ဓာတ်ပုံသတင်း

ကင်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်း သိမ်သမုတ် အောင်ပွဲ

ကင်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်း သိမ်သမုတ် အောင်ပွဲ
မိုးမခဓာတ်ပုံသတင်း၊ (ဗုဒ္ဓောဝါဒဆရာတော်ထံမှ ဓာတ်ပုံများ)၊ မေ ၁၇၊ ၂၀၁၄
မေ ၁၃၊ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကင်တက်ကီပြည်နယ် ဘိုးလင်းဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်းမှာ  ဓမ္မအေဗရာဟင် လင်ကွန်းသိမ်ဟု  အမည်နဲ့ သိမ်သမုတ်ပွဲတော် ကျင်းပခဲ့သည်။
သိမ်သမုတ်ပွဲတော်သို့  ၀ါရှင်တန် ဒီစီ၊ မေရီလန်း၊ ဗာဂျီနီယား၊ မြောက်ကာရိုလိုင်းန၊ အင်ဒီယားနား၊ ထင်နက်စီစတဲ့ ပြနည်နယ် ငါးခုမှ ဆရာတော်များနှင့်အတူ မြန်မာပြည်မှ ကြွလာတဲ့ ဓမ္မကထိက ဆရာတော် တွံတေး အရှင်န္ဒက လည်း သိမ်သမုတ်ပွဲကို ကြွရောက်ချီးမြောက်ပေးခဲ့ပါတယ်၊၊
       သိမ်မော်ကွမ်းအား ဆရာတော် ဦးသုဝဏာဘိဝံသရေးသား၍ ဆရာတော် ဦးသီလာစာရမှ ဖတ်ကြားတော်မူခဲ့ပါတယ်၊ သိမ်အောင်ကြောင်း အာသီသပတ္ထနာ ဂါထာကို ဆရာတော် ဦးဓမ္မသာမိ ရေးသား၍  ဓမ္မကထိက ဆရာတော် တွံတေး အရှင်န္ဒကမှ  ဖတ်ကြားတော်မူခဲ့ပါတယ်၊၊
အမေရိကန်ပြည်ထောင်စု ကင်တက်ကီပြည်နယ်တွင် ပထမဦးဆုံး သိမ်အဖြစ် ထေရ၀ါဒ ပိဋကစာပေနှင့် အညီ မြန်မာ့ယဉ်ကျေးမူအတိုင်း မြေကြီးမှာ ကျောက်တိုင်များ ဆိုက်ကာ သိမ်သမုတ် သံဃာတော်များက သိမ်မြေများကို နုတ်ခြင်းနှင့် သမုတ်ခြင်းများကို ဗုဒ္ဓဘာသာတို့ရဲ့ နေထူး နေ့မြတ်ဖြစ်သည့် ကဆုန်လပြည့်နေ့ နံနက် (၉) နာ၇ီတွင် အောင်မြင်စွာ သမုတ်ခဲ့ပါပြီ၊၊
ကြွရောက်လာသည့် သံဃာတော်များ အားလုံး ကဆုန်လပြည့်နေ့ ဖြစ်တာကြောင့် ဓမ္မအေရောဟင် လင်ကွန်းသိမ်တော်မှာ  သံဃာ့ဥပုဓ် များလည်း ပြုတော်မူခဲ့ကာ  သိမ်ဖြစ်မြောက်ရန် မတည်အလှူရှင် ဦးအုန်းမြင့် ဒေါ်တင်တင်ဝင်း မိသားစုမှ ဗုဒ္ဓေါဝါဒ ကျောင်းဆရာတော်အား သိက္ခာထပ်မင်္ဂလာကို ပြုလုပ်ခဲ့ပါတယ်၊၊
ယင်းနောက်  သိမ်အောင်ကြောင်း အနုမောဒနာ တရားကို ဓမ္မကထိက ဆရာတော် တွံတေး အရှင်န္ဒကမှ ဟောကြား၍ ရေစက်သွန်ချ အမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts