ကဗျာ

သျှင်မိုးပြေး – ဒီဇဗ္ဗူတစ်ခွင်မှာ ရန်သူမီးကို လူတိုင်းသတိပြုပါ

ဒီဇဗ္ဗူတစ်ခွင်မှာ ရန်သူမီးကို လူတိုင်းသတိပြုပါ
သျှင်မိုးပြေး
မေ ၁၈၊ ၂၀၁၄
နွေရာသီကိုရောက်ရင်
ရေမလာလို့  မီးမလာတာ
မဆန်းပါဘူး ဧရာဝတီ …။ပြောရရင် နိုင်းမြစ်လောက်ရှည်ဦးမယ်
သူ့ခဗျာ နိုင်းလောက်မရှည်ပါပဲ
ပလပ်တွေ ၀ိုင်းထိုးတာခံရ
အခုတော့ ချူချာနေပါပြီ …။

မီးလာရင် ဟေးလို့ အော်ကြမယ့်
ငါတို့ကလေးတွေ လရောင်မှာ
ပြေးရင်း လွှားရင်း ကစားရင်း
လက်ဝါးရိုက်ပြီး ဆိုကြတယ် …။

ဝါ၀ါထိန်ထိန် ပေါက်ဖော်ကြီးတို့အိမ်
ဝါးကလေးနဲ့ဆောက်တဲ့အိမ် ငါတို့အဘွားအိမ်
လိမ်တာ ညာတာ ပေါင်ချိန်မကြိုက်ပါ
ကြက်ဆူဆီတွေ မရှိတော့တာ
ရှင်းပစ်လိုက်လို့ပါ …။

စကားလုံး အသစ်တွေ
ဆောင်ပုဒ်အသစ်တွေ
တောရောမြို့ မကျန်
ပညာတိုးအောင် ပြောင်းနေပုံများ
တစ်နှစ် တစ်ခေါက် အဆန်းကြီး …။

ရပ်ကွက်သူ ရပ်ကွက်သားတို့ ခင်ဗျား
ပူပြင်းခြောက်သွေ့ သော နွေရာသီကို
ရောက်လာပြီဖြစ်ပါသဖြင့် အစချီပြီး
ရက်ကွက်ထဲ ညတိုင်း
လော်နဲ့ လှည့်တဲ့ဓလေ့
ဘယ်ခေတ် နွေရာသီကျကျ ရှိသေးတယ်

မြစ်ချောင်းပေါလည်း ရေမ၀တဲ့ပြည်
ရိုးတံကျဲကျဲ နေပူထဲမှာ
အကုန်ပြတ်လပ်တဲ့ ရာသီ
တောင်ပေါလည်း
သစ်ရှားတဲ့ပြည်
ထင်းမီးသွေးခဲ အခုထိခေတ်စားတုန်း
ကမ်းလွန်ရေနံ ပေါတဲ့ပြည်
ဖယောင်းဈေးကွက် ထိုးတတ်နေတုန်း

ခေတ်မီဖွံ့ ဖြိုး တိုးတတ်သော
နိုင်ငံတော်သစ်ဆီသို့  …
ပြောရင်းဆိုရင်း ခြောက်နာရီ
သတင်းဝင်နေပြီ
အငယ်လေးရေ လမ်းထိပ်မှာ
ဖယောင်းတိုင်ထုတ် သွားဝယ်ထားဦး ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts