ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ကမ္ဘာ့ဖလား၊ ဆီးမီးရောက်လာတဲ့ အသင်းကြီး (၄) သင်း

ကမ္ဘာ့ဖလား၊ ဆီးမီးရောက်လာတဲ့ အသင်းကြီး (၄) သင်း
ဇော်အောင် (မုံရွာ)
ဇူလိုင် ၆၊ ၂၀၁၄

 

ကမ္ဘာ့ဖလားဘောလုံးပွဲတွေ အချိန်ပို၊ ပင်နယ်တီပွဲတွေနဲ့ ဆီးမီးဖိုင်နယ်ကိုရောက်လာပါပြီ။ အသင်းကြီး၎ခုပဲ ဘရားဇီး၊ ဂျာမဏီ  နဲ့ အာဂျင်တီးနာ၊ နယ်သလန် တို့ပဲခန့်မှန်းထားတဲ့အတိုင်း တက်လာခဲ့တယ်။ ခက်ခဲစွာ အနိုင်ယူခဲ့ရပါတယ်။ အချိန်ပိုမိနစ်၃၀ နဲ့ ပင်နယ်တီ၅လုံးကန်ပြီး ဆုံးဖြတ်ရတာတွေ အများကြီးဖြစ်လာပါတယ်။

ဘရားဇီး။  ဗိုလ်စွဲဖို့မှန်းထားတဲ့ အိမ်ရှင်ဘရာဇိး ကံကြမ္မာကြောင့်ပဲ ပထမပွဲမှာ ချီလီအသင်းကို ပင်နယ်တီကန်ပြီး သဲထိတ်ရင်ဖိုနဲ့ နိုင်ခဲ့ပါတယ်။ ၁း၁ အချိန်ပိုအထိ သရေကျနေလို့၊ ပင်နယ်တီကန်တော့လဲ ဂိုးသမားဖမ်းပြတာတွေ၊ ဘောလုံးချော်သွားတာတွေနဲ့ နောက်ဆုံးတော့ ကံကောင်းတဲ့ဘရားဇီး အနိုင်ရသွားလို့ သက်ပြင်းချကြပါတယ်။ နောက်တစ်ပွဲလဲ အသင်းကောင်း ကိုလံဘီယာကို အကြိတ်အနယ်ကစားပြီး၊ ၂း၁ နဲ့အနိုင်ရခဲ့ပါတယ်။ ၂ပွဲစလုံး တောင်အမေရိကအသင်းတွေနဲ့ပဲ အကြိတ်အနယ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ဥရောပအသင်း၊ ဂျာမဏီနဲ့ ကစားရပါမယ်။ သတင်းဆိုးကတော့ တိုက်စစ်မှုး နေမာ နောက်ဆုံးပွဲမှာ ထိခိုက်ဒဏ်ရာရသွားပြီး၊ ထမ်းထုတ်ခံရပါတယ်။ အရိုးကျိုးသွားလို့ နောက်ပွဲအားလုံးမကစားနိုင်တော့ပါဘူး။ နေမာလည်း ရှုံးထွက်၂ပွဲစလုံး ဂိုးမသွင်းနိုင်တော့ပါဘူး။ နေမာမပါတဲ့ ဘရားဇီးအသင်း၊ အားလျှော့စရာဖြစ်သွားပါတယ်။

ဂျာမဏီ။  အာဖရိကအသင်း၊ အယ်ဂျီးယားကို မိနစ်၉၀မှာ ဂိုးမရှိသရေကျနေပြီး၊ အချိန်ပိုမိနစ်၃၀ကျမှ ၂း၁ နဲ့အနိုင်ရရှိသွားပါတယ်။ နောက်တစ်ပွဲမှာ ဥရောပပြိုင်ဖက် ပြင်သစ်အသင်းကို ၁းဝ နဲ့ အနိုင်ယူပြီး၊ ဆီးမီးဖိုင်နယ်တက်လာခဲ့ပါတယ်။ ခြေစွမ်းပြနိုင်ပြီး၊ အစွမ်းထက်တဲ့ ဘောလုံးသမားများ၊ အသင်းလိုက်ညီညွတ်မှုများနဲ့ ဗိုလ်စွဲဖို့ အလာလာ ကောင်းနေပါတယ်။ ဆီးမီးဖိုင်နယ်မှာ အိမ်ရှင်ဘရားဇီးနဲ့ ကန်ရပါမယ်။

အာဂျင်တီးနား။ ဥရောပအသင်းကြီးတွေ ဆွဒ်ဇာလန်နဲ့ ဘယ်ဂျီယန်တို့ကို အနိုင်ယူပြီး ခက်ခဲစွာကစားခဲ့ရပါတယ်။ ပထမပွဲ ဆွဒ်ဇာလန် အသင်းကို အချိန်ပိုကျမှ ၁းဝ နဲ့အနိုင်ရခဲ့ပါတယ်။ ဘယ်ဂျီယန်ကိုလဲ ၁းဝ နဲ့ အနိုင်ရခဲ့ပါတယ်။ အသင်းခေါင်းဆောင် မက်ဆီ ဂိုးဆက်မသွင်းတော့ပါဘူး။ ကွင်းလယ်ထိ ဆင်းပြီး၊ အသင်းကိုဦးဆောင်ကစားနေလို့ နာမည်ကျော် မာရာဒိုနာခေတ်က အာဂျင်တီးနားအသင်းလို ဖြစ်နေပါတယ်။ မက်ဆီကို အားကိုးသလောက် အစွမ်းပြနိုင်ပါတယ်။ ဆီးမီးဖိုင်နယ်မှာတော့ ပြိုင်ဖက်ဟောင်း၊ နယ်သာလန်နဲ့ ကစားရပါမယ်။

နယ်သာလန်။   တခြားအသင်းကြီး သုံးသင်းကတော့ အကြိမ်များစွာ ဗိုလ်စွဲကြပါတယ်။ နယ်သာလန်အသင်းကတော့ ကမ္ဘာ့ဖလား အစဉ် လာကြီးခဲ့ပြီး၊ ဗိုလ်လုပွဲအထိ ၂ကြိမ်ရောက်ခဲ့ပေမဲ့၊ တစ်ခါမှ ဗိုလ်မစွဲဖူးပါဘူး။ ပထမပွဲမှာ မက္ကဆီကိုအသင်းကို ၂း၁ နဲ့ အကြိတ်အနယ်ကစားရပါတယ်။ ဒုတိယပွဲမှာတော့ ပိုပြီးအကြိတ်အနယ်ကစားရင်း ကိုစတာရီကာအသင်းကို ၀းဝ သရေကျနေလို့၊ ပင်နယ်တီအဆုံးဖြတ် ၄း၃ နဲ့အနိုင်ရသွားပါတယ်။ အမေရိကတိုက်အသင်း၂သင်းနဲ့ ရှုံးထွက်အနိုင်ကစားခဲ့ပြီး၊ အခု ဆီးမီးဖိုင်နယ်မှာလဲ တောင်အမေရိကတိုက် အာဂျင်တီးနားနဲ့ကစားရပါမယ်။ တိုက်စစ်မှုး ရိုဘင်နဲ့ပါစီတို့လည်း ဂိုးဆက်မသွင်းနိုင်တော့ပေမဲ့ အသင်း လိုက်ကတော့ အခြေအနေကောင်းနေပါတယ်။

● ဒုတိယအဆင့်မှာ ထွက်သွားတဲ့အသင်းများ
ကွားတားဖိုင်နယ်။  ပင်နယ်တီနဲ့ရှုံးရတဲ့ ကော်စတာရီကာကို ပရိတ်သတ်ကြိုက်နှစ်သက်ကြပါတယ်။ ဘရာဇီးကို ရှုံးသွားတဲ့ ကိုလံဗီယာအသင်း၊ ဂျာမဏီကို ရှုံးသွားတဲ့ ပြင်သစ်၊ အာဂျင်တီးနားကို ရှုံးသွားတဲ့ ဘယ်လဂျီယန်တို့ဖြစ်ပါတယ်။

ဒုတိယအဆင့်ပွဲများ။  မြန်မာအမြောက်များ နေထိုင်ကြတဲ့ အမေရိကန်အသင်း၊ ဒုတိယအဆင့်မှာ ဘယ်ဂျီယန်ကို ၁းဝ နဲ့ ကပ်ရှုံး သွားရပါတယ်။ ချီလီအသင်း ဘရားဇီးကို ပင်နယ်တီနဲ့ရှုံးချက်ကတော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဥရောပ ဂရိအသင်း ကိုစတာရီကာကို ပင်နယ်တီနဲ့ရှုံး။ နောက် ဥရောပတသင်း ဆွဒ်ဇာလန်လည်း အာဂျင်တီးနားကို အချိန်ပိုမှာရှုံး။ အာဖရိက အယ်ဂျီးယားကတော့ ဂျာမဏီကို အချိန်ပိုကစားပြီး ရှုံး။  မက္ကဆီကို၊ အာဖရိက နိုင်ဂျီးရီးယားကတော့ ပြင်သစ်ကို ၂းဝနဲ့ရှုံး။ ကိုက်မှုဖြစ်တဲ့ ဆူရက်ဇ်မပါတဲ့ ဥရုဂွေး၊ ကိုလံဗီယာကို ၂းဝနဲ့ရှုံး။ အသင်း၈သင်းမှာ ချီလီအသင်း ဘရားဇီးကိုနိုင်သွားရင် အိမ်ရှင်ပရိတ်သတ်ကြီး၊ အကြီးကျယ်စိတ်ပျက်စရာဖြစ်သွားမှာပါ။

● ဂိုးများမသွင်းနိုင်ကြတော့ပါ
ဂိုးသွင်းဘုရင် တိုက်စစ်မှုးတွေလည်း ဒုတိယအဆင့်ပွဲတွေမှာ ဆက်ပြီးမသွင်းနိုင်တော့ပါဘူ။ ခံစစ်လုံအောင်၊ တိုက်စစ်ကိုလျှော့လိုက်လို့လာ အသင်းတွေလည်း ဂိုးမသွင်းနိုင်တော့ပဲ၊ အချိန်ပိုမိနစ်၃၀ပွဲတွေ များလာပါတယ်။  လက်ရှိအချိန်မျာတော့ ဆီးမီးမှာရှုံးထွက်သွားတဲ့ ကိုလံဗီယာက ရိုဒရီဂုစ်ကပဲ ၆ဂိုးသွင်းပြီး အများဆုံးဖြစ်နေပါတယ်။ ကျန်တဲ့တိုက်စစ်မှုးတွေလဲ ဂိုးဆက်မသွင်းနိုင်ကြတော့ပါဘူး။ ဒုတိယအဆင့်ပွဲတွေ ပင်နယ်တီနဲ့ အဆုံးဖြတ်ခံရပါတယ်။

● အခမဲ့ဘော်လုံးပွဲများ
မြန်မာပြည်မှာတော့ နောက်ဆုံး ဆီးမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲတွေကို မြန်မာ့အစိုးရက အခမဲ့တီဗွီလွှင့်ပေးမယ်လို့မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ လက်ဘက်ရည်ဆိုင်၊ အဖွဲ့အစည်းတွေမှာ တီဗွီ၊ ပိတ်ကားကြီးတွေနဲ့ စုပေါင်းကြည့်ကြပါတယ်။ အင်တာနက်လိုင်း အလွယ်တကူရတဲ့ နိုင်ငံရပ်ခြားနေတဲ့ မြန်မာများကတော့ အခမဲ့အင်တာနက်လိုင်းတွေကနေ တယ်လီဖုန်း၊ တီဗွီများနဲ့ ညသန်းကောင်အချိန် အိမ်နေရင်း၊ အလုပ်လုပ်ရင်း ကြည့်လို့ရပါတယ်။ တကယ်တော့ နိုင်ငံခြားရောက် မြန်မာများထက် ပြည်တွင်းမြန်မာများက လွတ်လပ်တဲ့မီးဒီယာကြောင့် အရာရာ ပိုပြီးသိနေကြပါတယ်။ အရေးထဲ ဟိုချီမင်းမြို့မှာကစားတဲ့ ဘောလုံးပွဲ ဗီယက်နမ်အသင်းက မြန်မာလက်ရွေးစင်အသင်းကို ၆းဝ နဲ့နိုင်သွားတဲ့ သတင်းကြောင့် စိတ်အနှောက်အရှက် ဖြစ်ကြရတယ်။

● ဘယ်သူဗိုလ်စွဲမလဲ၊ ဘရားဇီးပဲလား
အကောင်းဆုံးနဲ့၊ ပရိတ်သတ်စွဲမက်စရာ ကစားသွားသူကတော့ ကိုစတာရီကာ ဖြစ်ပါတယ်။ပထမပွဲမှာ ဂရိအသင်းနဲ့ ၁း၁ သရေကျလို့၊ ပင်နယ်တီမှာအနိုင်ရပေမဲ့။ နောက်တစ်ပွဲ နယ်သာလန်းနဲ့ ဂိုးမရှိသရေကျတဲ့အခါ ပင်နယ်တီနဲ့ရှုံးသွားပါတယ်။ အသင်းငယ်လေးတစ်ခု ကမ္ဘာ့ဖလားမှာ  အလွန်ခြေစွမ်းပြနိုင်ပြီး ကွားတားဖိုင်နယ်ထိရောက်လာတာပါ။ အာဖရိကစားသမားများလဲ ဆုကြေးရဖို့ သူတို့ဘောလုံးအဖွဲ့ချုပ်နဲ့ ပြသနာတွေဖြစ်ရတယ်။ လုပ်ပွဲကစားတယ်၊ လောင်းကစားသမားတွေက ဆင်းရဲတဲ့အာဖရိကကစားသမားတွေနဲ့ လာဘ်ပေးလာဘ်ယူမှုတွေလဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စုံစမ်းစစ်ဆေးနေတဲ့ ပြသနာတွေရှိပါတယ်။ ထုံးစံအတိုင်း လက်မှတ်မှောင်ခိုမှု ၁၀ဆကျော် ဈေးကြီးနေတာတွေရှိပါတယ်။ ခြုံကြည့်လိုက်ရင် အခြေအနေကောင်းပါတယ်။

Governance ဆိုတဲ့စာလုံးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် fifa.com ဝက်ဆိုဒ်မှာ တွေ့ရပါတယ်။ ကမ္ဘာ့ဘောလုံးပရိတ်သတ်ကြီးက လာဘ်စား၊ မတရားလုပ်၊ ငွေ/အာဏာနဲ့အနိုင်ကျင့်မှုတွေ ကင်းရှင်းအောင် အထူးကြိုးစားပါတယ်။ တရားမျှတမှုရှိဖို့ မတရားမှုတွေကို အရေးယူဖော်ထုတ်ပါတယ်။ ရွေးကောက်ပွဲ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များဟာ အလွန်အရေးကြီးပါတယ်။ လုံခြုံရေး၊ လာဘ်စားမှုမရှိရေး၊ လုပ်ပွဲမရှိရေး၊ လက်မှတ်မှောင်ခိုမရှိရေး၊ တားမြစ်ဆေးမသုံးရေး၊ ဒိုင်လူကြီးနဲ့ဘောပွဲဥပဒေစိုးမိုးရေး၊ အငြင်းပွားမှု၊ပြသနာဖြေရှင်းရေး၊ အသားရောင်(လူမျိုးရေး)ခွဲခြားမှုမရှိရေး၊ စတဲ့ တရားမျှတမှုတွေအတွက် ဖြစ်ပါတယ်။ ဒါမှလဲ ကမ္ဘာ့ဖလား နိုင်ငံ ၂၀၆နိုင်ငံပါတဲ့၊ ဘောလုံးပြိုင်ပွဲဟာ လူထုကိုတကယ်ဖြေဖျော်ပြီး၊ အားကစားစိတ်ဓါတ်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်ဖြစ်ပါတယ်။ ဘောလုံးပွဲ၊ အားကစားပွဲကြည့်ရင်း နိုင်ငံခေါင်းဆောင်များ ယုံကြည်မှုတည်ဆောက်နိုင်မယ်ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့မြန်မာဘောလုံးအဖွဲ့ချုပ်က ခေါင်းဆောင်များလည်း တရားမျှတမှုကိုနှစ်သက်ကြပါတယ်။

ထိပ်တန်းအသင်းကြီး လေးသင်းထဲက ဘယ်အသင်းဗိုလ်စွဲမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။ အရင်ကခန့်မှန်းထားတာတော့ ဘရာဇီး၊ အာဂျင်တီးနား ဗိုလ်လုပွဲတက်ပြီး ၊ ဘရာဇီးနိုင်မယ် ပြောကြပါတယ်။ အခုတော့ ဂျာမဏီ ပိုရေပန်းစားလာပါတယ်။ နယ်သာလန်နဲ့အာဂျင် တီးနားလည်း လျှော့မတွက်နိုင်ပါဘူး။ စောင့်မျှော်ကြည့်ကြပါစို့။

ဂိုးသွင်းဘုရင်စာရင်း
အားကစားဖြင့် နိုင်ငံခေါင်းဆောင်များရင်းနှီးမှုရယူခြင်း ၂၀၁၂ ဓါတ်ပုံ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဇော်အောင် (မုံရွာ) – ကမ္ဘာ့ဖလား၊ ဆီးမီးရောက်လာတဲ့ အသင်းကြီး (၄) သင်း
  1. နယ်သလင်အသင်းဟာနောက်ဆုံးဗိုလ်လုပွဲကိုသုံးကြိမ်ရောက်ခဲ့ပါတယ်။
    ၁၉၇၄မှာအိမ်ရှင်အနောက်ဂျာမနီ၊ ၁၉၇၈မှာအိမ်ရှင်အိမ်ရှင်အာဂျင်တီးနားနဲ့၂၀၁၀မှာ
    စပိန်တို့ကိုရှုံးပြီးဒုတိယသာရခဲ့ပါတယ်။

Comments are closed.