ကဗျာ ဆောင်းလူ

Saung Luu – ပိတောက်တွေ မြုံနေတဲ့မြို့

 

ပိတောက်တွေ မြုံနေတဲ့မြို့
ဆောင်းလူ
ဧပြီ ၁၂၊ ၂၀၁၄
++++

စကားနောက် တရားပါ …
လမ်းခုလတ်အရောက်မှ ဖောက်ပြန်ရေး ကြီးစိုးသွားလေတော့
ပိတောက်တွေတောင် မြုံသွားခဲ့ရပေါ့ …။
…..
…..
လောကပါလတရားတွေနဲ့
သစ္စာတွေ ပျောက်ဆုံးနေတဲ့ မြို့ …
သက်သေခံလက်မှတ်တွေ ကုန်ကူးခံရတဲ့မြို့ …
အာလပ သလာပတွေနဲ့ ဒွေးရောယှက်တင် ပျော်မြူးနေတဲ့မြို့ …
…..
…..

ဒီမြို့က စွေစွေကြည့်လိုက်ရင်
ဖုတ်ပူမီးတိုက် လိုင်စင်မဲ့တွေ ဟိုတစ ဒီတစ ..။
…..
…..

ဒီမြို့က စွေစွေကြည့်လိုက်ရင်
ဟိုးအဝေးက … သူ့ကယ်နိုး ငါ့ကယ်နိုး ဘ၀များ …။
…..
…..

ဒီမြို့ပေါ် စွေကြည့်လိုက်မှ
ခုတုံးလုပ်သူတွေကြား ပိတောက်တွေ ရင်ကွဲပက်လက် …။
…..
…..

စနစ်တခုအတွက် အခိုင်အမာ ရပ်ခဲ့တဲ့မြို့
ပိတောက်တွေ မြုံနေမှ
သစ္စာတွေ ပျောက်ခဲ့ပါလားဆိုတာ သတိရမိတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts