Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဒီမြေဟာ ငါတို့မြေ ဇာတ်ကားဆုနှစ်ဆု နဲ့ ရုပ်ရှင်ပွဲတော်ကျင်းပပြီးစီး

 

ဒီမြေဟာ ငါတို့မြေ ဇာတ်ကားဆုနှစ်ဆု နဲ့ ရုပ်ရှင်ပွဲတော်ကျင်းပပြီးစီး
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၂၄၊ ၂၀၁၄

ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ (၁၉ )ရက်နေ့အထိ ဝဇီရာနှင့် ဂျန်းရှင်းစကွဲယားရုပ်ရှင်ရုံနှစ်ရုံတွင် ပြသခဲ့သော ရုပ်ရှင်ကား (၆၇ ) ကားမှ အကောင်းဆုံးရုပ်ရှင်ကားများကို ခေါင်းစဉ်များဖြင့်ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် တွင် ၂၀၁၄ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် …

ဒေါ်အောင်ဆန်းစုကြည်ဆုကို တောင်အာဖရိက မှ ဒါရိုက်တာ Rehad Desai ရိုက်ကူးသည့် Miners Shot Down  က လည်းကောင်း ၊

ဂျူရီများမှ ရွေးချယ်သည့် အထူးဆုကို အမေရိကန်မှ ဒါရိုက်တာ Andreas Johnsen ရိုက်ကူးသည့် Ai Wei Wei The Fake Case မှတမ်းရုပ်ရှင်ကလည်းကောင်း၊

အာဆီယံဒေသတွင်း ပြိုင်ပွဲဝင်ဇာတ်ကားများထဲမှ ဒေါ်အောင်ဆန်းစုကြည်ဆုကို ကမ္ဘောဒီးယားနိုင်ငံမှ ဒါရိုက်တာ Anne Laure Poree နှင့် Guillaume Suann တို့ရိုက်ကူးသည့် The Last Refuge  မှတ်တမ်းရုပ်ရှင်ကလည်းကောင်း၊

မင်းကိုနိုင်ဆုကို ဒါရိုက်တာ Joses Dennis C.Teodosio ရိုက်ကူးသည့် An Untold Story ကလည်းကောင်း။

မတ် ၁၃ ဆုကို ဒါရိုက်တာဇော်ဘိုဘိုဟိန်းရိုက်ကူးသည့် The seller ကာတွန်းရုပ်ရှင်ကလည်းကောင်း ၊

ဟံသာဝတီဦးဝင်းတင်ဆုကို ဒါရိုက်တာ ကောင်းဆင့်ရိုက်ကူးသည့် Enter ရုပ်ရှင်ကားမှလည်းကောင်း၊

Peter Wintonick ဆုကို ဒါရိုက်တာ မင်းသန်းဦး၊ခင်စုကြည်နှင့် စိန်လင်းတို့ရိုက်ကူးသည့် ပုဒ်မ ၁၈ ဇာတ်ကားမှလည်းကောင်း ဆုများအသီးသီး ဆွတ်ခူးရရှိခဲ့ပါသည်။

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts