ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “ခင်ဗျား အသံစုတ်ကြီးကို လွှင့်ပစ်လိုက်ပါ”

ဆောင်းယွန်းလ – “ခင်ဗျား အသံစုတ်ကြီးကို လွှင့်ပစ်လိုက်ပါ”

ဇူလိုင် ၃၁၊ ၂၀၁၄

ခေတ်ကို

ခိုးခိုးခစ်ခစ်ရယ်ပြတတ်ဖို့

မျက်နှာဖုံးတချပ် သပ်သပ်ဆောင်ထားရမှာလား

သက်သက်လွတ်စားဖို့ ဈေးကြီးလို့တဲ့

ရရာအသားကို စားနေတာက ဇာတ်တူသား

မှန်မှန်ပြောတိုင်း

ကိုယ့်ဆီပြန်မှန်တဲ့ ကျည်ဆံတွေက

အရောင်းသွက်ဈေးကွက်ထဲက ဈေးအပေါဆုံး တွင်းထွက်တဲ့

ရာဇ၀င်များရဲ့ သတို့သမီးကို

ရှားပါးစာသားတွေနဲ့ ကိုငှက်ဆိုခဲ့တုန်းကတော့

သိပ်နားထောင်လို့ကောင်းတာပဲ

နားထောင်လို့မကောင်းတာက

မကြာခဏကြားနေကျ

ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးအကြောင်း

အဟောင်းတွေကို

အဟောင်းဆိုင်ကတောင် လက်မခံဘူး

အသစ်အသစ်ဆိုပြီး

ပုဆိုးနဲ့တိုက်ပုံလဲဝတ်ပြနေတိုင်းလည်း

အဲဒီ အမှောင်ထဲမှာတော့ အားလုံးဟာ အတူတူပဲ

လွှင့်….ပစ်လိုက်

ကိုယ်ကိုယ်တိုင်ဖြစ်နေတဲ့

ခင်ဗျားအမှိုက်ကို

ပြီးရင် အမှိုက်ပုံးထဲ ငြိမ်ငြိမ်လေးလဲလျောင်းနေလိုက်ပါ…။
www.flickr.com640 × 429Search by image

Listen to the voiceless. 8. Newer Older. Subway graffiti, Central Milton Keynes.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts