Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

LG မိုဘိုင်းဖုန်း မိတ်ဆက်အခမ်းအနား ကျင်းပ

LG မိုဘိုင်းဖုန်း မိတ်ဆက်အခမ်းအနား ကျင်းပ
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၉၊ ၂၀၁၄

LG ၏ နည်းပညာအသစ်အဆန်းများဖြင့် တီထွင်ပြုလုပ်ထားသည့် မိုဘိုင်းဖုန်းများ ဖြန့်ဖြူးရန် Distributor အသစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ  ချပ်ထရီရမ်ဟိုတယ်တွင် ၂၀၁၄ ခုနှစ် ဇွန်လ ( ၇ ) ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ LG Mobile ၏  Distributor အသစ်ဖြစ်သော  New Myanmar Channel မှ ဦးစိုးငွေရ Project Driector  မှ နှုတ်ခွန်းဆက်စကားပြောကြားပြီး LG Electric Myanmar မှ Managing Driector ,Mr Min Park က အမှတ်တရ နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့သည် ။ ထို့နောက် LG Electric Thailand မှ Mobile Communication Retail Manager Mr.Saroj Youngmode မှ LG ၏ အသစ်ထွက်ရှိသော ဖုန်းထုတ်ကုန်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

LG ဖုန်းများသည် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးမြင့်မားသောကြောင့်  မြန်မာပြည်တွင်းဈေးကွက်တွင် နေရာရရှိမှု မြန်ဆန်ပြီး လူကြီးလူငယ်မရွေး အကြိုက်တွေ့နေကြသော အမှတ်တံဆိပ်တခုဖြစ်သည် ။  ထို့အပြင် ဈေးနှုန်းကြီးမြင့်သော Smart Phoneများတွင်သာ အသုံးပြုနိုင်သည့် Smart View Function Cover များကို LG ဖုန်းများအားလုံးတွင် အသုံးပြုနိုင်ကြောင်း သိရှိရသည် ။ ယခုအသစ်ဝင်ရောက်လာသော မော်ဒယ်များတွင် ငွေကျပ် တသိန်းအောက်ဖြင့် ရောင်းချပေးမည့် L40 model , Stylus Pen ကို အပြည့်အဝအသုံးချနိုင်ပြီး ကျပ် ( ၃ ) သိန်းအောက်ဖြင့် ရောင်းချပေးမည့် G Pro Lite  model  အပြင် အခြားအရည်အသွေးမြင့် Smart Phone အများအပြား ပါဝင်ကြောင်းသိရှိရသည် ။ ထို့အပြင် သုံးစွဲသူများ အာမခံ အပြည့်အဝ ရရှိစေရန်အတွက် (၁ ) နှစ်အာမခံပေးထားပြီး LG Mobile Service Center ကိုလည်း ရန်ကုန်မြို့ လသာမြို့နယ် လသာလမ်း (အပေါ်ဆုံးဘလောက် ) တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည် ။

ထို့နောက် LG Electric မှ New  Myanmar Channel သို့ Authorized Dristributor Certificate နှင့် Authorized Service Provider Certificate  များပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts