ဒေါက်တာသန်းငြိမ်း အမှတ်တရ

ဒေါက်တာသန်းငြိမ်း အမှတ်တရ ရန်နောင် (ဗိုလ်တထောင်)

မေ ၂၃၊  ၂ဝ၁၄


အမျိုးသားဒီမိုကရေစီအင်အားစု (NDF ပါတီ) ခေါင်းဆောင် ဒေါက်တာသန်းငြိမ်း အမှတ်တရ ပြောကြားချက်တချို့ကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာသန်းငြိမ်း၏ နာရေးတွင် သတင်းထောက် ရန်နောင် (ဗိုလ်တထောင်)က တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်သည်။

 “ဆရာနဲ့ က၁၉၈၈ထဲက လက်တွဲလာခဲ့တာပါ။ လက်ခုပ်သံကို မသာယာပဲနဲ့ ဆူးခင်းလမ်းကို လျှောက်ပြီး (၂၀၁၀ ရွေးကောက်ပွဲကို) ဘယ်သူဝင်ဝင်မဝင်ဝင်၊  သစ္စာဖောက် အခေါ်ခံပြီးတော့ပြည်သူရှေ့က

မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့သူပါ၊ ဒီမိုကရေစီဖိုက်တာတစ်ယောက်ပေါ့။ ဒီမိုကရေစီသူရဲကောင်း တယောက် ကျဆုံးသွားတာပေါ့။

ဒီမိုကရေစီတိုက်ပွဲရဲ့ မီးရှူးတန်ဆောင်တိုင်ကြီး ဆုံးရှုံးတာ အန်တီတို့အတွက်ရော၊ တိုင်းပြည်အတွက်ရော ဆုံးရှုံးမှုတစ်ရပ်ပါ”

ဒေါ်ခင်ဝိုင်းကြည်
NDF ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်

 “တကယ်တော့ ရွေးကောက်ပွဲနိုင်ငံရေးကို  အစအဆုံး အခု လွှတ်တော်တက်နေတဲ့ ကျနော်တို့ NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊  ပါတီဝင်တွေကို  ဦးဆောင်ပေးခဲ့သူတစ်ဦးဖြစ်တယ်။

ရွေးကောက်ပွဲ လမ်းစဉ်ကို ကျနော်တို့ခေါင်းဆောင်တစ်ဦးဖြစ်တယ်။

ကျနော်တို့ပါတီအတွက် ကြီးစွာသောဆုံးရှုံးမှုပါ”

ဦးခိုင်မောင်ရည်
NDF ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်

 

”အစ်ကိုပါပဲကွယ်၊  အဲဒီတော့ မိသားစုအတွင်းက ဆုံးရှုံးမှုပေါ့ဗျာ။

သူလည်း တိုင်းပြည်ကောင်းရာကောင်းကြောင်းအတွက် လုပ်နေတဲ့ပုဂ္ဂိုလ်ပဲလေ”

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်
ဒေါက်တာသန်းငြိမ်း၏ ယောက်ဖတော်စပ်သူ 

” ကျောင်းသားသမဂထဲကနိုင်ငံရေးလှုပ်ရှားလာခဲ့တာ၊  နောက်ပြီးတော့အဖွဲ့ချုပ်စတည်ထောင်ကတည်းကသူကပါခဲ့တာ၊ ၁၉၉၀ရွေးကောက်ပွဲကျတော့ ကျောက်တန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်သူ

ကရွေးခံခဲ့တာ၊  ငယ်စဉ်ဘဝတည်းကနိုင်ငံရေးလုပ်လာတာကို၊  ဘာပဲပြောပြောတိုင်းပြည်အတွက်နိုင်ငံရေးလုပ်လာတာ အကုန်လုံးသိကြတာပေါ့၊

အဖွဲ့ချုပ်မှာ အဓိကဆောင်ရွက်လာတဲ့ပုဂ္ဂိုလ်ပါ၊  ငယ်စဉ်ကနေစပြီးတော့ သေတဲ့အထိကိုနိုင်ငံရေးကိုမစွန့်လွှတ်ဘဲလုပ်သွားတဲ့အတွက် အဖွဲ့ချုပ်ကလာရောက်ဂုဏ်ပြုတာဖြစ်ပါတယ်”

ဦးတင်ဦး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး 


 

One thought on “ဒေါက်တာသန်းငြိမ်း အမှတ်တရ

  1. ကိုခင်ညွန့်  က အစ်ကိုပါ ကွယ်တဲ့- အကိုမှာ ဘာအပြစ်ရှိလို့ ထောင်ချခဲ့တာလဲ- ခင်ဗျားလဲ နီးပြီနော် သေဘို့  သေဘို့ -ပြင်ထားဗျ- ယမမင်းထံ ဘယ်လို အစီအရင်ခံမလဲဆိုတာ အထက်အမိန့် ရ လုပ်ရတာဆိုယုံနဲ့ ရမယ် မထင်ဘူး–

Comments are closed.