ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ – ပိတောက်နဲ့ အတာရေ ရင်ဘတ်တွေကို ဂျပ်ပင်ထိုးကြ

ပိတောက်နဲ့ အတာရေ ရင်ဘတ်တွေကို ဂျပ်ပင်ထိုးကြ
ရဲရင့်သက်ဇွဲ
ဧပြီ ၁၄၊ ၂၀၁၄

ဝေဒနာကို

မကြေငြာတော့ပါဘူး

ရနံ့  နဲ့ ပိုး

ဘယ်ဟာက အရင်လာသလဲ

ဒီရာသီထဲမှာ …….

ရင်ခုန်သံတွေ တ၀ုန်းဝုန်းမြည်ဟီး

သွေးတိုးချင် သလိုလို

သွေးပေါင်းချိန် ကျချင်သလိုလို

နေမထိ ထိုင်မသာ ဒီရောဂါဟာ

တနှစ်တခါ နှိပ်စက်လွန်းတယ် ……

အရူးတယောက်လိုပါပဲ

ဥရောပရဲ့ နွေဦးပေါက်ရာသီမှာ

(အနွေးထည်ကို ၀တ်နေရတုန်း)

အမိမြေရဲ့ 

အတာကူးတဲ့ တန်းခူးလကို လွမ်း

ပိတောက်ပန်း လန်းဆတ်တဲ့

ပိတောက်ပန်း

ငါ နမ်းရှိုက်ခွင့်ရချင်ရဲ့ ……..

သေချာပါတယ် ……

ကျနော်တို့  ခင်ဗျားတို့ ဟာ

ဘယ်လိုအသားအရောင်မျိုးပဲရှိကြ ရှိကြ

ဘယ်ဘာသာတရားပဲ ကိုးကွယ် ကိုးကွယ်

ဘယ်ဒေသပဲရောက်ရောက်

အမိပြည်မြန်မာရဲ့  …

ဒီမြေ ဒီရေမှာ မွေးဖွားကြီးပြင်းခဲ့သူဆိုရင်

ပိတောက်နဲ့ အတာရေကို ချစ်တဲ့ ချစ်ခြင်းတရား

တို့ တတွေရဲ့  နှလုံးသားမှာ ဟုန်းဟုန်းထနေမယ်ဆိုတာ

ငါ ယုံတယ်……

ကဲ …. တကမ္ဘာလုံးမှာ

အလွမ်းတွေနဲ့ သင်္ကြန်ကို အဆာမပြေသူများ

ကိုချောရဲ့ စကားတခွန်းလိုပ

ရင်ဘတ်ချင်း ဂျပ်ပင်ထိုးကြ……….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts