Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ခံရမှု (၁၈) လပြည့်အထိမ်းအမှတ် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ခံရမှု (၁၈) လပြည့်အထိမ်းအမှတ် မျက်နှာဖုံးစွပ် ဆန္ဒထုတ်ဖော်
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၄၊ ၂၀၁၄
 

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရမှု  (၁၈) လပြည့်အဖြစ် ဒီမိုကရေစီအင်အားစုအဖွဲ့က ဘုရားဝတ်ပြုဆုတောင်းမှု အဖြစ် မျက်နှာဖုံးများစွပ်ကာ မေ ၂၉ ရက် ညနေ ၃ နာရီကျော်ခန့်တွင် မဟာဗန္ဓုလပန်းခြံအနီး၌ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်သူ  အင်အား ၂၀ ခန့်က မဟာဗန္ဓုလပန်းခြံဘေးမှ မျက်နှာဖုံးများတပ်ဆင်၍ လမ်းလျှောက်ကာ ငြိမ်ချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြ ခြင်း ဖြစ်ပါတယ်။

ကျွန်မတို့ ရှက်လွန်းလို့ မျက်နှာဖုံးအုပ်ပြီး ဆန္ဒပြတာပါ။ ဦးပိုင်ရဲ့လုပ်ရပ်ကို ရှက်လွန်းလို့ပါ။ လယ်တီသိမ်ကို ဖျက်တဲ့အတွက် ရှက်လွန်းလို့ ဒီလိုမျက်နှာဖုံး အုပ်ထားတာပါဟု ဆန္ဒပြအဖွဲ့တွင်ပါဝင်သော မမိုးစန္ဒာက ပြောပြခဲ့ပါတယ်။

ဆန္ဒပြအဖွဲ့မှ ဦးဘမြင့်ကလည်း ဒီမိုကရေစီအစိုးရဆိုလျှင် ပြည်သူမျက်နှာသာကြည့်ရမည်ဖြစ်ကြောင်း၊ နောက်ထပ် ရဟန်းတော်များ မီးရှို့ ဖျက်ဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့ပါတယ်။

ဆန္ဒပြအဖွဲ့သည် ငြိမ်းချမ်းစွာဖြင့် ပန်းခြံအားတပတ်ပတ်ကာ ဆူးလေဘုရားအား သုံးပတ်ပတ်၍ ဘုရားပေါ်သို့တက်ကာ အင်္ဂါထောင့်တွင်ဝတ်ပြုဆုတောင်းပြီး ဆန္ဒထုတ်ဖော်ခြင်းအား ရုတ်သိမ်းခဲ့ပါတယ်။

ဆန္ဒပြအဖွဲ့အား ကျောက်တံတားရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းနိုင်မှ ခွင့်ပြုမိန့်တောင်းခံခြင်းမရှိပဲနှင့် ဆန္ဒထုတ်ဖော်ခဲ့သည်ကို ဟန့်တားခဲ့သော်လည်း ဦးဘမြင့်မှ ဆုတောင်းပွဲဖြစ်သည့်အတွက် ခွင့်ပြုမိန့်တောင်းခြင်းမပြုကြောင်းလည်း ပြောကြားခဲ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts