News Features သတင်းဆောင်းပါး

ဝတ်မှုန်(စင်္ကာပူ) – ကြော်ငြာလုပ်ငန်းတစ်ခုအကြောင်း – စီးပွားရေးလောက

ကြော်ငြာလုပ်ငန်းတစ်ခုအကြောင်း – စီးပွားရေးလောက
ဝတ်မှုန် (စင်္ကာပူ)၊ ဧပြီ ၁၇၊ ၂၀၁၄

ရန်ကုန်မြို့သင်္ကြန်ပွဲတော် မြို့တော်ခမ်းမရှေ့မှာ ဖြေဖျော်ပွဲတွေကို LCD ကားချပ်ကြီးနဲ့ ထပ်မံရုပ်သံလွှင့်ပြသပေးတဲ့ eye corp ကုမ္မဏီကို လေ့လာကြည့်ပါတယ်။ နေပြည်တော်မှာတစ်စီး၊ ရန်ကုန်မှာတစ်စီး ကြော်ငြာ်များကို ဗီဒီယိုလိုက်ပြပေးပါတယ်။ ရန်ကုန်မြို့နယ် စည်ပင်သာယာနယ်နမိတ် လူစည်ကားတဲ့နေရာများမှာ မောင်းသွား၊ ရပ်ထားပြီး ကြော်ငြာဗီဒီယိုတွေကို ပရိတ်သတ်အတွက် ဖွင့်ပြတဲ့လုပ်ငန်းဖြစ်ပါတယ်။ ထုံးစံအတိုင်း အဆိုကျော်၊ ရုပ်ရှင် သရုပ်ဆောင်များရဲ့ ရုပ်ရှင်၊ စတိတ်ရှိုးတွေကို ဖွင့်ပြရင်း သူတို့ဆီ ပိုက်ဆံပေးထားတဲ့ ကုမ္မဏီများအတွက် ကြော်ငြာများကို ဖွင့်ပြရပါတယ်။ တော်တော် ဝင်ငွေကောင်းပါတယ်။

ကြော်ငြာ်လုပ်ငန်းကို
၁။ ရုပ်မြင်သံကြားဌာနများ (မြန်မာ့ရုပ်မြင်သံကြား၊ Skynet .)
၂။ FM Radio များ
၃။ သတင်းစာ၊ ဂျာနယ်၊ စာနယ်ဇင်းများ
၎။ ဘီလ်ဘုတ် Bill Board များ၊ မြို့ထဲနဲ့ဟိုက်ဝေးလမ်းမကြီးများမှာ ကြော်ငြာတိုင်ကြီးများ
၅။ လူစည်ကားနေရာများမှာ ပိုစတာများထောင်ခြင်း (ဥပမာ eye corporation) စသည်တို့ ဖြစ်ပါတယ်။

သူတို့ဘာတွေ ကြော်ငြာနေသလဲ မေးကြည့်ရင်၊ လက်ရှိ မြန်မာလူထုအကြိုက် စီးပွားရေးလုပ်ငန်းများအကြောင်း ရိုးတိုးရိတ်တိတ် သိနိုင်ပါတယ်။

အများဆုံးကြော်ငြာတဲ့ ကုန်ပစ္စည်း၊ စားကုန်များကတော့
– ရှပ်ဗူး၊ ဘလူးမောင်တိန်း ရေသန့်၊ အချိုရည်များ Brand: Alpine
– အာရှအချိုရည်
– ဂွတ်တီ ကြက်သားကြော်သည့် ဆီ Cooking Oil
– အီလန်တံဆိပ်ဆပ်ပြာ
– Samsung Mobile handset / Air-con
– Ford ဖွတ် (အမေရိကန်) မော်တော်ကား
– Max ခေါင်းလျှော်ရည်
– ကလေးနို့မှုန့် ပရီမီယာတံဆိပ် (အပြာရောင်)
…. စသည်တို့ကို ဗီဒီယိုကြော်ငြာများ လိုက်လံပြသတဲ့အလုပ်ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts