စာအုပ်စင်

Colourful Burma and 3 Years under the Japs (1945) by Khin Myo Chit in Kindle eBook published

Colourful Burma and 3 Years under the Japs (1945) by Khin Myo Chit in Kindle eBook published

မိုးမခစာအုပ်စင်၊ ဇူလိုင် ၉၊ ၂၀၁၄

ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော အင်္ဂလိပ်စာအုပ်အချို့ ကင်ဒဲယ် ဘုတ်များအဖြစ် ထွက်ရှိလာပြီ ဖြစ်ပါသည်။ ပထမဦးဆုံး မိတ်ဆက်ပေးလိုသော အီးဘုတ်မှာ Colourful Burma Part (1) ဖြစ်သည်။ ထိုစာအုပ်ထဲတွင် မူရင်း Colourful Burma စာအုပ်မှ Buddhist Way of Life, Life and Custom, Language and Pitfalls, Trees Fruits and Vegetables အစရှိသည့် အပိုင်း များကို ကင်ဒဲလ်ပုံစံအတိုင်း ဖတ်ရူသွားရမည် ဖြစ်ပါသည်။ မူရင်းစာအုပ်ပါ ရုပ်ပုံများ ပန်းချီများ ပါရှိခြင်းမရှိပဲ စာကိုသာ ဦးစားပေးထားခြင်းဖြစ်သည်။

ယခုလို အင်တာနက်ခေတ် အီးဘုတ်ခေတ် မိုဘိုင်းခေတ်ထဲမှာ ဒေါ်ခင်မျိုးချစ်၏ စာအုပ်များကို အခုလို အီးစာမျက်နှာ များအဖြစ် ကြိုးစားတင်ပြလိုက်နိုင်ခြင်းမှာ ဒေါ်ခင်မျိုးချစ်(ကော်ပီရိုက်) ၏ သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း(သချာင်္)မှ ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ မိုးမခမီဒီယာမှ ကင်ဒဲယ် စာအုပ်များ ကိုတာဝန်ယူပေးကာ ထုတ်ဝေပေးခြင်းကြောင့် လည်းကောင်း၊ မိသားစုမှ ၀ိုင်းဝန်းကြိုးစားကာ တင်ဆက်ပေးခဲ့မူများကြောင့် ဖြစ်ပါသည်။ နောက်ပိုင်းလည်း ဒေါ်ခင်မျိုးချစ်၏ စာအုပ်များကို အီးဘုတ်များအဖြစ် ထုတ်ဝေသွားဖို့ အစီအစဉ်များ ရှိပါသည်။

ဒုတိယထွက်ရှိလာသော စာအုပ်မှာ Three Years Under the Japs (1945) ဖြစ်သည်။ ထိုစာအုပ်ကို မြန်မာပြည်မှာတော့ မြေးဖြစ်သူ ဂျူနီယာဝင်းကနေ “ဂျပန်ခေတ်မှာ သုံးနှစ်တာ“ အမည်ဖြင့် ဒေါင်းစာပေမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။ ထွက်ရှိခဲ့သည်မှာ အဂ်လိပ်မြန်မာ နှစ်ဘာသာဖြစ်ပါသည်။ ယခုတော့ အီးဘုတ်အနေနှင့် အင်္ဂလိပ်လို သာ ကင်ဒဲလ် ပုံစံထွက်လာခြင်းဖြစ်သည်။ မျက်နှာဖုံးကို ၁၉၄၅ ခှုနှစ်တုန်းက ထွက်ရှိခဲ့သော အဖုံးအဟောင်းအတိုင်း ထားကာ ထွက်လာပြီ ဖြစ်ပါသည်။ အောက်ဖော်ပြပါ လင့်ခ်များအတိုင်း အားပေးဖတ်ရူနိုင်ကြ ပြီဖြစ်ပါသည်။

Colourful Burma Part 1 by Khin Myo Chit

http://www.amazon.com/Khin-Myo-Chit-Colorful-Burma-ebook/dp/B00L5Y7Z1M/

Three Years under the Japs (1945) by Khin Myo Chit

http://www.amazon.com/Khin-Myo-Chit-THREE-YEARS-ebook/dp/B00LBMYP2U/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts