ချမ်းမြ (မိုးမခအထောက်တော်) သတင်းပဒေသာ

ချမ်းမြ (မိုးမခအထောက်တော်) – အုပ်ချုပ်ရေးမှူးကို ဆန္ဒပြသည့် ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့်တရားစွဲ

အုပ်ချုပ်ရေးမှူးကို ဆန္ဒပြသည့် ဦးဆောင်သူနှစ်ဦးအား ပုဒ်မ ၁၈ ဖြင့်တရားစွဲ
ချမ်းမြ (မိုးမခအထောက်တော်)
မေ ၁၃၊ ၂၀၁၄
 

မေလ ၁၂ ရက်နေ့တွင် ပြည်မြို့ အနောက်လက္ခုပ္ပင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းအား ဖြုတ်ချကြောင်း  ကြွေးကြော်၍ လူ (၂၀)ခန့် ဆန္ဒဖော်ထုတ်ကြောင်းသိရသည်။

မူလတန်းအဆင့်ပညာရေးသာရှိသော အနောက်လက္ခုပ္ပင်အုပ်စုအုပ်ချုပ်ရေးမှူး ဇရစ်ချောင်ရွာနေ ဦးဉာဏ်ဝင်းသည် သတ်မှတ်ထားသည့် အရည်အချင်းနှင့် မကိုက်ညီချင်း ပြည်သူများကို ခွဲခြားဆက်ဆံခြင်း၊ တောင်သူများကို အစိုးရချေးငွေပေးရာတွင် ခွဲခြားပေးခြင်း ကျေးရွာ အုပ်စုများအတွင်းရှိ လယ်ယာမြေ စားကျက်မြေများကို အိမ်မြေများဖြင့် ရောင်းချခြင်း လယ်ယာစားကျက်မြေများ ဆုံးရှုံးခြင်းကို တားမြစ်ခြင်း မရှိသည့် အုပ်ချုပ်ရေးမှူးအား ဖြုတ်ပေးပါရန် ဆန္ဒဖော်ထုတ်လှုပ်ရှားမှုပါ ဗွီနိုင်းကိုကိုင်ဆောင်ကာ ပြည်မြို့ကိုလှည့်လည်ပြီး မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးရှေ့တို့တွင် ဆန္ဒဖော်ထုတ်ကြောင်းသိရသည်။ 

မေ ၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်လျှောက်ထားသော်လည်း မေ ၆ ရက်နေ့တွင် ခွင့်ပြုမိန့်ငြင်းပယ်ခံရကြောင်း သိရသည်။ ဦးဆောင်ဆန္ဒဖော်ထုတ်သူ ဦးမျိုးနိုင်နှင့် ဦးဝင်းလှိုင်တို့ကို အမှတ် (၁) ရဲစခန်းက ပုဒ်မ (၁၈) ဖြင့် တရားစွဲကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts