About MoeMaKa ကြော်ငြာကဏ္ဍ

မိုးမခလစဉ်မဂ္ဂဇင်း မြန်မာပြည်မှာ ထုတ်သည်

မိုးမခလစဉ်မဂ္ဂဇင်း မြန်မာပြည်မှာ ထုတ်သည်

မိုးမခ၊ ဧပြီ ၉၊ ၂၀၁၄

ဆယ်စုနှစ် တခုကျော် အမေရိကန်ပြည်မှာပဲထုတ်နေခဲ့တဲ့ မိုးမခမြန်မာစာစောင်ကို ၂၀၁၄၊ ဧပြီ၊ မြန်မာနှစ်သစ်ကူးအမှီ မြန်မာပြည်မှာ ထုတ်လုပ်လိုက်ပါပြီ။ Made in USA မဟုတ်တော့ဘဲ Made in Burma စာနယ်ဇင်းတစောင်ကို မြန်မာပြည်က ပရိသတ်တွေ အားပေးနိုင်ပြီ ဖြစ်ပါတယ်။ မိုးမခရဲ့ ပင်တိုင်တွေ ၀ိုင်းတော်သားတွေအားလုံးကတော့ မြန်မာပြည်သားတွေချည်းပါပဲ။ ရေးတာကလည်း တလျောက်လုံး မြန်မာဘာသာစကားနဲ့ပါပဲ။

မိတ်ဟောင်း မိတ်သစ်များ အားပေး ကူညီ စောင့်ရှောက်တော်မူကြပါ။ စာအုပ်တအုပ်ဖြစ်လာအောင် ၀ိုင်းဝန်းမွေးဖွားပေးလိုက်ကြတဲ့ စပရှယ်လစ်တွေ အားလုံးကို မိုးမခ၀ိုင်းတော်သားများက အထူး ကျေးဇူးတင်ပါတယ်။ မိတ်ဆွေစာနယ်ဇင်းသမားတွေကလည်း သတင်းလေးတွေ ဖြန့်ပေးကြပါဦး။ စာအုပ်မြင် ချစ်ခင်ကြပါစေ။

မိုးမခရုံးစိုက်ရာဌာနကို ကိုယ်တိုင်လာပြီး လက်ဆောင်တောင်းနိုင်ကြပါတယ်။ အားပေးလိုသူတွေအတွက်ကတော့ အောက်ဖော်ပြပါ စာအုပ်တိုက်တွေမှာ မေးဝယ်နိုင်ပါတယ်။ စာကြည့်တိုက်၊ စာဖတ်အသင်း၊ လူမှုရေး၊ ပညာရေးနဲ့ အရပ်ဘက်အသင်းအဖွဲ့များက အခမဲ့ ရယူနိုင်ပါတယ်။

မန္တလေးဖြန့်ချိရေး

– ရာပြည့်မန္တလေး(စာအုပ်ဆိုင်)

၃၅လမ်း၊၇၂လမ်း×၇၃လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

ဖုန်း(၀၂)၇၇၄၂၄

– ထွန်းဦးစာပေ

၈၄လမ်း×၂၉လမ်းထောင့်၊ မန္တလေးမြို့။

ဖုန်း(၀၉)၂၀၀၅၈၅၂

– နဂါးစာပေ

၈၃လမ်း၊၂၉လမ်းနှင့်လမ်း၃၀ကြား၊ မန္တလေးမြို့။

ရန်ကုန်ဖြန့်ချိရေး

ရန်အောင်စာပေ

၁၂ လုံးတန်းကားမှတ်တိုင်၊ ရန်ကင်း ။ ၀၉ ၇၃၂၄၃၈၅၁

မိုးမခ ရန်ကုန်ရုံးစာပွဲ 

 HOME – အမှတ် ၅၀-၆၀၊ ဗိုလ်အောင်ကျော် (အောက်) လမ်း၊ ဗိုလ်တထောင်၊ ရန်ကုန်၊ ဖုံး ၀၉၂၅၄-၂၀၀-၆၀၆

မာတိကာ ကြည့်ရန်

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts