ရသဆောင်းပါးစုံ

မောင်ဖေသက်နီ – လန်ဒန်မှာပြသခဲ့တဲ့ ကပ်ဘေးဒဏ်သင့်ပြီးသေဆုံးခဲ့သူရဲ့ အရိုးစုတွေက လျှို့ဝှက်ချက်တွေကိုပြသနေခြင်း

လန်ဒန်မှာပြသခဲ့တဲ့ ကပ်ဘေးဒဏ်သင့်ပြီးသေဆုံးခဲ့သူရဲ့ အရိုးစုတွေက လျှို့ဝှက်ချက်တွေကိုပြသနေခြင်း 
(London skeletons reveal secrets of Black Death)
မောင်ဖေသက်နီ
ဧပြီ ၅၊ ၂၀၁၄

Don Walker, a human osteologist with the Museum of London, holds the skull of one of the skeletons found by construction workers
under central London’s Charterhouse Square on Wednesday. (AP-Yonhap)

 

Published : 2014-03-30 20:42
Updated : 2014-03-30 20:42
လန်ဒန်မြို့ (အေပီသတင်းဌာန)။ ။ သွားတချောင်းကနေ လေ့လာသိရှိခဲ့မှု။

လန်ဒန်မြို့ထဲက ရထားလမ်းသစ်တွေ တည်ဆောက်နေတုန်း တွေ့ ရှိခဲ့ရတဲ့ လူအရိုးစုတွေထဲက အံသွားတွေကို လေ့လာကြည့်တဲ့အခါ အဲဒီ လူ့ အရိုးစုတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၇၅ ကနေ ၂၀၀ လောက်တုန်းက ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါတခုကြောင့် သေဆုံးခဲ့ရသူတဦးရဲ့ အရိုးစု ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။

လန်ဒန်ပြတိုက်မှာ အလုပ်လုပ်နေတဲ့ အရိုးလေ့လာရေးပါရဂူ ဒွန်ဝေါ့လ်ကာ Don Walker က အဲဒီ ရှေးခေတ်လူသားတယောက်ရဲ့ အရိုးစု တွေလို့ ယူဆနေပါတယ်။ နောက်ပြီး လန်ဒန်မှာအလုပ်လုပ်နေခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားတယောက် “ချာတာဟောက်စ် စကွဲယား Charterhouse Square” တည်ဆောက်ဖို့အတွက် အလုပ်လုပ်ကိုင်စဉ် နို့စို့ကလေးဘ၀ကတည်းက အင်္ဂလန်နိုင်ငံရဲ့ တခြားဒေသတခုကနေ လန်ဒန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပါတယ်။ ငယ်စဉ်ကလေးဘ၀မှာ အလုပ်ကြမ်းမျိုးစုံလုပ်ရင်း ရပ်တည်နေခဲ့ပြီး သူဟာ အသက် ငယ်ငယ်နဲ့ ပဲ သေဆုံးသွားခဲ့သူ ဖြစ်နိုင်တယ်လို့  ဒွန်ဝေါ့လ်ကာက ခန့်မှန်းပြောဆိုပါတယ်။ သူဟာ ဆယ်ကျော်သက်အရွယ်မှာ ၁၄ ရာစုနှစ်တုန်းက ဥရောပတိုက်မှာ ဖြစ်ပွားခဲ့တဲ့ ပုလိပ်ရောဂါတမျိုးကြောင့် သေဆုံးသွားခဲ့သူတယောက်ဖြစ်နိုင်တယ်လို့ ဒွန် ဝေါ့လ်ကာက ဆက်ပြီးပြောပြခဲ့ပါတယ်။

အဲဒီ့ သေဆုံးသွားတဲ့ပုဂ္ဂိုလ်ဟာ မြင်ရရင် အရပ်ပုပြက်ပြက်နဲ့ အချိုးအစားအရ ကြည့်မကောင်း၊ ရှုမကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ့ပုဂ္ဂိုလ်ဟာ ဉာဏ်ပညာထူးချွန်ထက်မြက်သူတယောက်အဖြစ် ရေရှည်ရပ်တည်နေနိုင်ခဲ့သူ ဖြစ်ခဲ့ပါလိမ့်မယ်။ “အခုတွေ့ရှိရတဲ့ အရိုးစု တွေကို စစ်ဆေးလေ့လာကြည့်တဲ့အခါ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ က သေဆုံးသွားခဲ့တာ ဖြစ်နိုင်ပါတယ်။ မယုံကြည်နိုင်လောက် အောင်ပါပဲ” လို့  ဒွန် ဝေါ့လ်ကာက ဆက်ပြီးပြောပြခဲ့ပါတယ်။

အရိုးစုစုပေါင်း၂၅ ချောင်းကို မနှစ်တုန်းက (၂၀၁၃ ခုနှစ်မှာ) ၁၃ မိုင် (၂၁ ကီလိုမီတာ) ရှည်လျားတဲ့ ရထားဖြတ်လမ်းဆောက်လုပ်စဉ်မှာ လန်ဒန်မြို့ရဲ့ အချက်အချာကျတဲ့နေရာရဲ့ မြေအောက်ကနေ တူးဖေါ်တွေ့ရှိခဲ့တာပါ။ တွေ့စမှာတော့ အရိုးစုတွေဟာ ပလိပ်ရောဂါကပ်သင့်ပြီး သေဆုံးသွားခဲ့သူတွေမြှုပ်နှံတဲ့သင်္ချိုင်းကုန်းတခုခုက ဖြစ်လိမ့်မယ်လို့ ရှေးဟောင်းသုတေသီတွေက ယူဆခဲ့ကြပါတယ်။ အရိုးစုတွေတွေ့ရ တဲ့နေရာဟာ ရှေးဟောင်းမြို့ဟောင်းတည်ရှိခဲ့တဲ့ နေရာဖြစ်နိုင်ပါတယ်။ အရိုးစုတွေ့တဲ့နားမှာ ရှေးဟောင်းနဲ့သက်ဆိုင်တဲ့ အရာဝတ္ထု ပစ္စည်းတွေ၊ ဗိုလ်ရှုခံဌာန၊ ခေါင်းတိုင်နဲ့  တခြားရှေးဟောင်းပစ္စည်းတွေကိုလည်း တွေ့ ခဲ့ရပါတယ်။ ဘုန်းကြီးကျောင်းအဖြစ် အသုံးပြုနေတဲ့ အရင်ခေတ် အိမ်တလုံးတို့ ကြောင့် အခုနေရာဟာ အရင်တုန်းကရာစုနှစ်တွေနဲ့  ချီပြီး မြို့တမြို့အဖြစ် တည်ရှိနေခဲ့တဲ့ နေရာတခုဖြစ်ပါလိမ့်မယ်။

သူတို့ ရဲ့ သီဝရီစမ်းသပ်ချက်တွေအရ သုတေသီတွေဟာ အရိုးစု ၁၂ စုက ရရှိခဲ့တဲ့ အံသွားတွေထဲက တချောင်းကိုနှုတ်ယူပြီး DNA လို့  ခေါ်တဲ့ “ဒီအောက်ဆီရီဘွန်နျူကလီးယား အက်ဆစ် Deoxyribonucleic acid (DNA)” နဲ့ စမ်းသပ်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မှာ အရိုးစုကရရှိခဲ့တဲ့ သွားတွေကို စစ်ဆေးကြည့်တဲ့အခါ “ယာဆီနီယာ ပက်စ်တီး Yersinia pestis” လို့ ခေါ်တဲ့ ဘက်တီးရီးယား တမျိုးကြောင့်လို့ သိရပြီး အရိုးစုတွေဟာ ပလိပ်ရောဂါခံစားရပြီး သေဆုံးခဲ့သူတယောက်ရဲ့ အရိုးစုတွေဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီ ပလိပ်ရောဂါကို “ဆိုးဆိုးဝါးဝါး သေဆုံးမှု (၀ါ) Black Death” လို့ အမည်ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

လေ့လာမှုတွေက ဒီလောက်နဲ့ ရပ်မသွားပါဘူး။ ရှေးဟောင်းသုတေသီတွေ၊ သမိုင်းပညာရှင်တွေ၊ ဇီဝမျိုးကွဲဗေဒပညာရှင်တွေ၊ ရူပဗေဒ ပညာရှင်တွေအားလုံးဟာ ခေတ်မီကရိယာပစ္စည်းတွေသုံးပြီး သိပ္ပံပညာအမျိုးမျိုးနဲ့ ဆက်လက်လေ့လာခဲ့ပြီးတဲ့နောက် သမိုင်းအချက်အလက် သစ် တွေကိုတွေ့ လာခဲ့ကြတာလည်းဖြစ်ပါတယ်။

ရေဒီယိုကာဗွန် စမ်းသပ်နည်းကို အသုံးပြုပြီးတွေ့ ရှိခဲ့တဲ့ ပန်းကန်ခွက်ယောက်တွေကို လေ့လာကြည့်ပြီးတဲ့အခါ လွန်ခဲ့တဲ့နှစ်တွေ အများ ကြီးတုန်းက အခု အရိုးစုတွေတွေ့ ရှိခဲ့တဲ့ အနီးတ၀ိုက်မှာ မီးသင်္ဂြိုဟ်မှုတွေ လုပ်ခဲ့ဖူးလိမ့်မယ်လို့ ယူဆခဲ့ကြတာပါ။ Forensic geophysics လို့ခေါ်တဲ့ သေမှုသေခင်းဆိုင်ရာ ဇီဝရုပ်ခန္ဓာဗေဒဟာ စစ်ရာဇ၀တ်မှုတွေနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါ အသုံးပြုနေတဲ့ ပညာ ရပ်တမျိုးလည်း ဖြစ်ပါတယ်။ အဲဒီပညာရပ်ကိုအသုံးပြုပြီး မြို့ပြရဲ့ရင်ပြင်ကြီးတွေ၊ ဗိုလ်ရှုခံကြီးတွေတည်ထားတဲ့ နေရာတွေရဲ့မြေ အောက်မှာ ဂူသင်္ချိုင်းတွေရှိနေနိုင်ဦး မလားဆိုပြီး စတင်လေ့လာနေကြပါတယ်။ အရိုးစုတွေထဲမှာ အောက်စီဂျင်နဲ့ strontium isotopes စထရော်န်းတီ ယမ် အိုင်ဆိုတော့ပ် လို့ခေ တဲ့ ဘူမိရုပ်ခန္ဓာဗေဒရဲ့ ဖွဲ့ စည်းမှုတွေ ရှိ၊ မရှိကို မူတည်ပြီး လူတွေဟာ ဘာကြောင့်နဲ့  ဘယ်လိုသေခဲ့ရသလဲဆိုတာကို ဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။

အခုတွေ့ ရှိခဲ့ရတဲ့ အရိုးစုတွေဟာ အရွယ်ပမာဏကလည်းကြီးမားပြီး သက်ရှိထင်ရှားရှိစဉ်က ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရပါလိမ့်မယ်။ ရရှိ ခဲ့တဲ့ အရိုးစုတွေအရ “မဟာ ဣတ္တိယ Great Famine” အတွေးအခေါ်ဟာ ပလိပ်ရောဂါကို “ဆိုးဆိုးဝါးဝါး သေဆုံးမှု (၀ါ) Black Death” ကပ်ဘေးဆိုး ကြီး ဥရောပတိုက်ကို မထိခိုက်မီ နှစ်ပေါင်း ၃၀ လောက်ကတည်းက တိုင်းသူပြည်သားတွေအပေါ်သြဇာသက်ရောက်ခဲ့ပြီး အစာအဟာ ရချို့ တဲ့မှုတွေ စတွေ့နေရပါပြီ။ လူအများအပြားဟာ ကပ်ဘေးကြီးကျရောက်ပြီး သူတို့ ဘ၀တွေဟာ ကြမ်းကြမ်းတမ်းတမ်းဖြတ် သန်းခဲ့ရပုံရပါတယ်။ လူသားတွေဟာ အသက်သတ်လွတ်စားသုံးသူအဖြစ် ရောက်ရှိခဲ့ရပါတယ်။ လူအချို့ဟာလည်း သာသနာ့ဘောင်ထဲ ၀င်ရောက်ခဲ့ကြပါတယ်။

မြေအောက်ကနေ ခေတ်အပိုင်းအခြားအရ ဆိုးဆိုးဝါးဝါး သေဆုံးမှု (၀ါ) Black Death” ကပ်ဘေးဆိုးကြီး ဖြစ်ပွားခဲ့တဲ့ ၁၃၄၈-၁၃၅၀ ခုနှစ်၊ နောက်ထပ်ဖြစ်ပွားခဲ့တဲ့ ၁၃၆၁ ခုနှစ်ကပ်ဘေးဆိုးကြီးနဲ့ ၁၅ ရာစုနှစ်အစောပိုင်းကာလဖြစ်ပွားခဲ့တဲ့ ကပ်ဘေးဆိုးကြီးဆိုပြီး ကပ်ဆိုးသုံးမျိုးသုံး စား ကွဲပြားနေတဲ့ အရိုးစုတွေကို ရှာဖွေတွေ့ ခဲ့ရတဲ့အတွက် ရှေးဟောင်းသုတေသီတွေဟာ အံ့အားသင့်သွားခဲ့ပါတယ်။

“အဲဒီနေရာကို ပလိပ်ရောဂါကြောင့် သေဆုံးခဲ့သူတွေအတွက် သင်္ချိုင်းအဖြစ် ထပ်ခါထပ်ခါ အသုံးပြုခဲ့တာပါ” လို့ လန်ဒန်မြို့ရထားလမ်း ဆုံတွေအောက်မှာ လေ့လာရေးတွေလုပ်နေတဲ့ ရှေးဟောင်းသုတေသနအဖွဲ့ ခေါင်းဆောင် ဂျေးကာဗာ Jay Carver က ပြောဆိုခဲ့ပါတယ်။

(၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ထုတ် Korean Herald Newspaper ကိုရီးယားဟယ်ရယ် သတင်းစာထဲမှဖေါ်ပြခဲ့ပြီး မောင်ဖေသက်နီ ဘာသာပြန်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts