Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – တေးရေး ၊ တေးဆို ယုန်လေး တစ်ကိုယ်တော်စင်မြင့် ဖျော်ဖြေပွဲပြုလုပ်မည်

ရန်နောင်(ဗိုလ်တထောင်) – တေးရေး ၊ တေးဆို ယုန်လေး တစ်ကိုယ်တော်စင်မြင့် ဖျော်ဖြေပွဲပြုလုပ်မည်

သြဂုတ် ၃၊ ၂၀၁၄

တေးရေး၊တေးဆို ယုန်လေးသည် ဒုတိယအကြီမ် တကိုယ်တော်ရှိုးကို Gangsta Day အမည်ဖြင့်ပြုလုပ်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြစ်အတွင်းရှိ အပျော်စီးသင်္ဘော ပေါ်တွင် ၂၀၁၄ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ယုန်လေးတစ်ကိုယ်တော်ရှိုးတွင် သူငယ်ချင်းအဆိုတော်များဖြစ်ကြသောဒီယံ၊ ဆိုတေး၊ ဟဲလေး၊ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်၊ ဂျင်းနီ ၊နှင်းထွဋ်ဆွေ၊ ရတနာမိုင် အစရှိသောသူငယ်ချင်းများက ဝိုင်း၍ ကူညီသီဆိုပေးကြမည်ဖြစ်သည်။

 

ကျွန်တော့်ရဲ့ ရှိုးမှာ အများအံ့အားသင့်စရာတွေ၊မထင်မှတ်ထားတာတွေလုပ်ပြမှာပါ၊ ပထမအကြီမ်ကလို ကားတွေ၊ ဆိုင်ကယ်တွေ တင်ထားမျိုးထက်ကို ထူးခြားအောင် လုပ်ပြမှာပါဟု ပြောကြားခဲ့ပါသည်။

ယုန်လေး၏ စာနယ်ဇင်းရှင်းလင်းပွဲတွင် အခမ်းအနားမှူး အဖြစ် အောင်သျှံဝိုင်း(ကျိုက်မရော)က ဆောင်ရွက်ခဲ့ပြီး ဘက်ကက်အားဖြည့်အချိုရည် မှ လည်းပံ့ပိုးကူညီထားသည်။

 

 

 

 

ဝင်ကြေးမှာ ၆၅၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် သြဂုတ်လ (၁၇)ရက်တနင်္ဂနွေနေ့တွင် ပြုလုပ်မည်ဖြစ်သည်။မြို့ထဲတွင် ကြော်ငြာထားသော ဘုတ်များတွင် ၁၆ ရက်ဖြစ်နေသည်ကိုလည်း ပြင်ဆင်ပါကြောင်းထပ်လောင်းပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts