Poems ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – သံမဏိလူသား ပြည်သူကြားမှာ

သံမဏိလူသား ပြည်သူကြားမှာ

ရဲရင့်သက်ဇွဲ
ဧပြီ ၂၈၊ ၂၀၁၄

 

 

ဆို့ နင့်ကြေကွဲရပုံများ

ဖော်ပြစရာစကားလုံး

ဘယ်မှာရှာရမှာတုန်း အဘရဲ့ ….

မမှိတ်မသုန် ယုံကြည်ခဲ့တယ်

ပြည်သူ့လွတ်မြောက်ရေးရဲ့ အားဟာ

ပြည်သူကြားမှာသာရှိတယ်

အာဏာရှင်လက်အောက်မှာ

ပြည်သူတွေအားထားလောက်စရာ

ရှားရှားပါးပါး လက်ချိုးရေတွက်လို့ ရတဲ့အထဲ

လောက်လောက်လားလား လေးစားရသူထဲမှာ

အဘဦးဝင်းတင်ဟာ ပြည်သူချစ်တဲ့ ခေါင်းဆောင်ကောင်း

အဘဦးဝင်းတင်ဟာ လူသာသေသွားပေမယ့်

အဘဦးဝင်းတင်ရဲ့  သံမဏိစိတ်ဓာတ်ကတော့

ပြည်သူတွေနှလုံးသားမှာ ထာဝရရှင်သန်နေခဲ့ပြီ. ….

အဘဦးဝင်းတင် ကောင်းရာသုဂတိလားပါစေ…..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts