Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်မြို့မှာ ဟောပြော

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်မြို့မှာ ဟောပြော
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၃၀၊ ၂၀၁၄
 

ဇွန်လ ၂၉ ရက်နေ့က ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ် ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတရပ်ကျင်းပခဲ့ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဖြစ်သူ ဦးတင်ဦးနှင့် ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်တို့က တက်ရောက်ပြီး ပြည်သူလူထုကို အခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြခဲ့ကြပါတယ်။

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေပညာရှင် စိန်ဂျွန်း ဦးဌေးဦးမှလည်း ၄၃၆ ပုဒ်မသည် ဥပဒေကို တဖက်သတ်ရေးဆွဲထားခြင်းအကြောင်း ကို အများပြည်သူ သိရှိနိုင်ရန် ရှင်းပြခဲ့ပါတယ်။ 


အဆိုပါအခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် မမီးမီး (၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဆောင်ရွက်ခဲ့ပြီး ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ ပရိတ်သတ်ပေါင်း မြောက်များစွာ လာရောက်ခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts