖော်

 ရန်နောင်(ဗိုလ်တထောင်) ကလီကမာ ပီအာရ် မလုပ်နဲ့ ဟု မြို့တော်ခန်းမရှေ့ တွင် ဆန္ဒထုတ်ဖော်
သြဂုတ် ၇၊ ၂၀၁၄

ရှေ့ဆက်လုပ်မည့် ရွေးကောက်ပွဲ များတွင် အချိုးကျကိုယ်စားပြု ပီအာရ်စနစ် အသုံးပြု မည်ကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ဆန္ဒထုတ်ဖော်ပွဲကို ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ယက်မှဦးဆောင်၍  ရန်ကုန်မြို့လည် မြို့တော်ခန်းမရှေ့တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ (၅)ရက်နေ့  နေ့လည်(၁) နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါဆန္ဒဖော်ထုတ်သူများသည်  မြို့တော်ခန်းမရှေ့မှ စတင်၍ လူစုကာ မဟာဗန္ဓုလလမ်းအတိုင်း ချီတက်၍ ပန်းဆိုးတန်းလမ်း၊ထိုမှတဆင့် ကုန်သည်လမ်း၊ဆူးလေဘုရားလမ်းအတိုင်း ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

ဆန္ဒပြသူများသည် ပီအာရ်စနစ်အလိုမရှိ၊ကလီကမာ ပီအာရ်မလုပ်နဲ့ ၊ အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲမည့် ပီအာရ်အကြံ ဒို့လက်မခံ၊ လွှတ်တော်တင်သည့် ပီအာရ်စနစ် ချက်ချင်းရပ်၊ တိုင်းရင်းသား ပြည်သူတရပ်လုံး သဘောမတူသည့် ပီအာရ် စနစ်ဆန့်ကျင်ကြ စသောကြွေးကြော်သံများဖြင့် တိုင်တည်အော်ဟစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တိုင်းပြည်မှာ PR စနစ်ကြောင့် လွှတ်တော်အတွင်း အာဏာလွန်ဆွဲပွဲဖြစ်ကာ အစိုးရအဖွဲ့မှာ ညွန့်ပေါင်းအစိုးရ ဖြစ်လာနိုင်ပြီး အစိုးရ အဖွဲ့အတွင်း ၊လွှတ်တော်အတွင်း ၊နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်ပေါ်လာ၍ တရားဥပဒေစိုးမိုးရေး ထိခိုက်ပျက်စီးပြီး စစ်အာဏာရှင်စနစ် ကမ္ဘာဆုံးတိုင် အုတ်မြစ်ခိုင်မာစွာ ဖြစ်ပေါ်လာနိုင်သည်ကို သုံးသပ်ပြီး ပြည်သူလူထုအနေဖြင့် စိုးရိမ်သောကများရရှိနိုင်သောကြောင့် PR စနစ်ကို ဆန့်ကျင်ကန့်ကွက်၍ ပြင်းပြင်းထန်ထန် ရှုံ့ချကြောင်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ယက်မှ ကိုမြတ်ကျော် ကပြောကြားခဲ့သည်။

ယခုဆန္ဒထုတ်ဖော်ပွဲကဲ့သို့ ဆန္ဒပြပွဲကို မင်္ဂလာတောင်ညွန့် မြို့နယ်တွင်လည်းသြဂုတ်လ (၉)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းထပ်မံသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts