Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း သတင်းဆောင်းပါး စောငို

သမီးလေး ကာတွန်း၊ ဓာတ်ပုံများ (ရန်နောင်(ဗိုလ်တထောင်)၊ စောငို)

ဓာတ်ပုံ ရန်နောင် (ဗိုလ်တထောင်)၊  ကာတွန်း စောငို
ဧပြီ ၁၅၊ ၂ဝ၁၄
 

လှည်းကူးမြို့နယ် သမီးလေးကျေးရွာ နှင့် အနီးတ၀ိုက် ကျေးရွာတချို့တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့သူအများအပြား ဖေဖော်ဝါရီလဆန်းပိုင်းတွင် နေအိမ်ကို စွန့်ခွာကြသည်။

၎င်းတို့နေထိုင်ခဲ့သည့်နေရာသည် တပ်ပိုင်မြေ ဖြစ်သွားသောကြောင့် နယ်မြေ ရှင်းလင်းရေး အလုပ်ခံလိုက်ရသည်။

၎င်းတို့ကို နေရာထိုင်ခင်းပေး ကူညီမည်ဟု ကမ်းလှမ်းသူများထဲတွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) လည်း  ပါဝင်သည်။ သို့သော်လည်း သမီးလေးရွာ နှင့် အနီးတ၀ိုက်ရွာများမှ ထွက်ခွာခဲ့ရသူတို့က ကမ်းလှမ်းမှုကို ချက်ချင်း လက်မခံ။

ဒေသကိုစွန့်ခွာပြီး ၂လ ပြည့်ချိန်မှ DKBA ၏ အကူအညီကို လက်ခံလိုက်သည်။ ဤသို့ဖြင့် ယခုအခါ ကရင်ပြည်နယ်ရှိ  DKBA ထိန်းချုပ်သည့် နယ်မြေသို့ ရောက်ရှိသွားသည်။

DKBA က ၎င်းတို့ကို ခေါ်ဆောင်ခြင်းမှာ  စစ်အင်အားအတွက်အသုံးချလိုခြင်းကြောင့်ဖြစ်မည်ဟု ထင်ကြေးပေးခံရသည်။ သို့သော်လည်း DKBA က ထိုသို့ ပြောဆိုခြင်းကို ပယ်ချသည်။

DKBA က စစ်သည်အင်အား အရေအတွက်ကို မကြာမီ  လျှော့ချရမည့် အနေအထား ရှိလာမည်ဟု ဆိုသည်။

ယခုအခါ DKBA ၏ အစီအစဉ်ဖြင့် သမီးလေးဒေသခံ အများအပြား နေရာသစ်သို့ ရောက်ရှိသွားကြပြီ။

နေရပ်တွင် ဆက်လက်နေထိုင်ခွင့်ပေးရေး ဆန္ဒပြ တောင်းဆိုမှု၊  DKBA ခေါ်ဆောင်ရာသို့ လိုက်ပါသွားမှု၊ မွန်ပြည်နယ်အရောက်တွင် ရက်အနည်းငယ် တားဆီးပိတ်ပင်ခံရမှု စသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါသည်။

 

 

 

 

 

 

 

 

 

 

 

မွန်ပြည်နယ် ဘုန်းတော်ကြီးသင်ကျောင်းတခုတွင် ယာယီ ခိုလှုံကြသည်

ဦးချိုအောင်သန်း

ရွှေညဝါဆရာတော်၊ နော်အုန်းလှ

 

 

သထုံ၊ ကျိုက္ကော်ရွာ NLD ရုံးခွဲကလည်း ကြိုဆိုနုတ်ဆက် ကူညီသည်

 

 

 

တားဆီးသည့် သထုံမြို့ပြင်တနေရာမှ လမ်းဘေးမြင်ကွင်းတခု

 

သမီးလေးတို့ကို ဟန့်တားရာတွင် ရဲ၊ စစ်သား အင်အားတချို့ကို အသုံးပြုခဲ့သည်

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts