Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – တိုက်ပွဲဝင်နှင်းဆီ မစုစုနွေး မိတ်ဆက်

တိုက်ပွဲဝင်နှင်းဆီ မစုစုနွေး မိတ်ဆက်
ဟန်သစ်နိုင်
ဇူလိုင် ၄၊ ၂၀၁၄
 
 

ဆရာမာန် (တောင်လုံးပြန်) စုစည်းရေးသားထားတဲ့ “တိုက်ပွဲဝင်နှင်းဆီ မစုစုနွေး” အမည်ရတဲ့ စာအုပ်ကို ဇွန်လ ၂၅ ရက်နေ့က Home မီဒီယာခန်းမမှာ စာအုပ်မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။

ထိုပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက “မစုစုနွေးသည် အဓမ္မစေခိုင်းမှုကို ရွပ်ရွပ်ချွန်ချွန် တွန်း လှန်ခုခံခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရကြောင်း၊ နိုင်ငံရေးအရလည်း အသိုင်းအဝိုင်းကြီးထဲမှ ပေါက်ဖွားလာခြင်းမဟုတ်၊ တက္ကသိုလ်တွေက နေပြီး မွေးဖွားလာခြင်းလည်းမဟုတ်ပေမဲ့ သူမရဲ့ထူးခြားခြင်းသည် ကျေးရွာသူ အရပ်သူတစ်ဦးဖြစ်ကြောင်း၊ စာအုပ်ထဲတွင်ပါဝင်သော သူများသည်လည်း သာမန်ပြည်သူတွေချည်းဖြစ်ပြီး သာမန်ပြည်သူများအားလုံးကို စုစည်းလိုက်ခြင်းသည် အင်မတန်ခမ်းနားသော မှတ် တမ်းစာပေတစ်ခုဖြစ်ကြောင်း၊ ၎င်းစာအုပ်သည် ဝတ္ထုမဟုတ် အပျော်ဖတ်စာအုပ်မဟုတ်ကြောင်း၊ သက်ရှိဇာတ်ကောင်များ တကယ်ဖြတ်သ န်းခဲ့သော စာအုပ်ဖြစ်သည့်အတွက် ဂုဏ်ယူကြောင်း”  ပြောကြားခဲ့ပါတယ်။

“မတရားဘူး မတရားတာကို ပြောတယ် အဲဒါနိုင်ငံရေးပဲ။ နိုင်ငံရေးကို လူနားမလည်အောင် ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် လုပ်နေတဲ့သူတွေ အတွက် မစုစုနွေးရဲ့ တိုက်ပွဲဝင်နှင်းဆီစာအုပ်ဟာ အကောင်းဆုံးပြယုဂ်တစ်ခု ဖြစ်လာလိမ့်မည်” ဟု ဆက်လက်ပြောဆိုခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts