ရသဆောင်းပါးစုံ ရေခြားမြေခြား မြန်မာများ

ပန်းချီသန်းဌေးမောင် – ပီတိဆံသဆိုင်

ပန်းချီသန်းဌေးမောင် – ပီတိဆံသဆိုင်
သူ့ဖေစ့်ဘွတ်၊ ဇူလိုင် ၂၈၊ ၂၀၁၄

လွန်ခဲသော့နှစ်ပေါင်းတစ်ရာကျော်က ခေတ်ဟောင်းအိမ်အို်ကြီးတစ်လုံး၏ မြေအောက်ခန်းတစ်နေရာတွင် ဖြစ်သည်၊ ထုံးသာသာအဖြူရောင်နံရံဆေးတမျိုးသုတ်ထားသည် စိုထိုင်းထိုင်းပွစိစိ ကွာတစ်ချို့ပဲ့တစ်ချို့ဘိလပ်မြေအသစ်နှင့် ဖာထေးထားသည့်နေများလည်းရှိသည် ကြမ်းခင်းသည်လည်းထို့နည်းတူ ရေညှိရောင်ခပ်ထန့်ထန့်ကွက်နေသည့်နေရာလည်းရှိသည်။ မျက်နှာကျက်တွင်လျှပ်စစ်ပိုက်လိုင်းများ ဝါယာကြိုးများ၊ ရေပိုက်လိုင်းများနှင့် ကြမ်းခင်းအောက်ခံသစ်သားတန်းကြီးများသည် ထိန်လင်းနေသောမီးရောင်၏အထောက်အကူဖြင့်အလင်းအမှောင်တို့အားပြိုင်ကာ ကဗျာဓါတ်ပါသောပန်းချီကားတချပ်အလား ကြည့်၍ပင်ကောင်းနေသေးတော့သည်။

ကျနော်ရောက်သွားချိန်မှာတော့ ဆံသဆရာက အစိမ်းရောင်အဝတ်စကြီးဖြင့် သစ်သားထိုင်ခုံပေါ်မှလူကိုလွမ်းခြုံရင်း နောက်ကျောဘက် ဂုတ်ပိုးတဲ့တဲနေ့ရာတွင် သံကလစ်ငယ်တခုဖြင့်စု၍ ညှပ်လိုက်သည်၊ ပြီးနောက် အဖြူရောင်လျှပ်စစ် စက်ကတ်ကြေးဖြင့်ဆံပင်ညှပ်ခြင်းအမှုကိုစတင်လိုက်သည်။

စနေနေ့အလုပ်နားရက်တွင် သူတို့ချိန်းဆိုကာ ဆံပင်ညှပ်ကြခြင်းဖြစ်သည်။ 
ဆံသဆရာမှာရန်ကုန်မြို့ _ _ လမ်းနာမည်ကျော်ဆိုင်တစ်ဆိုင်တွင် ကြေးစားညှပ်ခဲ့သူဖြစ်သည် ။
ယခုဒီနေရာလေးမှာတော့ ဝါသနာအလျှောက် အံဆွဲတွေအများကြီးပါသောမှန်တင်ခုံအဟောင်းလေးနှင့် ခေတ်မှီဆံသပစ္စည်းများဝယ်ယူစုဆောင်းကာ ကိုယ်ပိုင်အားလပ်ချိန်လေးတွင် သူငယ်ချင်း
လုပ်ဖေါ်ကိုင်ဖက်များကို ချိန်းဆို၍ ဆံပင်ညှပ်ပေးလေ့ရှိသူဖြစ်သည်။
လုပ်ငန်းခွင်ထဲမှ ကိစ္စများ ၊လူမှုရေး ၊ကျန်းမာရေး ၊ အသင်းတော်ကိစ္စများအချီအချပြောကြဆိုရင်း
အပျော်ထမ်းဆံသဆရာ၏ ကြွမ်းကျင်သွက်လက်စွာဆံပင်ညှပ်နေပုံကို ကျနော်ခွင့်တောင်းကာဓါတ်ပုံတွေရိုက်ခဲ့သည်။ ငွေကြေးမပါ ခင်မင်မှုစေတနာသက်သက် ရိုးသားသန့်စင်သောအပြုံးမျက်နှာတို့နှင့် ထိုမြင်ကွင်းကိုကြည့်ရင်း အပျော်ထမ်းဆံသဆရာမှာ ကချင်အမျိုးသားတဦးဖြစ်ကြောင်း ဆံပင်လာညှပ်သူမှာ ချင်အမျိုးသားတဦးဖြစ်ကြောင်းသိထားနှင့်သူကျနော်ကတော့ စစ်အာဏာရှင်တို့ကြောင့် မငြိမ်းမချမ်းနှိုင်သောအမိမြန်မာပြည်ကမောက်ကမအရေးများခေတ္တမေ့ပျောက်ကာ ကမ္ဘာကျော်ငြိမ်းချမ်းရေးပန်းချီကားကြီးတချပ်ကိုကြည့်နေရသလို ထင်ယောင်မြင်လာမိရင်း စိတ်ကြည်နူးမှုရခဲ့ပါလေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts