Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – မိစန္ဒီရဲ့ ပစ်တိုင်းထောင်

မိစန္ဒီရဲ့ ပစ်တိုင်းထောင်
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၂၂၊ ၂၀၁၄

 

မိုနိုပိုလီတေးစီးရီးဖြင့် ဂီတလောကမှာ နေရာရလာသော တေးရေး၊ တေးဆို မိစန္ဒီ၏ ပစ်တိုင်းထောင်တေးစီးရီး  စီဒီကို ဇွန်လ (၂၉) ရက် နေ့မှာ ဖြန့်ချိတော့မှာဖြစ်ကြောင်း သိရပါတယ်။

တေးသီချင်း စုစုပေါင်း ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး စိုးကြီး၊ ဘန်နီဖြိုး၊ သားသား၊ ရဲရင့်အောင်၊  X Box ၊ Bobby Soxer ၊ မိစန္ဒီတို့မှ  ရေးသားခဲ့ပါတယ်။

Feturing အနေဖြင့် စိုးကြီး၊ ရဲရင့်အောင်၊ ဟိဏ်းသစ်၊ X box ၊ နီနီခင်ဇော်၊ Bobby Soxer၊ မိခတ္တာတို့မှ သီဆိုပေးထားကြပါတယ်။

၎င်းတေးစီးရီးကို ၂၉.၆ .၂၀၁၄ (တနင်္ဂနွေ) နေ့  ညနေ ၃ နာရီမှ ၆ နာရီအထိ  Junction Square Shopping Complex (အတွင်း ဧရိယာတွင် ) မိစန္ဒီနှင့် အနုပညာမောင်နှမများမှ အမှတ်တရ လက်မှတ်ရေးထိုးရောင်းချပေးမည်ဖြစ်ပြီး  ဝယ်ယူအားပေးသူများအတွက် အမှတ်တရလက် ဆောင်များလည်း စီစဉ်ထားကြောင်းလည်းသိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts