ကဗျာ

မင်းကောင်းချစ် – မ ကုဋေတစ်ထောင် တစ်ကောင်ဘွားသို့ ဦးညွှတ်ခြင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မ ကုဋေတစ်ထောင် တစ်ကောင်ဘွားသို့ ဦးညွှတ်ခြင်း
မင်းကောင်းချစ်
ဧပြီ ၂၃၊ ၂၀၁၄
 
 
လူထဲကလူ
မိဘပြည်သူ
သူလိုလူ ဇဗ္ဗူရှား
မ-ကုဋေတစ်ထောင် တစ်ကောင်ဘွား
အာဂဗမာပြည်သား။
လူ့ငရဲခန်းကို ထီမထင်
ကြောက်မွှေးနတ္ထိ ဘ၀င်းတင်
စစ်အာဏာရှင်သံပချုပ်
သူ့ (သဖုံး)သွားဖုံးနဲ့ ထိုးကော်ဖြုတ်။
ထဆင်ထူးဝဆွဲ လုံးကြီးတင်
အဆံခပ်ရဲတဲ့ ကလောင်ရှင်
မကြောက်စာသင် ခေတ်ဝန်ထမ်း
ငါတို့ရှေ့က နဂါးငွေ့တန်း ။        ။
၂၃ ဧပြီ၊ ၂၀၁၄ ခုနှစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts