ကဗျာ

မြဒေါင်းနွယ် – ဧရာဝတီ သို့မဟုတ် မိခင်

ဧရာဝတီ သို့မဟုတ် မိခင်
မြဒေါင်းနွယ်
မေ ၂၊ ၂၀၁၄

မေခနှင့် မလိခကမွေးဖွား
မြစ်ဘုရားဧရာဝတီ
ရာစုနှစ်များစွာကတည်
ယနေ့ခေတ်တိုင်ခဲ့ပြီ။

သူ့အသက်သွေးနှင့်
မြန်ပြည်စီးပွားရေး
ကြီးပွားရေးတွေ
အရာရာပေးဆပ်
မိခင်မြတ်ပီပီ
မေမေ
မေမေ့သွေးကိုဖောက်
စတေးသောက်ဖို့
အံ့လောက်တဲ့အကြံအစည်
သမီးတို့ လက်မခံပြီ အမေ။

မြန်ပြည့်စီးပွားရေးလမ်းပြ
ခင်းပြလင်းပြရှင်းပြတဲ့
ဇာတ်လမ်းမှတ်တမ်းတစ်ပုဒ်
ဖြစ်ပါစေအမေ
အမေ့ကို ဗန်းပြ
သမီးတို့နားမျှ
လက်မခံချင်တဲ့အကြံအစည်
အသက်သွေးရှိသရွေ့
ပန်းသမျှအား
လမ်းပြ၍ခင်းမည်
အမေသမီးတို့မြန်မာ
ကမ္ဘာ့အလယ်မှာရှိသရွေ့
“မေမေဧရာဝတီ”
ရှင်သန်စေရမည်
သမီးတို့အဓိဋ္ဌာန်
ရာသက်ပန် ။    ။

မြဒေါင်းနွယ်
စက်တင်ဘာ ၁၈၊ ၂၀၁၃၊ ညနေ၂း ၃၀ နာရီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts