ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဟောပြောပွဲ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၇၊ ၂၀၁၄
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၇၊ ၂၀၁၄
ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ကမ်းနားလမ်းမှာရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်မှာ ဇွန်လ ၅ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါဟောပြောပွဲမှာ ဟင်္သာတတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာတင်မောင်ချိုနှင့် မိုလေ၀သနှင့် ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဒေါက်တာဦးထွန်းလွင်တို့မှ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို တက်ရောက်သူ သုံးရာခန့်ရှိပြီး ယခုနှစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ပုဒ်မှာ ပင်လယ်ရေမြင့်တက်လာမှုကို အသံလှိုင်းဖြင့် ထိန်းသိမ်းကြပါစို့ဟူသော ဆောင်ပုဒ်ဖြစ်ကြောင်းလည်း သိရပါတယ်။