Yan Naung (Bo Ta Htaung) စာအုပ်စင် ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်() – နှင်းအဉ္ဇလီ၏ မြို့ဟောင်းထဲမှာ စာအုပ်မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်() – နှင်းအဉ္ဇလီ၏ မြို့ဟောင်းထဲမှာ စာအုပ်မိတ်ဆက်
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၃၁၊ ၂၀၁၄
စာရေးဆရာမ နှင်းအဉ္ဇလီ ၏ “မြို့ဟောင်းထဲမှာ” ဝတ္ထုစာအုပ်မိတ်ဆက်ပွဲ ကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းအောက်လမ်းရှိ ဟုမ်းခန်းမ၌ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ နေ့လည် ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ အခမ်းအနားမှူး စူးခက်မင်းမှ ဆရာမ နှင်းအဉ္ဇလီ နှင့် ပရိတ်သတ်အားမိတ်ဆက်ပေးပြီး ဆရာမ၏ အတ္ထုပ္ပတ္တိအား ပြောပြပါသည်။ ဆရာမ က မြို့ဟောင်းထဲမှာ ဝတ္ထုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။

ဆရာမ နှင်းအဉ္ဇလီ၏ မြို့ဟောင်းထဲမှာ ဝတ္ထုကို ဘုန်းရောင်စာပေမှ ဖြန့်ချိပြီး ဦးမောင်မောင်မြင့်အေးမှ ထုတ်ဝေကာ တန်ဖိုး ၁၅၀၀ ကျပ်ဖြင့်တနိုင်ငံလုံးသို့ ဖြန့်ချိလိုက်ပြီဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts