နိုင်ငံတကာရေးရာ

ရှုခင်းသစ် အွန်လိုင်း – စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အနာဂတ်ရှုခင်းအတွက် လွှင့်တင်

ရှုခင်းသစ် အွန်လိုင်း – စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အနာဂတ်ရှုခင်းအတွက် လွှင့်တင်

 မိုးမခအထောက်တော် (ချင်းမိုင်)၊ မတ်လ ၂၄၊ ၂၀၁၄

ပြည်ပရောက် မြန်မာကဗျာဆရာတချို့က ဦးစီးတည်ထောင်ထားတဲ့ ရှုခင်းသစ်ဆိုတဲ့ အင်တာနက်မဂ္ဂဇင်းတခု ကို ၂၀၁၄ ခုနှစ် မတ်လကနေပြီး စတင်တည်ထောင်လိုက်ပါတယ်။ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အနာဂတ်ရှုခင်းဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲထားတဲ့  အဆိုပါ အင်တာနက်မဂ္ဂဇင်းစာမျက်နှာပေါ်မှာအနု ရသ သုတမျိုးစုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ရှု့ခင်းသစ်သို့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ၊အစရှိသော မိမိတို့ ဖန်တီးမှုလက်ရာများ၊ စာမူများ newsightsmm@gmail.com ကို ပေးပို့နိုင်သလို ရည်ရွယ်ချက်မှာ မြန်မာ့ယဉ်ကျေးမှု အနုပညာ၊ လူမှုဖွံ့ဖြိုးရေး၊ ပညာရေး၊ ဗဟုသုတများ တိုးတက်စေရန် ဦးစားပေးဖော် ပြပေးမည်ဖြစ်ကြောင်းလည်း
စာမူဖိတ်ခေါ်ရာမှာ ဖော်ပြထားပါတယ်။မြန်မာစာပေ အနု ရသ သုတဆိုင်ရာ တိုးတက်မြင့်မားရေးအတွက်ရည်ရွယ်ပြီး ရောက်ရှိလာတဲ့ ရှုခင်းသစ်ကို မိုးမခအနေနဲ့လည်း လက်ကမ်းကြိုဆိုလိုက်ပါတယ်။

ရှုခင်းသစ်ရဲ့ အင်တာနက်စာမျက်နှာ လိပ်စာကတော့ http://newsightsmm.comဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရှုခင်းသစ် အွန်လိုင်း – စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ အနာဂတ်ရှုခင်းအတွက် လွှင့်တင်
  1. ညီအကိုတမျှ ချစ်ခင် ရင်းနှီးတဲ့ သူခယ်ချင်း တယောက်က သူတို.ဘော်ဒါတွေ စုပေါင်းထုပ်ဝေထားတဲ့ ရှုခင်းသစ်new sights ၀က်ဆိုက်လေးပါဆိုတော့ သူငယ်ခင်းဆိုတော့ အားနာ ပါးနာနဲ. အင်း ဖတ်ကြည့်မယ်ပေါ့ –တနေ.မှာပြင်းပြင်းရှိတာနဲ.ဖတ်ကြည့်တော့မှ ခလေးတွေအတွက်ကော လူကြီးတွေအတွက်ပါဗဟုသုတတွေ တိုးပွါးစေတဲ့ ၀က်ဆိုက်လေး ဖြစ်မှန်းသိလ်ုရပါတယ် Newsights လေးကိုမွေးဖွါးပေးလိုက်တဲ့ဝိုင်းတော်သားအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ

Comments are closed.