U Win Tin ကဗျာ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ဇော်ထက် (ပျဉ်းမနား) – ငါတို့ အဘ

ငါတို့ အဘ

ဇော်ထက် (ပျဉ်းမနား)၊ ဧပြီ ၂၂၊ ၂၀၁၄

 

အခက်ပွေ

မျက်ရည်တစ်စ

ငါ့

ငါ့အဘ

လာခဏ

ထာဝရ

အဘ

ဘဝ

အလှပြသမျှ

မရဏက ခေါ်တော့

လူ့လောက က

ထွက်ခွာသွားခဲ့ရပြီပေါ့…။

 

ကလောင်

ဆောင်

အရောင်

မဆောင်

အရောင်

ပြောင်

အပြာရောင်

ထောင်အရောင်

အ၀တ်ကိုဆောင်

ဝဋ်ကိုမရှောင်

အမှောင်ချဘောင်

နောင်ဘ၀တောင်

သေမထူးတစ်ကောင်

မကျေဘူးမောင်..တဲ့။

 

လှေခွက်ချည်းကျန်

အသေခက်သည့်သဏ္ဍန်

တစ်ဖန်မှ

အလံချ

သူ.. မပြ

လူဘဝ

အူ..မပြ

ရရင်ရ

မရရင်ချမယ့်ဟန်

မာန်အားအပြည့်

မခံထားရှေ့အမှန်

လှန်

လှန်

လှန်

တော်လှန်

ဘ၀မီးဆံ

ကျန်သမျှ

မချန်ထားခဲ့

မချန်ထားကြနဲ့တဲ့ ………ဟေ့။

 

သူ.. ကမ္ဘာမကြေ

ဇမ္ဗူမှာလေ

လူသာသေ

နာမည်မသေ

အမှန်တည်ပေ

အကြံညီစေသကွဲ့

ပျံချီလေတဲ့

ခွပ်ဒေါင်း တို့ရဲ့ အဘိုး

အရိုးကျေကျေ

အရေခန်းခိုက်ပေမယ့်

အမျိုးအဆွေတွေအတွက်

မနေတန်းတိုက်ခဲ့တယ်မို့

“အကြွေပန်း ညမှာ မကြာခဏ အတော်မောခဲ့ပေလည်း

အဘ..ရယ်

အသေပန်း လှကာ ထာဝရ ကျောစောခဲ့ပြီ”  ။        ။

 

ဇော်ထက် (ပျဉ်းမနား)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts