Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ လက်ချောင်းကလေးများ”

“ လက်ချောင်းကလေးများ”
မောင်စွမ်းရည်၊ ဇူလိုင် ၁၈၊ ၂၀၁၄

လူမှာလက်နှစ်ဖက် ပါတယ်။

လက်တဖက်မှာ

လက်ချောင်း ငါးချောင်းစီပါတယ်။

ဆယ်ချောင်းလက်နဲ့ ဂဏာန်းးတွက်လို့ရတယ်။

လက်ချောင်းလေးတွေ

ကွေးလိုရင် ကွေးလို့ရတယ်။

ဆန့်လိုရင် ဆန့်လို့ရတယ်။

ကွေးတာက လက်သီးဆုပ်တာ၊

ဆန့်တာက လက်ဝါးဖြန့်တာ၊

လက်သီးဆုပ်မလား၊

လက်ဝါးဖြန့်မလား။

လက်သီး ဆုပ်၊ ရန်လုပ်လို့ရတယ်၊

လက်ဝါး ပြ- ပါးချမယ် ဆိုချင်ဆို

လက်ဝါး ပြ – လျက်ဆားရယ်မယ် ဆိုချင်ဆို။

လက်ဝါး ကာ- မလုပ်ပါနဲ့-တဲ့

လက်ဝါး ရင်ဖိ- သနားမိ သတဲ့

နဖူးလက်တင်- တွေးတောဆင်ခြင်။

နဖူးလက်ပြန်- ဆလန်ပေး

လေးစားသမှုပေါ့။

လက်ညှိုးထိုး – ရိုးစွပ်ရန်ထောင်၊

လက်ညှိုးထောင် – သဘောတူရအောင်၊

လက်မထောင် – ညွှန်ရာကြည့်ကြမောင်။

လက်ညှိုးမြေထိ – ဘူမိသက်သေဆောင်။

လက်မထောင် – မာနထောင်တဲ့ကောင်။

လက်မ လှဲ- မာနလှဲတဲ့ – ကောင်၊

လက်မဝှက် – မာနဝှက်တဲ့ မောင်။

လက်မကွင်း – ဒင်္ဂါးရလိုကြောင်း၊

လက်နှစ်ချောင်းထောင် – အောင်စေဆုကိုတောင်း။

လက်ဖျားခါ – အံ့ပါရဲ့ တဲ့။

လက် ခါးထောက် – အောက်မကြို့နဲ့။

လက်ပိုက်ကာ – မာန်ပါသဟဲ့။

လက်မြှောက်တာ – အရှုံးပေးပါသတဲ့။

လက် နောက်ပစ် – နားရစ် သက်သာကွဲ့။

လက်ဝါးချင်းပူး

နဖူးနဲ့ ဖိ၊ မြေကိုထိကာ

ရှိခိုးကာ။

ဘုရား ရှိခိုး၊

မိဘ – ရှိခိုး၊

ဆရာ – ရှိခိုး၊

ရှိခိုးတတ်က၊ ကုသိုလ်ရသတဲ့။

ကုသိုလ်ကိုလဲ ဒီလက်ပဲ၊

ငရဲလိုလဲ – ဒီလက်ပဲ၊

လက်နှစ်ဖက်နဲ့

စိတ်လက်ချမ်းသာ၊ ကြံဆောင်ပါ

လောက ငြိမ်းချမ်းမှာ။

(ဆရာဝန်မလေး ခင်သစ်နှင်းရဲ့ “လက်များကိုခံစားခြင်း” ရသစာတမ်းတခုကို မှီးပါတယ်။)
(၂၀၁၄ မေ ၆)

Photo Credit – www.wallsave.com (800 × 600)
Hand And Wall Gesture Point Hands Walls Gestures D Wallpaper


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts