သတင်းဆောင်းပါး

ကန်ဒေါ်လာ ၁၄ဘီလျံအကုန်ကျခံတဲ့ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲကြီး

 

ကန်ဒေါ်လာ ၁၄ဘီလျံအကုန်ကျခံတဲ့ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားပွဲကြီး

မိုးမခအားကစား၊ ဇွန် ၁၃၊ ၂၀၁၄

 

ကမ္ဘာ့ဖလား ၂၀၁၄ ပြိုင်ပွဲ ဘရားဇီးနိုင်ငံ၊ မြို့ကြီး ၁၂မြို့မှာ ဇွန်-၁၂ မှ ဇူလိုင်-၁၃ အထိကျင်းပတော့မယ်ဖြစ်ပါတယ်။ လူတန်းစား အချို့၏ ကန့်ကွက်ဆန္ဒပြမှုများ အရှိန်မြင့်တက်လာပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပရန် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းဘရာဇီးသမ္မတ ဒီလ်မာရော့စ်ဆဖ်က ပြောဆိုခဲ့ပါတယ်။ ရဲနှင့် စစ်တပ်တို့ ထောင်ပေါင်းများစွာ တပ်ဖြန့်ထားပြီး ပြိုင်ပွဲ ချောမွေ့စွာ ပြီးစီးရန် ပြင်ဆင်ထားပါတယ်။ ထိုင်းနိုင်ငံမှာတော့ အာဏာသိမ်းစစ်အစိုးရက ပြည်သူတွေကို အခမဲ့လေလှိုင်းကနေ ပွဲအားလုံး ပြသပေးမယ်ဖြစ်ပါတယ်။ ဆင်းရဲတဲ့ မြန်မာနိုင်ငံမှာတော့ စကိုင်းနက်က ကေဘယ်တီဗွီ မူပိုင်ခွင့်ဝယ်ထားတာကြောင့်၊ စကိုင်းနက်ကတဆင့် ပြည်သူများကို ပိတ်ကားကျယ်ကြီးများနဲ့ ကုမ္ပဏီ၊အဖွဲ့အစည်းများက ပြသကြမယ်ဖြစ်ပါတယ်။ ယခင်၎နှစ်ကတော့ မြန်မာ့အစိုးရတီဗွီ လေလှိုင်းကအခမဲ့ပြသခဲ့ပါတယ်။ ကံကောင်းရှုတော့ မြန်မာအစိုးရကလည်း ထိုင်းနိုင်ငံလို လေလှိုင်းက အခမဲ့ပြသနိုင်ပါတယ်။ လောလောဆယ်တော့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲစဉ်များထဲမှ ဖွင့်ပွဲအပါအ၀င် ပွဲစဉ်(၈)ပွဲ လေလှိုင်းက အခမဲ့ပြသပေးသွားမည်ဖြစ်ကြောင်း MRTV က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အမှန်တော့ ပွဲအားလုံးပြသင့်ပါတယ်။ Broadcasting Right ကို စကိုင်းနက်က ဆင်းရဲတဲ့နိုင်ငံဖြစ်လို့ ဈေးနှုန်းချိုသာစွာရရှိထားတာဖြစ်ပါတယ်။

 

ဗိုလ်စွဲဖို့တစ်ပြေးထားတဲ့ အသင်းကြီးတွေကတော့ အိမ်ရှင် ဘရာဇီးနဲ့ အစဉ်အလာပိုင်းအရ အီတလီ၊ ဂျာမနီ၊ အာဂျင်တီးနား၊ ပြင်သစ်တို့ဟာ ချန်ပီယံလောင်း စာရင်းမှာ အလိုလို ထည့်တွက်ခံရပြီး ဖြစ်ပါတယ်။

စင်ကာပူ Straits Times မှာ ကမ္ဘာ့ ဘော်လုံး မျက်နှာဖုံးမှာ ဘရာဇီးအသင်းခေါင်းဆောင် ဟိုးတုံးက ပီလီ ဓါတ်ပုံ၊ အခုခေတ် နေမာ ဓါတ်ပုံ၊ ၂ပုံ တွဲပြီး 2014 WORLD CUP SPECIAL ဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံမှာကျင်းပဖို့ ငွေသောက်သောက်လဲကုန်ပေမဲ့ ဘရာဇီးအစိုးရ ဂတိပြုထားတဲ့အတိုင်း ဆောက်လုပ်ရေးတွေမပြီးပဲ၊ ပြိုင်ပွဲစတင်ရပါတော့မယ်။ ဘရာဇီးဗိုလ်စွဲရင်တော့ ငွေကုန်ရကျိုးနပ်ပါမယ်။

 

အကြပ်တည်းဆုံး အုပ်စုnအဖြစ် B, D, F တို့ကိုသတ်မှတ်ထားပါတယ်။

အုပ်စုပွဲများ ပတ်လည်ကန်ကြပြီး၊ အမှတ်အများဆုံး၂သင်း၊ စုစုပေါင်း ၁၆သင်း ရှုံးထွက်ပြိုင်ပွဲကို တစ်ပွဲတည်းကန်ကြမှာဖြစ်ပါတယ်။

Group A Brazil 3, Croatia 18, Mexico 20, Cameroon 56

Group B Spain 1, Netherlands 14, Chile 15, Australia 62

Group C Columbia 8, Greece 12, Cote d’lviore,23 Japan 46

Group D Uruguay 7, Italy 9, England 10, Costa Rica 28

Group E Switzerland 6,  France 17, Ecuador 26,Honduras 33

Group F Argentina 5, Nigeria 14, Bosnia 21, Iran 43

Group G Germany 2, Portugal 4, USA 13, Ghana 37

Group H Belgium 11, Algeria 22, Russia 19, S Korea 57

 

တွဲလျက်ပြထားတဲ့နံပါတ်များဟာ ကမ္ဘာ့အဆင့်ဖြစ်ပါတယ်။ စပိန်-အဆင့်၁၊ ဂျာမဏီ-အဆင့်၂၊ ဘရာဇီး-အဆင့်၃ စသဖြင့်သတ်မှတ်ထားပေမဲ့၊ အိမ်ရှင်ဘရားဇီးနဲ့အာဂျင်တီးနားတို့ ဗိုလ်လုပွဲမှာတွေ့ပြီး၊ ဘရားဇီးဗိုလ်စွဲမယ်လို့ ခန့်မှန်းထားပါတယ်။ လောင်းကစားဒိုင်များဗိုလ်စွဲဖို့တစ်ပေးထားတဲ့ ၁၀နိုင်ငံကတော့ စပိန်၊ ဂျာမဏီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဆွဒ်ဇာလန်၊ ဥရုဂွေး၊ ကိုလံဘီယာ၊ အီတလီ နဲ့ အင်္ဂလန်တို့ဖြစ်ပါတယ်။

 

အာဖရိကအသင်းများ

အစဉ်အလာရှိလို့ အုပ်စုတက်သွားဖို့ ကင်မရွန်း၊ အယ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အိုဗရီကို့စ်၊ ဂါနာ တို့ မျှော်လင့်ပေမဲ့ အားလုံးအုပ်စုအဆင့်ကျော်ဖို့ သိပ်မလွယ်လှပါဘူး။

 

အာရှအသင်းများ

အာရှတိုက်အသင်းတွေထဲက အဆင့်အမြင့်ဆုံး အီရန်ရှိပါတယ်။ တောင်ကိုးရီးယား၊ဂျပန်၊ သြစတြေးလျားတို့မှာ ဂျပန်တခုတည်း အစဉ်လာလည်းရှိတဲ့အတွက် နောက်တဆင့်တက်ဖို့ မှနှ်းနိုင်ပါတယ်။ တောင်ကိုးရီးယားလဲ အသင်းကောင်းတွေနဲ့အုပ်စုတစ်ခုထဲကျလို့ မလွယ်လှပါဘူး။ ဒါပေမဲ့ အစဉ်အလာအရ၊ တခြားအသင်းတွေထက် ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ထိ ရောက်ဖူးတဲ့ တောင်ကိုးရီးယားက တပမ်းတော့ သာပါမယ်။ 

ကျန်အာရှအသင်းတွေတော့ အုပ်စုအဆင့်ကတက်ဖို့ မလွယ်ပါဘူး။ ကြစတြေးလျားနဲ့အီရန်အသင်းဆို အုပ်စု ၃ပွဲစလုံး ရှုံးပြီးထွက်ရဖို့ လမ်းများနေပါတယ်။

 

အမေရိကန်နှင့်အင်္ဂလန်

အမေရိကန်အသင်းလည်း ဂျာမန်နည်းပြ ကရင်စမင် အုပ်ချုပ်ပါတယ်။ ကလင်စမင်ဟာ ကမ္ဘာ့ဖလားဗိုလ်စွဲခဲ့ဖူးတဲ့ ဂျာမဏီဘောလုံးသင်းမှာ ရှေ့တန်းဘောလုံးသမားဖြစ်ခဲ့ဖူးပြီး၊ ဂျာမဏီအသင်းမန်နေဂျာလဲဖြစ်ပါတယ်။ အမေရိကန်ရဲ့အုပ်စုပွဲမှာ ဂျာမဏီ၊ ပေါ်တူဂီ၊ ဂါနာ အသင်းကောင်းများနဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ရမဲ့ အုပ်စုကြပ်ဖြစ်ပါတယ်။

အင်္ဂလန်အသင်းကလည်း အင်္ဂလိပ်ပရိမီယာလိပ် ဘောလုံးသမားကောင်းများစွာနဲ့၊ ငယ်ရွယ်သူများဖြစ်ပါတယ်။ အုပ်စုကြပ်ဖြစ်နေပြီး အီတလီ၊ ဥရုဂွေး တို့ကို အကြိတ်အနယ်ပြိုင်ရပါမယ်။ ကိုစတာရီကာ အသင်းကိုလည်း လျော့တွက်လို့မရပါဘူ။ အင်္ဂလန်အသင်းဟာ အုပ်စုကစားရမဲ့ အီတလီ၊ ဥရုဂွေး၊ ကိုစတာရီကာ အသင်းတွေကို ကမ္ဘာ့ပြိုင်ပွဲတွေမှာ တခါမှ အနိုင်မကစားခဲ့ဘူးတဲ့ အားနည်းချက်ရှိပါတယ်။

 

ဥရောပနဲ့အမေရိကနိုင်ငံများ

သူတို့ပဲအဓိကပြိုင်ကြမယ်ဖြစ်ပါတယ်။ အထူးသဖြင့် တောင်အမေရိကနိုင်ငံများနဲ့ဥရောပါနိုင်ငံများပဲ လွှမ်းမိုးလေ့ရှိပါတယ်။ အလယ်ပိုင်းအမေရိကနိုင်ငံများကတော့ ဖျက်မြင်းသဘော၊ အသင်းကြီးများကို ဒုက္ခပေးနိုင်ပါတယ်။ ကိုလံဗီယာအသင်းလည်း အကောင်းဆုံးအခြေအနေရောက်နေပြီး၊ နာမည်ကျော်ဘောလုံးသမား ဂျိမ်းရောထရီဂတ် ဆိုတဲ့ ၂၂နှစ်အရွယ်တိုက်စစ်မှုး  ဒေါ်လာသန်း၆၀နဲ့ပေါ်တိုအသင်းက ဝယ်ထားခံရသူဖြစ်ပါတယ်။

 

ကမ္ဘာဖလားဗိုလ်စွဲခဲ့သောအသင်းများ

ယခုနှစ်မှာတော့ ယခင်ဗိုလ်စွဲဖူးတဲ့အသင်းတွေ၊ ဒုတိယ ရဖူးတဲ့အသင်းတွေ စုံစုံညီညီ ပါလာတာတွေ့ရပါတယ်။

 

ဘရာဇိး (၅ကြိမ်ဗိုလ်စွဲ) 1958 1962 1970 1994 2002 ။   ဒုတိယ-၂ကြိမ် 1950 1998

 

အီတလီ (၄ကြိမ်ဗိုလ်စွဲ) 1936 1938 1982 2006 ။  ဒုတိယ-၂ကြိမ် 1970 1994

 

ဂျာမဏီ (၃ကြိမ်ဗိုလ်စွဲ) 1954 1974 1990 ။ ဒုတိယ-၄ကြိမ 1966 1982 1986 2002

 

အာဂျင်တီးနား (၂ကြိမ်ဗိုလ်စွဲ) 1978  1986 ။ ဒုတိယ-၂ကြိမ် 1930 1990

 

ဥရုဂွေး (၂ကြိမ်ဗိုလ်စွဲ) 1930 1950

 

အင်္ဂလန် (၁ကြိမ်ဗိုလ်စွဲ) 1966

 

ပြင်သစ် (၁ကြိမ်ဗိုလ်စွဲ) 1998

 

စပိန် (၁ကြိမ်ဗိုလ်စွဲ)  2010

 

နယ်သာလန် ဒုတိယ-၃ကြိမ် 1974 1978 2010

 

ချက်ကိုစလိုဗက် ဒုတိယ-၂ကြိမ် 1934 1962

 

ဟန်ဂေရီ ဒုတိယ-၂ကြိမ် 1938 1954

 

ဆွီဒင် ဒုတိယ-၁ကြိမ် 1954

 

ကမ္ဘာဖလား ဖိုင်နယ်တက်ဖူးတဲ့ ၁၃နိုင်ငံရှိပါတယ်။ ဒီနှစ်မှာတော့ အားလုံးနီးပါး ခြေစစ်ပွဲအောင်လာပေမဲ့၊ ဆွီဒင်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက် တို့တော့မပါလာပါဘူး။

 

ကျင်းပမည့်ဘောလုံးကွင်းများ

 

ဘရာဇီးနိုင်ငံဟာ ဒီကမ္ဘာ့ဖလားပွဲကို ဘော်လုံးကွင်း ၁၂ခုမှာ ကျင်းပမယ်ဖြစ်ပါတယ်။ ကွင်းအသစ်ချက်ချွတ် ၇ခုပါဝင်ပြီး၊ ဒေါ်လာငွေ ၁၄ဘီလျံနဲ့ဘတ်ဂျတ်သတ်မှတ် သုံးစွဲခဲ့ပါတယ်။ လုံခြုံရေးအတွက် ဒေါ်လာသန်းပေါင်း၉၀၀ သုံးစွဲမယ်ဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမဲ့အချိန်ထိ ဘော်လုံးကွင်းပဲ လက်စသတ်နိုင်ပြီး၊ ဂတိပေးထားတဲ့ အဆောက်ဦး၊ လမ်း၊ များစွာ မပြီးဘူးဖြစ်နေလို့ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ်နဲ့ ပြသနာတက်ရပါတယ်။ ပျမ်းမျှ ဘောကွင်တစ်ကွင်းကို ပရိတ်သတ်၎သောင်းကျော်ဆန့်ပြီး၊ ဗိုလ်လုပွဲကျင်းပမဲံ ရီအိုဒီဂျဲရိုးကွင်းက ၇၃၅၃၁ဦး ဆန့်ပါတယ်။ ဆီးမီးဖိုင်နယ်ကျင်းပမဲ့အခြားကွင်းများကတော့ ဘရာဇီးလီယား ၇၀၀၄၂ဦး၊ ဆွာပိုလို ၆၅၈၀၇ဦး၊ ဘီလိုဟော်ရီဇုံတယ် ၆၂၅၄၇ဦး ဆန့်ပါတယ်။ 

 

 

ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးငွေ ကန်ဒေါ်လာ ၃၅သန်း ရမှာဖြစ်ပါတယ်။ ဒုတိယ ၂၅သန်း၊ တတိယ ၂၂သန်း၊ စတ္တုထ ၂၀သန်း၊ ကွားတားဖိုင်နယ်တက်လာရင် ၁၄သန်း၊ အုပ်စုအဆင့်ကျော်လာရင် ၉သန်း၊ အုပ်စုပြိုင်ပွဲဝင်တဲ့အသင်းတိုင်းကို ကန်ဒေါ်လာ၈သန်း ဆုကြေးပေးမယ်ဖြစ်ပါတယ်။ အသင်းတိုင်း ပြင်ဆင်စရိတ် ဒေါ်လာ၁.၅သန်း ပေးမယ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘော်လုံးအဖွဲ့ချုပ် FIFAက  စုစုပေါင်း ဆုကြေးငွေ ဒေါ်လာသန်းပေါင်း ၅၇၆သန်း သုံးစွဲမယ်ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားပွဲမှာ နာမည်ကျော် တစ်ဦးချင်းခြေစွမ်းပြမဲ့ ကမ္ဘာ့ဈေးအကြီးဆုံး၊ အစွဲမက်ဆုံး ဘော်လုံးသမားများ ခြေစွမ်းကို ဝိုင်းကြည့်ရမှာဖြစ်ပါတယ်။ ခြေပုန်းသီး တစ်ဦးချင်းထူးချွန်သူများလည်း ထွက်ပေါ်လာလေ့ရှိလို့ ကမ္ဘာ့ကလပ်အသင်းများက ဈေးကြီးပေးပြီးဝယ်ယူသွားလေ့ရှိပါတယ်။ အခုပွဲမှာတော့ ဘရားဇီးက နေမာ၊ ပေါ်တူဂီက ရိုနယ်ဒို၊ အာဂျင်တီးနားက မက်ဆီ၊ ဂျာမဏီက ဖိလစ်လမ်၊ အင်္ဂလန်က ရောနီ၊ အီတလီက အင်ဒရီပီလို နဲ့ဘာလိုတိလီ၊  ဥရုဂွေးက လူးဝစ်ဆွာရက်၊ စတဲ့ ဘောလုံးသမားများဖြစ်ပါတယ်။ သူတို့ရဲ့ ဂိုးသွင်းမှု၊ ဂိုးလွဲမှု များကို ဟာကနဲ ကြည့်ရမှာဖြစ်ပြီး၊  ထုံးစံအတိုင်း ဘောလုံးလောင်းပွဲ၊ မအိပ်မနေ၊ ညသန်းကောင်ပွဲများ မြန်မာနဲ့အရှေ့တောင်အာရှနိုင်ငံ၊ မြို့ရွာအားလုံးမှာ ဇွဲနဲ့ကြည့်ရှုကြတော့မယ်ဖြစ်ပါတယ်။

 

မိုးမခအားကစား


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts