Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အနော်မာသုခုမ အနုပညာဝန်ဆောင်မှု စာနယ်ဇင်းရှင်းလင်း

 

အနော်မာသုခုမ အနုပညာဝန်ဆောင်မှု စာနယ်ဇင်းရှင်းလင်း
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၂၀၊ ၂၀၁၄

အနော်မာသုခုမ အနုပညာ ဖျော်ဖြေရေး ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် ၏  ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ရှိ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ၂၀၁၄ ခုနှစ် ဇွန်လ (၁၇ ) ရက်နေ့ မနက် (၉ )နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည် ။

ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အနော်မာ ဥက္ကဋ္ဌ ဦးမိုးဝင်းမှ နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ထို့နောက် ဒုဥက္ကဋ္ဌ ဦးအရိုင်းမှ အနော်မာပေါ်ပေါက်လာပုံအကြောင်းကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ စာနယ်ဇင်းဆရာကြီး ဦးဝင်းငြိမ်းမှ အနော်မာနှင့်ပတ်သက်၍ အကြံပြု စကားပြောကြားခဲ့ပါသည် ။ ထို့နောက် ဆရာဦးဟိန်းလတ် နှင့် ဆရာမောင်မျိုး(ကြောင်နှစ်ကောင်) တို့မှ မုဒိတာစကားများပြောကြားပေးခဲ့ကြပါသည် ။ ဆက်လက်၍ ဦးမိုးမင်း မှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူ စာနယ်ဇင်းဆရာ၊မ များ၏ မေးမြန်းချက်များကို တာဝန်ရှိသူများမှ ဖြေကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။

အနော်မာသုခုမအနုပညာ လုပ်ငန်းကို  ကကွက် ၊ကဇာတ် တီထွင်ဖန်တီးသူများ၊ ရုပ်ရှင်မင်းသားများ၊ရုပ်ရှင်မင်းသမီးများ ၊ တည်းဖြတ်ပညာရှင်များ၊ ဂီတပညာရှင်များ၊ စင်မြင့်ဒီဇိုင်းပညာရှင်များ၊ ရုပ်သေးပညာရှင်များ၊ ရိုးရာနှင့် ခေတ်ပေါ်အကပညာရှင်များ ၊သဘင်အနုပညာရှင်များ ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအဖွဲ့အစည်းများ က ပေါင်းစည်းတည်ထောင်ထားကြပါသည် ။

အနော်မာ၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ဖျော်ဖြေတင်ဆက်မှုစွမ်းရည်ကို မြှင့်တင်ပြသနိုင်ရန်၊ ရိုးရာအနုသုခုမနှင့် ခေတ်၏ တောင်းဆိုမှုအရ ပေါ်ထွက်လာသည့် ဆန်းသစ်မှုများအား အချိုးညီညီ ပေါင်းစပ်၍ ခေတ်ပြိုင်အနုပညာ ဖျော်ဖြေမှုများအား တီထွင်တင်ဆက်ရန် ၊ အနုပညာ ဖျော်ဖြေမှုစွမ်းအားဖြင့် နိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် ၊ စည်းလုံးညီညွတ်ပြီး အရည်အသွေးမြင့်မားသော မျိုးဆက်သစ် အနုပညာရှင်များပေါ်ပေါက်စေရန် ရည်ရွယ်ထားသည် ။

အနော်မာသုခုမ မှရရှိနိုင်သော ဝန်ဆောင်မှုများမှာ မြန်မာနိုင်ငံအတွင်း မည်သည့်နေရာတွင်မဆို ရုပ်ရှင် ၊ ဂီတ ၊သဘင် အနုပညာဖျော်ဖြေပွဲများတင်ဆက်ပေးခြင်း၊ ပြည်ပနိုင်ငံများသို့  Culture Exchange Entertaining Tour Program များအားစီစဉ်တင်ဆက်ပေးခြင်း၊ ပြည်ပမှမြန်မာနိုင်ငံသို့ လာရောက်ပူးပေါင်း၍ လုပ်ဆောင်လိုသော အနုပညာနှင့် သက်ဆိုင်သည့် ကိစ္စမှန်သမျှအား ဒေသခံအဖြစ် လက်ခံဆောင်ရွက်ပေးခြင်း၊ အလှူမင်္ဂလာပွဲများအတွက် ဖျော်ဖြေရေး ဝန်ဆောင်မှုများ စီစဉ်ပေးခြင်း၊ ရုပ်သံရိုက်ကူးတည်းဖြတ်ပေးခြင်း၊ ဖျော်ဖြေရေးနှင့်ပတ်သက်သော  ဈေးပွဲတော် ၊ အရောင်းမြှင့်တင်ရေးပွဲတော်များ ဆောင်ရွက်ပေးခြင်း၊ ရုပ်သံ့လိုင်းများနှင့် ပူးပေါင်း၍ ဖျော်ဖြေရေးကဏ္ဍများ တိုးချဲ့မြငှ့်တင်ပေးခြင်း၊  ရိုးရာယဉ်ကျေးမှု ဖျော်ဖြေရေးအစီအစဉ်များဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးမြှင့်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ဆက်သွယ်လိုသော အနုပညာရှင်၊ အနုပညာအဖွဲ့အစည်းများအား တစ်ဦးချင်းစီအလိုက် ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဖြစ်သည်။

အနော်မာသုခုမ ဖျော်ဖြေရေး ဝန်ဆောင်မှုများအား ဆက်သွယ်ရမည့်လိပ်စာမှာ အမှတ် O /2  မြေညီထပ်၊ ရွှေပုန်းညက်ရိပ်မွန်၊ ရွှေမဉ္ဇူလမ်း ၊ဘုရင့်နောင်လမ်း၊ ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့ ၊ဖုန်း ၅၃၀၆၇၅ ၊၀၉၇၃၁၄၀၃၂၈ သို့ ဆက်သွယ်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts