ကဗျာ ဆောင်းလူ

ဆောင်းလူ – အပြာကား

ဆောင်းလူ – အပြာကား
သြဂုတ် ၆၊ ၂၀၁၄
 
လူတွေက ပြောကြမယ်
ဒါသိပ်ညစ်ပတ်တယ်လို့
ဘာထူးလဲ …သူတို့လည်း ..။

ကလေးကအစ
ခွေးက အစ
ဒီနိုင်ငံမှာ ….
အကျွမ်းဝင်ပြီးသား … သူတို့ဘာသာဗေဒနဲ့သိတဲ့ … အပြာကား …။

အရောင်ကို ကြိုက်သည်ပဲ ဆိုဆို
အသွေးကို ကြိုက်သည်ပဲ ပြောပြော
သူတို့ဆိုတဲ့ ငြိမ်းချမ်းရေး
ဒါ … ငါတို့ ဆိုမယ့် အပြာကား …။

တကယ့်ကို အရောင့်ရင့်ရင့်နဲံ
မှိုတက်နေတဲ့ … အပြာကား ….
မုသားအပြည့်နဲ့ … အပြာကား …
အညှီရနံ့အပြည့်နဲ့ …အပြာကား …။

၁၁း ၃၉ မိနစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts