Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ပိတောက်ရနံ့ စာအုပ်တိုက်မှ ထုတ်ဝေသောစာအုပ်များ ဂုဏ်ပြုပွဲ ပြုလုပ်

ပိတောက်ရနံ့ စာအုပ်တိုက်မှ ထုတ်ဝေသောစာအုပ်များ ဂုဏ်ပြုပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်)၊ ဓာတ်ပုံသတင်း၊ မေ ၂၉၊ ၂၀၁၄

မောင်ခင်မင် (ဓနဖြူ) ၏ “ကျွန်တော့်ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များတစေ့တစောင်း” ၊သိန်းဖေမြင့် ၏ “ဝတ္ထုတိုပေါင်းချုပ်”၊ နန္ဒာသိန်းဇံ ၏ “ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ” ဝင်းငြိမ်း ၏  “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ” နှင့် “စာပေလူကြမ်းမင်းသား”၊ ” ရွှေအမြုတေရဲ့ ရွှေအမြုတေများ” ၊ဗေလုဝ ၏ “တဲ့တာက် ပြာသောနားရွက်” စာအုပ်များ ဖြန့်ချိခြင်းအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းအောက်လမ်းရှိ ဟုမ်းမီဒီယာခန်းမ၌ မေလ ၂၈ ရက် မနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုအခမ်းအနားတွင် စာရေးဆရာမ ခင်သန္တာမှ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး ဆရာဦးဝင်းငြိမ်း၊ ဆရာကြည်မင်း၊ ဆရာနန္ဒာသိန်းဇံ ၏ဇနီး ဒေါ်မာမာ၊ ဆရာဦးသိန်းဖေမြင့်၏သမီးဒေါ်ကြည်သာမြင့်၊ ဦးသိန်းလွင်

(လင်းလွန်းခင်-စာပေ ) တို့မှ မုဒိတာစကားပြောကြားပြီး ဦးခင်မောင်ဦး (ပိတောက်ရနံ့ ) နှင့် ဆရာဇော်ခိုင်ဦး တို့မှ  စာအုပ်ထုတ်ဝေရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်။
ယနေ့ ထုတ်ဝေသော စာအုပ်များသည် ကျွန်တော်ကိုယ်ပိုင်သိမ်းထားချင်သလို စာချစ်သူများလည်းသိမ်းချင်သော စာအုပ်များဖြစ်မည် ထင်၍ယခုကဲ့သို့ ထုတ်ဝေခြင်းဖြစ်ပါကြောင်းလည်း ဦးခင်မောင်ဦး (ပိတောက်ရနံ့ )မှ ပြောပြခဲ့သည် ။ စာအုပ်ဈေးနှုန်းများမှာ ယနေ့ တွင် အထူးလျှော့ဈေးဖြင့် သုံးထောင်၊လေးထောင် မျှဖြင့်သာ ရောင်းချသဖြင့် ဝယ်ယူသူအထူးများပြားသည်ကိုလည်းတွေ့ရှိခဲရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts