ကဗျာ

မောင်လွမ်းဏီ – ေ က သ ရာ ဇာ

ေ က သ ရာ ဇာ
မောင်လွမ်းဏီ
မတ်လ ၂၉၊ ၂၀၁၄

ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတစ်ထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။

ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။

ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။

ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။

ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။

(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)မောင်လွမ်းဏီ
၂၈ – ၃ – ၂၀၁၄မောင်လွမ်းဏီ ဖေ့ဘုတ်ခ်စာမျက်နှာမှ ပြန်လည်ကူးယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts