Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ပရိတ်သတ်ရင်ထဲ ထိုးထွင်းဝင်ရောက်နေဆဲရှိသည့် မာရဇ္ဇ

ပရိတ်သတ်ရင်ထဲ ထိုးထွင်းဝင်ရောက်နေဆဲရှိသည့် မာရဇ္ဇ
ရန်နောင် (ဗိုလ်တထောင်)
မေ ၉၊ ၂၀၁၄ ။ ရန်ကုန်။

 

 Photo : Yan Naung (Bo Ta Htaung)
 

မိမိအလုပ်အပေါ် ခံယူချက်၊ ယုံကြည်ချက်အပြည့်နဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ကိုယ်လုပ်ချင်ရာလုပ် ခရီးနှင်နေသူ တေးရေး၊ တေးဆို မာရဇ္ဇရဲ့ ဂီတသက်တမ်း နှစ် နှစ်ဆယ်ပြည့်အထိမ်းအမှတ်အဖြစ် တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံမှာ မေလ ၃၊ ၂၀၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲသည် မာရဇ္ဇ၏ ပထမဆုံးအကြိမ် တကိုယ်တော်ရှိုးပွဲဖြစ်သလို Break Trough Band ၏ ပထမဆုံး စင်မြင့်ဖျော်ဖြေပွဲ တီးခတ်မှုလည်း ဖြစ်သည်။ အစီအစဉ်ကို ည ၈ နာရီအချိန်တွင် စတင်ခဲ့ပြီး မာရဇ္ဇ္ဇဆိုတဲ့ အမည်ကိုစိုက်ထူနိုင်ခဲ့တဲ့ ပရိတ်သတ်ရင်းနှီးမှုရှိပြီးသားဖြစ်သည့် မျှော်လင့်ခြင်း လမင်း၊ ကဉ္စနာ၊ အလွမ်း မိတ်တွေ၊ ဆွဲအား ၊ ဆင်းမြီးလက်စွပ် စသည့် သီချင်းတွေအပါအ၀င် အခြားသီချင်းများကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

ဖျော်ဖြေမှု ခေတ္တရပ်နားနေစဉ်အတွင်း လူရွှင်တော် သရုပ်တောင် ဦးမေတ္တာမှ မာရဇ္ဇ၏ ဘ၀ဖြတ်သန်းမှု ပုံရိပ်တချို့ကို အနည်းငယ်ပြောဆိုခဲ့ပါ တယ်။ မကွေးတိုင်း မောင်းလှမြို့မှာ မွေးဖွားခဲ့တဲ့ မာရဇ္ဇဟာ ၁၉၉၃ ခုနှစ်မှာ အိုင်းရင်းခရော့်စ် တေးဂီတအဖွဲ့နှင့်အတူ ပုံရိပ်မဲ့ ဂရပ်ဖစ် တေးစီးရီးနှင့်အတူ ဂီတလောကကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တခါတရံ အောင်မြင်မှုတွေကို ထွေးပိုက်လိုက်၊ တခါတရံ ရှုံးနိမ့်မှုတွေနဲ့ မျက်နှာချင်းဆိုင်လိုက်နဲ့ နှစ်နှစ်ဆယ် ဂီတဘ၀ကိုဖြတ်သန်းရင်း ယခုအခါ တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ ပြုလိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts