ကြော်ငြာကဏ္ဍ

နယူးယောက်မြန်မာများက သန္တိသုခအကြမ်းဖက် စီးနင်းမှုကို ကန့်ကွက်ဆန္ဒပြမည်

နယူးယောက်မြန်မာများက သန္တိသုခအကြမ်းဖက် စီးနင်းမှုကို ကန့်ကွက်ဆန္ဒပြမည်
မိုးမခရွာဆော်ကြီး၊ ဇွန် ၁၈၊ ၂၀၁၄
မဟာသန္တိသုခကျောင်းဝင်းအတွင်း လက်နက်ကိုင်ဝင်ရောက်လျက် ကျောင်းတိုက်ကိုချိပ်ပိတ်ခြင်း၊ သံဃာတော်များကိုဖမ်းဆီး ၊လူဝတ်လဲ၊ ထောင်ချခြင်းများကိုဆန့်ကျင် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးခံသံဃာတော်များအမြန်လွှတ် ပေးရေးတောင်းဆိုကြောင်း ဆန္ဒပြပွဲ
နေ့စွဲ – ဇွန်လ ၁၇-၂၀၁၄
 သာသနမောဠိသာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ကဦးဆောင်၍ ၂၀၁၄ ဇွန် ၁၀နေ့က ရန်ကုန်မြို့ မဟာသန္တိသုခကျောင်းဝင်းအတွင်း လက်နက်ကိုင်ဝင်ရောက်လျက် ကျောင်းတိုက်ကိုချိပ်ပိတ်ခြင်း၊ သံဃာတော်များကိုဖမ်းဆီး ၊လူဝတ်လဲ၊ ထောင်ချခြင်းများကိုဆန့်ကျင် ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးခံသံဃာတော်များအမြန်လွှတ်ပေးရေးတောင်းဆိုကြောင်းဆန္ဒပြပွဲကို နယူးယောက်မြို့ ကုလသမဂ္ဂ  အမြဲတမ်း မြန်မာကိုယ်စားလှယ်ရုံးရှေ့တွင် ပြုလုပ်ပါမည်။
သာသနာ့အရေး၊ မြန်မာ့အရေးအတွက် သံဃာတော်များနှင့်အတူ ဆရာ၊ ဒကာပူးပေါင်း၍ လက်တွဲ ပါဝင်ကြပါရန် မေတ္တာရှေ့ထား တိုက်တွန်းလိုက်ပါသည်။
နေ့ နှင့်အချိန် ၂၀၁၄ခု၊ ဇွန်၂၀ရက်၊ သောကြာနေ့ ညနေ ၃-၀၀နာရီမှ ၅-၀၀နာရီထိ
နေရာ- နယူးယောက်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့  Consulate General of Myanmar ,10 East 77th Street, New York.10021.
ဆက်သွယ်ရန်- ဆရာတော်ဦးဝိလာသ- (917) 686-1738
ဆရာတော်ဦးဇဝန- (518) 253-7135
စာရေးဆရာ ဆရာမောင်စွမ်းရည်- (347) 761-8004
ဦးကျော်ဝင်း- (718) 651-2687
ကိုအောင်- (646) 678-2749
မိုးချမ်း- (646) 643-8689

ဒေါ်ယဉ်ချောနွယ်- (646) 651-5752


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts