Uncategorized

ဇာနီကြီး – မလေးရှားမှာ ဖျော်ဖြေခွင့်မရလိုက်တဲ့ ပေါ့ခ်အဆိုတော် (သတင်းဆောင်းပါး)

မလေးရှားမှာ ဖျော်ဖြေခွင့်မရလိုက်တဲ့ ပေါ့ခ်အဆိုတော် (သတင်းဆောင်းပါး)
ဇာနီကြီး
အောက်တိုဘာ ၃၁၊ ၂၀၁၃

မလေးရှားနိုင်ငံတွင်လာရောက်ဖြေဖျော်မည့် အမေရိကန်ပေါ့ပ်အဆိုတော် Ke$ha ပွဲကို မစမှီရက်ပိုင်းအလိုတွင် မလေးရှားအာဏာပိုင်များက ဂီတရှိုးကိုပိတ်ပင်လိုက်သည်။ ၂၅မိနစ်ကြာသော ယူတြုဗွီဒီယိုတစ်ခုကို အမေရိကန်မှခရစ်ယန်အဖွဲ့အစည်းတစ်ခုက ထုတ်လုပ်တင်ပြခြင်းကို ကြည့်ရှုပြီးနောက် မလေးရှားအစိုးရက မလေးရှားလူမျိုး၊ယဉ်ကျေးမှုကို ထိခိုက်ပျက်ပြားစေမည့် သြဇာလွမ်းမိုးမှုကိုစိုးရိမ်ပြီး ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ပွဲစီစဉ်သူ မန်နေဂျာ Mr Andy Ch’ng က ထိုပွဲဖြစ်မြောက်ရေးအတွက် တင်ဆက်မည့်လူအားလုံးကို ဝတ်စား ဆင်ယင်မှု၊ အပြုအမူများတွင် ယဉ်ကျေးမှုရှိရန် အထူးစီစဉ်ထားသော်လည်း နောက်ဆုံးအချိန်တွင် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်သည်။ အဖွဲ့သားများ ငါးမရ ရေကူးပြန်မည်လားတော့မသိ.. မလေးရှားသို့ လေယဉ်ခရီးဆက်ကြမည်လော မသိရပါ။ 
ယခုခေတ် မီဒီယာအစွမ်းထက်လှခြင်း နမူနာတစ်ခုဖြစ်သည်။ 
မလေးရှားနိုင်ငံသည် ပွင်လင်းမှုအရှိဆုံး မူဆလင်နိုင်ငံဖြစ်ပြီး၊ လူဦရေသန်း၂၀ကျော်ရှိသည်။ ရေနံသယံဇာတကြွယ်ဝပြီး၊ ၃၀%ရှိသော တရုပ်လူမျိုးများက စီပွားရေးဦးဆောင်သည်။ အရှေ့တောင်အာရှတွင် တစ်ဦးခြင်းဝင်ငွေ စင်ကာပူပြီးလျှင် ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်ပြီး၊ ပတ်ဝင်းကျင်အိမ်နီးခြင်းနိုင်ငံများမှ အလုပ်သမာ၊ အလုပ်သမ သန်းပေါင်းများစွာ တရားဝင်၊ တရားမဝင် အလုပ်ပေးထားသော နိုင်ငံဖြစ်သည်။ မြန်မာလူငယ်အမျိုးသား၊ အမျိုးသမီး တစ်သန်းနီးပါး ကဏ္ဍအသီးသီးတွင် လုပ်ကိုင်နေကြသည်။ မလေးရှားမှတ်ပုံတင်ထားသော သင်္ဘောများ၊ သင်္ဘောကျင်းများ၊ အလုပ်ရုံစက်ရုံများ၊ စားသောက်ကုန်လုပ်ငန်းများ၊ ဟိုတယ်ခရီးသွား၊ စားသောက်ဆိုင်များစွာတို့တွင် မြန်မာများစွာတို့ကို အလုပ်ခန့်ထားသော နိုင်ငံနှင့်လူမျိုးများဖြစ်သည်။ စီးပွားအမြင်ရှိသော မြန်မာများစွာတို့မှာ မလေးရှားတွင် ကုမဏ္ဍီကြီးများပိုင်ဆိုင် ချမ်းသာနေကြပြီဖြစ်သည်။ မလေးရှားမူဆလင်များသည် မလေးရှားရောက် မြန်မာများကို ခင်မင်ကူညီပေးလေ့ရှိပြီး၊ မူဆလင်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံတွင် မြန်မာဗုဒ္ဓနှင့်မလေးမူဆင်လင်တို့မှာ မလေးရှားနိုင်ငံတွင် ပြသနာကြီးကြီးမားမားမရှိ။ ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံတွင် မူဆလင်လူနည်းစုများ၊ ကချင်လူနည်းစုများကို အနိုင်ကျင့်သူများသည် စိုးရိမ်နေသော၊ နောက်ကွယ်မှကြိုးကိုင်သောအုပ်စုကြောင့်ဖြစ်သည်။ မလေးရှားတွင် အတိုးတက်ဆုံးဒေသမှာ ပီနန်ကျွန်း၊ ပီနန်မြို့ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များစွာလာရောက်ပြီး အနီးနားရှိ လန်ကာဝီကျွန်းမှာ အမေရိကန်ဟာဝိုင်ယီကျွန်းအလား အလွန်သာယာလှပါအောင်လုပ်ထားသည်။
မလေးရှားအစိုးရသည် ထိုကဲ့သို့ ခေတ်ပေါ်ဂီတဝိုင်းများကို ကျင်းပရန်ခွင့်ပြုပေးပြီးမှ ပိတ်ပင်ခြင်းအမိန့်ကို မကြာခဏထုတ်ပြန်တတ်သည်။ ၂၀၀၆မှ၂၀၁၃ အတွင် A Pussycat Dolls Concert, Kanye West, Gwen Stefani, Beyonce, Black Eyed Peas, PAS , Erykah Badu, Elton John, Heavy metal band Lamb of God … စသည်အဖွဲ့များ အခက်ခဲဖြစ်ခဲ့ရသည်။ ယခု Ke$ha အဖွဲ့လည်း ကြုံတွေ့ရသည်။ ယခုပွဲပျက်သွားသဖြင့် မလေးရှား RM 1.0 million (US$400,000) ဆုံးရှုံးသွားသည်။
● Ke$ha အဖွဲ့ မလေးရှားရောက်ရင်ဘာလုပ်မလဲ

 ပီနန်မြို့တွင် ကာစီနိုသင်္ဘောကြီး ၄စီးရှိပြီး မြန်မာအလုပ်သမား၊ အင်ဂျင်နီယာ၊ ကပ္ပတိန်၊ စက်ချုပ်၊ ကုန်းချုပ်၊ ဓါတ်ချုပ် စသည့် စက်ပိုင်း၊ ကဒက်ပိုင်း လစာအလွန်ကောင်းသောအလုပ်များအထိ မြန်မာများလုပ်ရသလို လစာ တစ်လဒေါ်လာ၂၀၀ခန့် နေစရိတ်၊စားစရိတ်ငြိမ်းသော ကာစီနိုသင်္ဘော eg.  M/V Amusement World မြန်မာအလုပ်သမား ၄၀၀ခန့် သင်္ဘောတစ်စင်းတွင်မှာပင်ရှိသည်။ ထိုကာစီနိုသင်္ဘောအလုပ်သမားများပြောပြချက်အရ ပီနန်တွင် လုပ်ငန်းမျိုးစုံမှ၊ သူဌေးကြီးများစွာရှိကြောင်း၊ ညနေတွင် ကာစီနိုသင်္ဘောပေါ်တက်လာပြီး တညလုံး မလေးရှားကမ်းခြေမှ ၁၂မိုင် နိုင်ငံတကာရေလွှာသို့ လှည့်ပတ်မောင်းက လူကြီးငယ်၊ မိန်းမကြီးးငယ်တို့ ငွေဖြုန်း၊ အချိန်ဖြုန်း နေသည်။ မနက်တွင် ပီနန်မြို့ ဆိပ်ကမ်းပြန်လာသည်။ တစ်ည ကန်ဒေါ်လာ ၁၀ မျှသာ သင်္ဘောစီးခပေးရသည်ဟု ဆိုသည်။ ထိုကာစီနိုသင်္ဘောကြီးမျိုးပေါ်တွင် တေးဂီတရှိုး၊ ဘားကလပ်များရှိပါသည်။ သောက်စားမူးရစ်၊ပျော်ပါး၊ကခုန်လိုသူများ လာနိုင်ပါသည်။ 
ထိုကဲ့သို့သော ကာစီနိုသင်္ဘောများတွင် Ke$ha အဖွဲ့ ငါးမရရေချိုးပြန်သကဲ့သို့ ဖြေဖျော်ပြီး အမေရိကန်သို့ပြန်နိုင်သည်ဟုလည်း ရယ်စရာပြောကြသည်။ 
● Ke$ha ဘဝဖြစ်စဉ်
အသက်၂၆နှစ်အရွယ်ရှိသော ကာလီဖိုးနီးယားမှအဆိုတော်အမျိုးသမီးငယ်ဖြစ်သည်။ ၁၈နှစ်အရွယ်မှာပင် သီချင်းရေးစပ်သူ၊ ရက်ပ်သီချင်းဆိုသူအဖြစ် နာမည်ကြီးခဲ့သည်။ ဂီတာနှင့်ပီယာနိုများကို ကြွမ်းကျင်စွာတီးခတ်နိုင်သူဖြစ်သည်။ မိခင်မှာ ဂျာမန်၊ဟန်ဂေရီဟန်လူမျိုးကပြားဖြစ်ပြီး၊ ဖခင်မရှိပဲကြီးပြင်းလာခဲ့သူဖြစ်သည်။ ကျောင်းသူဘဝတွင် ဂီတအဖွဲ့ပါဝင်ခဲ့ပြီး၊ ဂီတအထက်တန်းကျောင်းများတွင် တေးဂီတပညာကိုဆည်းပူးခဲ့သည်။ နာမည်ကျော်ပြီးနောက် ဂီတဆုများစွာ ရရှိခဲ့ပြီး၊ ရက်ပ်အကများဖြင့် သရုပ်ဖေါ်သီဆိုသဖြင့် ရှိုးပွဲများတွင် အလွန်အောင်မြင်သူ အမျိုးသမီးဖြစ်သည်။ သူမသည် Bysexual ယောင်္ကျားမိန်းမ စိတ်၂မျိုးရှိသူ ယောင်္ကျားရှာတစ်ဦးဖြစ်ကြောင်း ပွင့်လင်း စွာပြောဆိုသဖြင့်၊ ခရစ်ယန်ဘာသာရေးအဖွဲ့အစည်းများက သူမကို ပိတ်ပင်ထားခြင်းခံရသည်။ အမေရိကန်တွင် လူ့အခွင့်အရေးကို အလွဲသုံးသူများပြားသဖြင့် လိင်တူများလက်ထပ်ခြင်းကိုလည်း ခွင့်ပြုထားသည်။ လူငယ်များ တေးဂီတကြိုက်နှစ်သက်သည်မှာ သဘာဝပင်ဖြစ်သည်။ ယခုကဲ့သို့ လိင်တူဂီတပညာရှင်များကိုလည်း ငယ်ရွယ်သူများက အားကျသီဆိုရင်း၊ သူတို့၏ လိင်တူနှင့်ပေါ့၊ရက်ပ်အကျင့်များပါ အားကျအတုယူမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ 

Ref:  Straits Times 30oct2013

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts