စာအုပ်စင်

မိုးမခနဲ့ တမိုးတည်းအောက်က ‘စုံနံ့သာ မဂ္ဂဇင်း’ အမှတ် ၅၊ မေလထုတ် ထွက်နေပြီ

 

မိုးမခနဲ့ တမိုးတည်းအောက်က ‘စုံနံ့သာ မဂ္ဂဇင်း’ အမှတ် ၅၊ မေလထုတ် ထွက်နေပြီ

စာအုပ်စင်၊ မေ ၂၃၊ ၂၀၁၄



ကိုဇာဂနာ စီစဉ်ထုတ်ဝေနေတဲ့ ‘စုံနံ့သာ – စာပေ၊ အနုပညာ မဂ္ဂဇင်း’ အမှတ် ၅၊ မေလထုတ် ထွက်နေပါပြီ။ HOME ရဲ့ ရုံးခန်းရိပ်သာမှာ အခြေချနေတဲ့ ‘မိုးမခ မဂ္ဂဇင်း’ နဲ့ တမိုးအောက် အတူနေကြတဲ့ မဂ္ဂဇင်းတစောင်ဖြစ်ပါတယ်။ ကိုသူရက (ဇာဂနာ) သူ့ဖေ့စ်ဘွတ်မှာ အဲသလို ရေးထားပါတယ်။

လစဉ်ထုတ် မဂ္ဂဇင်း နှစ်စောင်ဖြစ်တဲ့ စုံနံ့ သာ နဲ့ မိုးမခ ကို တစ်နိုင်ငံလုံး က စာကြည့်အသင်းအားလုံးဆီကို လ တိုင်းလှူဒါန်းသွားမှာဖြစ်ပါတယ်။စာဖတ် ၀ါသနာပါသူ မိတ်ဆွေအပေါင်းဆက်သွယ်နိုင်ကြပါတယ် ခင်ဗျား။ HOME အမှတ် ၅၈၊ ၆၀ ဗိုလ်အောင်ကျော်လမ်း၊ ရန်ကုန်မြို့၊ ဖုံး ၀၁-၃၈၀-၂၇၂ နဲ့ ၀၁-၃၈၀-၃၀၁ တို့ကို ဆက်သွယ်နိုင်ပါတယ်။

စာရေးဆရာမ ရွှေကူမေနှင်းကတော့  စံတော်ချိန်စာစောင်မှာ ‘ဗိုက်တာမင် မဂ္ဂဇင်းနှစ်အုပ်’ ခေါင်း စဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ပါတယ်။ ‘သူများ ရသမဂ္ဂဇင်းတွေ တဖြုတ်ဖြုတ်ကြွေနေတာ မြင်ပါလျက် ဘယ်လို အ-ကုသိုလ်ကြောင့် မဂ္ဂဇင်းထုတ်ကြတာလဲ’ လို့ ကရုဏာဒေါသော ပြောလိုက်ပါတယ် … တဲ့။

စာစောင်ထုတ်သူကော၊ စာရေးသူတွေကောက အ-ကုသိုလ်ကောင်တွေ မဟုတ်ရပါ ခင်ဗျား။  အ-ကုသိုလ် မလုပ်လိုတာကြောင့် စာပေ အနုပညာ အလုပ် လုပ်နေကြတာ ဖြစ်ပုံရပါတယ်။ (စုံနံ့သာမဂ္ဂဇင်းကတော့ စာမူခတွေ ထိုက်ထိုက်တန်တန် ချီးမြှင့်နေတယ်လို့ ရေးထားပါတယ် ခင်ဗျား၊ သာဓု သာဓု သာဓု)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts