ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – ဓားတောင်များ မီးပင်လယ်များ နှင့် ကြာပန်းတပွင့်

ဓားတောင်များ မီးပင်လယ်များ နှင့် ကြာပန်းတပွင့်
မင်းညွန့်လှိုင်၊ ဇူလိုင် ၁၈၊ ၂၀၁၄

သူ့မျက်နှာမှန်လိုကြည့်နေတဲ့

သူ့အသည်းစွဲ လူထုကြီး ။

သူ့ပစ်မိန့်ကိုစောင့်နေတဲ့

ရရင်ရ မရရင်ချ တပ်မတော် ။

သူပဲ့ကိုင်မောင်းနှင်နေတဲ့

ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် ။

သူဦးဆောင်အုတ်မြစ်ချနေတဲ့

တိုင်းပြုပြည်ပြုလွှတ်တော် ။

သူ့အာရုံဇောနဲ့ရွေ့နေတဲ့

တစ်နှစ်အတွင်းလွတ်လပ်ရေးဝန်ကြီးအဖွဲ့ ။

သူ့ကိုမြည်တွန်တောက်တီးနေကျ

စိတ်မရှည်နိုင်တဲ့ရွှေဒေါင်းတောင် ။

သူ့ကိုအရိုင်းဘွဲ့နှင်းအပ်လေတဲ့

သူ့ချစ်မိတ်ဆွေ ကလောင်နီ ။

သူ

မုန်တိုင်းရဲ့ဗဟိုချက်မထဲရောက်နေတယ်

သူ့မှာ

ဓားသွားဖွေးဖွေးတောင်တန်းတွေနဲ့

သူ့မှာ

မီးဟုန်းဟုန်းတောက်ပင်လယ်တွေနဲ့

သူ့ရင်ဘတ်ထဲမတော့

ဖြူဖြူလွင့်လွင့်ကြာပန်းတစ်ပွင့် ။

“ကြည်

ပဲပြုတ်နဲ့နံပြားရရင်

စားချင်တယ် ။”

ဒါဟာ

သူရေးခြစ်ခဲ့တဲ့သုံးကြောင်းကဗျာ

သူထားရစ်ခဲ့တဲ့ကြာပန်းရနံ့ ။

နှလုံးသားအဆက်ဆက်လွမ်းရစ်စေဖို့

သူ့ကားလေးက

ဇူလိုင် တမနက်ခင်း

မြားအစင်းစင်းအောက်တိုးဝင်လို့

အတွင်းဝန်များရုံးတည့်တည့်မောင်းသွားပြီ ။           ။

The Season of Rain | Jottify

jottify.com


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts