ဧပြီ ၉ ရက်၊ ၂၀၁၄ ။ ရန်ကုန်
ဆူးအယ်လ်လင်း
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲနှင့် လူငယ်တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၈ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခမ်းမတွင် ကျင်းပခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုမှ လူငယ်ကိုယ်စားလှယ်များက သိရှိလိုသည့်အ ချက်များကို မေးမြန်းခဲ့ကြပြီး ဗဟိုဥပဒေပြုထောက်ကူအဖွဲ့မှ ဦးဋ္ဌေးဦးက မေးမြန်းချက်များကို ဖြေကြားပေးခဲ့သည်။
“အုပ်ချုပ်တဲ့လူတွေကို ပြည်သူတွေကနေပြီးတော့ စည်းကမ်းသတ်မှတ်တဲ့ ယဉ်ကျေးမှုခေတ်ထဲကို ကျနော်တို့ရောက်နေပြီ။ ပြည်သူတွေက သတ်မှတ်တဲ့စည်းကမ်းအတိုင်း အုပ်ချုပ်သူတွေက လုပ်ရမယ်ဆိုပြီးတော့ သတ်မှတ်လိုက်တဲ့ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်ပါ တယ်” ဟူ၍ ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
လူငယ်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍လည်း မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ၁၉၉၈ ခုနှစ် အောက်တိုဘာ လက အထွေထွေအတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မကွေးတိုင်း ပဲခူးတိုင်း မန္တလေးတိုင်းတို့အား စည်းရုံးရေးခရီး သွားရောက်ခဲ့သည်။ ၎င်းခရီးစဉ်တွင်ပါဝင်ခဲ့သည့် ပြည်သူများအတွင်းမှ လူငယ်အင်အားစုများအား ဒေါ်အောင်ဆန်းစုကြည် က သတိပြုမိကာ လူငယ်အဖွဲ့ဖွဲ့စည်းရန် စည်းဝေးဆုံးဖြတ်ခဲ့ကြပြီး စတင်တည်ထောင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်တိုင်း လေးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ရွေးချယ်ခဲ့ကြသည့် လူငယ်လုပ်ငန်းအဖွဲ့များကို ယမန်နေ့ကပြုခဲ့ခဲ့ သည့် ပွဲမှပင် အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။