ရသဆောင်းပါးစုံ မောင်လူရေး

ခေတ်သစ် လူ့အခွင့်အရေး ကြေညာစာတမ်း – အပိုင်း (၂)

မောင်လူရေး

မတ်လ ၁၄၊ ၂၀၁၄

ကနေ့ကာလမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပြောလိုက်တဲ့အသံတွေ ညံလို့။
လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မတူတဲ့ဒေါင့်က ကြည့်ထားတဲ့ အိုရှိုးရဲ့ စာအုပ်ထွက်လာပါတယ်။ တချိန်ကတော့ အိုရှိုးရဲ့စာတွေကို ဘယ်ဖြန့် ချိခံရဲမလဲ။ အိုရှိုးကိုတော့ ပွင့်လင်းပါတယ်၊ သဘောထားကြီးပါတယ်ဆိုတဲ့ အမေရိက၊ ဥရောပတို့ကတောင် ကြောက်ကြတယ်လေ။ ဒီစာ အုပ်ကိုတော့ အောင်မေဃ ဘာသာပြန်ထားတာပါ။ မျှဝေချင်လို့။

 ဒါကတော့ အပိုင်း (၂) ပေါ့။  

 (၂) မေတ္တာ

ကျနော့်ရဲ့ ဒုတိယအကြောင်းအချက်က မေတ္တာပဲ။ မေတ္တာကို အလွန်မှ အခြေခံ ကျတဲ့ လူအခွင့်အရေးလို့ မှတ်ယူသင့်ပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးက လူအခွင့်အရေးလို့ မှတ်ယူသင့်ပါတယ်။ ဒါပေမဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးက မေတ္တာကို အဆိပ်သင့်အောင်လုပ်ထားပါတယ်။ တကယ်တော့ အဲဒါ မေတ္တာကို အဆုံးစီရင် လိုက်တာပါပဲ။ အိမ်ထောင်စနစ်က လိမ်ညာတဲ့ မေတ္တာရဲ့ အဖြည့်ခံသက်သက်ပါ။

အတိတ်ကာလက အိန္ဒိယမှာ လူငယ်လေးတွေကို  အိမ်ထောင်ပြုပေးခဲ့ကြတယ်။ အဲဒါ မိဘတိုင်းရဲ့ တာဝန်လို့ မှတ်ယူခဲ့ကြတယ်။ အဲဒီ ကလေးငယ်တွေက မေတ္တာ ဆိုတာ ဘာမှ မသိကြသေးပါဘူး။ အိမ်ထောင်ရဲ့ အဓိပ္ပာယ်ကိုတောင်မသိဘဲ အိမ်ထောင်ကျသွားလေ့ရှိတယ်။ သူစိမ်းမိန်းကလေးတစ်ယောက်နဲ့အတူ နေလာ ခဲ့ကြတယ်။

ဒီလိုဘာကြောင့် ငယ်ငယ်ကတည်းက ကိုယ့်သားသမီးတွေကို နေရာ ချပေးခဲ့ ကြသလဲ။ မေတ္တာခံစားမှု အရွယ်ရောက်ပျိုရွယ်လာမှု လူငယ်သဘာဝတွေ ပေါ်ပေါက် မလာကြစေဖို့ပါ။ လူငယ်စိတ်သဘာဝ ပိတ်ဆို့တားမြစ်လိုက်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုရင် တစ်ကြိမ်တစ်ခါလောက် မေတ္တာနှလုံးသား မေတ္တာခံစားမှု ပေါ်ထွန်းလာရင် တားဆီးလို့  ဖျက်လို့ လုံးဝမရတော့လို့ပါ။

တကယ်တော့ ငယ်ရွယ်ချိန်မှာ နေရာချပေးလိုက်တာ လူသားမဆန်ပါဘူး။ လူက သူချစ်တဲ့သူ မေတ္တာမျှနိုင်မယ့်လူ၊ နှစ်သက်တဲ့လူကို ရှာဖွေခွင့် ရှိရပ့ါမယ်။ အဲဒါ လူမှုအဖွဲ့အစးည်းရဲ့အာဏာစည်းမျဉ်း စည်းကမ်းကန့်သက်ချက်နဲ့ ဘယ်လိုမှ မပတ် သက်သင့်ဘူး။ မေတ္တာက လူသားနှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲ။ အဲဒါကို လျှို့ဝှက်ထားတာ မွန်မြတ်တဲ့ကိစ္စပဲ။

တကယ်လို့ လူနှစ်ယောက်က အတူနေချင်ရင် ကြားက ကိုယ်စားဝတ်ပြုပေးတဲ့ ဘုန်းကြီးနဲ့ အစိုးရရဲ့အမိန့်တောင် ခံနေဖို့မလိုပါဘူး။ သူတို့နှစ်ဦးရဲ့ နှစ်လုံးသား ခွင့်ပြုချက်ပဲလိုတယ်။ ပြီးတော့ သူတို့ နှုတ်ဆက်ခွဲခွာချင်ရင် အသာတကြည် နှုတ်ဆက် ခွဲခွာသင့်တယ်။ မတည့်အတူနေ ငရဲခံနေဖို့ မလိုပါဘူး။ ဒီအတွက် ဘာခေတ်သစ် ခေတ်ဟောင်း ပကာသနမှ မလိုအပ်ပါဘူး။

မိတ်ဆွေမဖြစ်နိုင်တော့ရင်လဲ အတိတ်က ချိုမြိန်တဲ့ကြင်နာမှုတွေ၊ အမှတ်ရစရာ တွေကို ရင်ဝယ်ပိုက်ပြီး ခွဲခွာသွားနိုင်ပါတယ်။ တကယ်တော့ မေတ္တာသာ ဆက်သွယ် မှုရဲ့ တစ်ခုတည်းသောအကြောင်းပါ။ အဲဒါ ကျားမနှစ်ဦးကို ခိုင်မြဲအောင် တွဲဖက်ထား နိုင်တယ်။ မေတ္တာရှိရုံနဲ့လုံလောက်ပါတယ်။ အတူနေတဲ့လုပ်ငန်းတစ်ခု ထူထောင်နေဖို့ မလိုပါဘူး။

ကလေးတွေကို မိဘတွေရဲ့ ဥစ္စာပစ္စည်းလို သဘောမထားသင့်ပါဘူး။ ကလေး တွေက လူသားမျိုးနွယ်ရဲ့အနာဂတ်ကို ပိုင်ဆိုင်သူတွေဖြစ်တယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ရမယ်ဆိုတာကို နားလည်းသဘောပေါက်ဖို့လိုတယ်။ ဒါမှ အနာဂတ်ကောင်းကို တည်ဆောက်ယူနိုင်ပါမယ်။ အဲဒါ လူသားမျိုးနွယ်တစ်ခုလုံး အားကိုးရမယ့်ကိစ္စပါ။

ရင်သွေးနဲ့အတူ နောင်သူတို့ကို ကြည့်ရှုစောင့်ရှောက်ရမှာဖြစ်သလို အတူမနေ ရင်လဲ ရင်အုပ်မကွာရှိသလိုမျိုး စောင့်ရှောက်ဖို့ အစီအမံတွေရှိရမယ်။ ရင်သွေးဆိုတာ ကိုယ့်သွေးသားနဲ့ ဖွံ့ဖြိုးလာသူပဲ။ သက်ဆိုင်သူရဲ့ ရင်နှစ်သည်းခြာဝိညာဉ်ပဲဆိုလဲ မမှားပါဘူး။

ဒါပေမယ့် ရင်သွေးတွေကို မိဘတွေပိုင်ဆိုင်တဲ့ပစ္စည်းလို သဘောထားရင် အန္တရာယ်ကြီးလွန်းပါတယ်။ တချို့လူတွေက ကိုယ့်သားသမီးတွေကို ဒီနေ့ထိ ကိုယ့် ပစ္စည်းလို မှတ်ယူနေကြဆဲပါ။ ယခင်က မိန်းမကိုလဲ ပစ္စည်းလိုပဲမှတ်ယူခဲ့ကြတာပဲ။ စစ်တိုက်လို့ အနိုင်ရသွားတဲ့ဘက်က မိန်းမနဲ့ကလေးတွေကို ပစ္စည်းလို ခွဲဝေယူလေ့ ရှိတယ်။ အရှုံးမပေးတဲ့ ယောက်ျားကိုတော့ သတ်ပစ်လေ့ရှိတယ်။

လူကို ပစ္စည်းတစ်ခုလို ပိုင်ဆိုင်တဲ့အရာလို့ မှတ်ယူတာ အလွန်မှရုပ်ဆိုး အကျဉ်းတန်တဲ့ကိစ္စပါ။ လူက ကိုယ့်ရင်သွေးရဲ့ အရှင်သခင်မဟုတ်ပါဘူး။ ကလေး အပေါ် မေတ္တာထားတာ ထားလို့ ရပါတယ်။ သူ့ပါရမီကိုသိပြီး အဲဒါကို ဖွံ့ဖြိုးခွင့် ပေးရပါမယ်။

လူငယ်ကလေးက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အနာဂတ်ပါ။ လူသားမျိုးနွယ်သစ် ကို တည်ဆောက်ပေးမယ့် မျိုးဆက်သစ်ပါ။ သူက အခြားလောကတစ်ခုက ရောက်လာတဲ့ မဟာဧည့်သည်ပဲ။ လူဟောင်းကတော့ သူတို့အတွက် လမ်းနဲ့ တံခါး ပေါက်ပါပဲ။ ဒီထက်ပိုပြီးလည်း မမှတ်ယူသင့်ဘူး။ သူတို့အတွက် မိဘက လုပ်နိုင် သလောက်လုပ်ပေးရမယ်။ သူတို့ပါလာတဲ့ ပါရမီမျိုးစေ့ကို ဖွံ့ဖြိုးခွင့်ပေးရမယ်။ ကိုယ့်စိတ်ဆန္ဒအတိုင်း ပုံသွင်းယူရမှာ မဟုတ်ဘူး။

ရိပ်သာတွေအားလုံးက ကလေးပဲဖြစ်ဖြစ်၊ ဘယ်ရွာဘယ်ဒေသက ကလေးပဲ ဖြစ်ဖြစ် ကာကွယ်စောင့်ရှောက်ပေးရမယ်။ တကယ်လို့ ရိပ်သာကပဲ ကလေးပြုစုဖို့ တာဝန်ယူလိုက်ရင် အိမ်ထောင်ယူစနစ်က အပိုဖြစ်သွားပါလိမ့်မယ်။ အိမ်ထောင်က မေတ္တာကို တကယ်ပဲ အကျဉ်းထောင်ထဲရောက်သွားစေပါတယ်။ မေတ္တာကို ထိခိုက် နစ်နာသွားစေပါတယ်။ ရပိုင်ခွင့် ပေးပိုင်ခွင့် တာဝန်ဝတ္တရားတွေနဲ့ လွတ်လပ်မှု ဆုံးရှုံးသွားရမယ်။

တကယ်လို့ လူသားတွေရဲ့ မေတ္တာ လွတ်လပ်မှုရှိရင် အသားမည်း၊ အသားဖြူ ခွဲခြားမှုရှိတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် မေတ္တာမှာ ဘာအကန့်အသတ်မှ မရှိလို့ပါပဲ။ လူက ဘယ်ဘာသာဝင်ပေါ်မဆို မေတ္တာထားနိုင်တယ်။ ဘယ်အသား အရောင်ပေါ်မဆို မေတ္တာထားနိုင်မယ်။

မေတ္တာက နှလုံးသား ခံစားချက်ကိုပဲသိတာ။ ဘယ်ဘာသာကျမ်းဂန်ရဲ့ အကန့် အသတ်ကိုမှ မသိပါဘူး။ စည်းစနစ်ပုံစံကိုလည်းသိတယ်။ မေတ္တာက တစ်ကြိမ်တစ်ခါ လောက် လွတ်လပ်သွားရင် အခြားလူ့အခွင့်အရေးအားလုံးအတွက် ရေခံ၊ မြေခံကောင်း ကို ပေါ်ထွန်းစေနိုင်လိမ့်မယ်။

တကယ်တော့ချစ်တဲ့လူနှစ်ယောက်မှာ တစ်ယောက်နဲ့တစ်ယောက် အလွန် ကွာခြားပါတယ်။ သိပံ္ပပညာရှင်တွေကို မေးမြန်းစုံစမ်း ကြည့်နိုင်ပါတယ်။ ကွဲပြားမှုက ဥာဏ်ထက်မြက်မှုကို ဖွံ့ဖြိုးစေပါတယ်။ ပိုကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါကို မျိုးရိုး ပညာက အသေအချာလေ့လာပြီး သိရှိထားပြီးဖြစ်တယ်။

ကမ္ဘာတစ်ခုလုံးကပဲ အပင်တွေ တိရစ္ဆာန်တွေနဲ့ ပတ်သက်လို့ သုတေသနတွေ ပြုလုပ်ခဲ့ကြတယ်။ သိပံ္ပပညာရှင်တွေကို မေးမြန်းစုံစမ်း ကြည့်နိုင်ပါတယ်။ ကွဲပြားမှုက ဥာဏ်ထက်မြက်မှုကို ဖွံ့ဖြိုးစေပါတယ်။ ပိုကျမ်းမာ၊ ကြံခိုင်စေပါတယ်။ ဒါကို မျိုးရိုး ပညာက အသေအချာလေ့လာပြီး သိရှိထားပြီးဖြစ်တယ်။

ကမ္ဘာတစ်ခုလုံးကလည်း အပင်တွေ တိရစ္ဆာန်တွေနဲ့ ပတ်သက်လို့ သုတေသနတွေ ပြုလုပ်ခဲ့ကြတယ်။ သိပံ္ပနည်းနဲ့ မျိုးဆက်ပြီး နို့အထွက်ကောင်းဖို့၊ အသားအထွက်ကောင်းဖို့ သီးနှံတွေ ပိုထွက်နိုင်ဖို့ လက်တွေ့စမ်းသပ်လုပ်ကြည့်ပြီး ခဲ့ပါပြီ။ ရလဒ်ကောင်းတွေ ပေါ်ထွန်းလာခဲ့တယ်။ အရည်အသွေးကောင်းတဲ့ နွားတွေ၊ မြင်းတွေ၊ မွေးမြူယူခဲ့ကြတယ်။ မျိုးစပ်မှု လျှို့ဝှက်ချက်ကို လူကသိရှိထားပြီးဖြစ်တယ်။ ဒါပေမယ့် ကိုယ့်မျိုးနွယ်ကို မျိုးမြှင့်ယူဖို့ အသုံးမချသေးပါဘူး။

မင်းမျိုး၊ မင်းနွယ်တွေမှာ စိတ်မကောင်းစရာတွေ အများကြီး ကြုံခဲ့ကြရတယ်။ အဲဒါ ဆွေမျိုးနီးစပ်အချင်းချင်း အိမ်ထောင်ပြုခဲ့ကြလို့ပါပဲ။ သူတို့မှာ ထူးဆန်းတဲ့ရောဂါ တွေ ဥာဏ်နိမ့်တာတွေ တွေ့ခဲ့ရဖူးတယ်။ သူတို့က သာမန် အရပ်သူ၊ အရပ်သားနဲ့ အိမ်ထောင်ပြုလို့ မရဘူးလို့ ယူဆကြတယ်။ (၂၀)ရာစုကျော် (၂၁)ရာစုရောက်နေကြ ပေမယ့်၊ သိပံ္ပပညာရဲ့ ဗီဇပညာကို သိထားကြပေမယ့် သွေးက မျိုးဆက်ခံမှုရဲ့ အကြောင်းလို့ မှတ်ယူနေကြတယ်။ တကယ်တော့ သွေးက သွေးပဲ။ မျိုးဆက်ခံမှုနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူး။ သွေးက ဗီဇကို သယ်ယူပေးနေတာ မဟုတ်ပါဘူး။

လူ(၁၀)ယောက် (၁၅)ယောက်လောက်က အချင်းချင်း စဉ်ဆက်မပြတ် အိမ်ထောင်ပြုနေကြမယ်ဆိုရင် သူတို့မှာ ရောဂါမျိုးစုံရှိလာလိမ့်မယ်။ ဗီဇမှာပဲ ရောဂါရဲ့ အကြောင်းပါလာလိမ့်မယ်။ ဒီလိုမျိုးရိုးဆက်ခံတဲ့ရောဂါမှာ ဥာဏ်တုံးတဲ့ရောဂါလည်း ပါတယ်။ ဝေလမင်းသားကြီးပုံကို အသေအချာကြည့်ပါ ဥာဏ်ထက်မြက်တဲ့ ရုပ်သဏ္ဌာန် မျိုးမဟုတ်ပါဘူး။ ဘ၀ကို ငြီးငွေ့တဲ့ပုံမျိုးပဲ။ သူဟာ အ၀န်းအ၀ိုင်းသေးသေးကလေးကနေ အပြင်ကိုမထွက်နိုင်ခဲ့ဘူး။

ကျနော် ဒီနေ့အထိ ဘုရင့်မျိုးနွယ်ဝင်ထဲက ဥာဏ်ထက်မြက်တဲ့သူ၊ ပညာရပ် နယ်ပယ်မှာ ထူးချွန်တဲ့သူရယ်လို့ မတွေ့ဖူးသေးပါဘူး။ အိန္ဒိယက စော်ဘွားကြီးတွေ အများအပြားနဲ့ ထိတွေ့ခဲ့ဘူးပါတယ်။ သူတို့စိတ်ပိုင်းအခြေအနေက ဥာဏ်ရည် ဥာဏ်သွေးနိမ့်ရုံသာမက ရုပ်ပိုင်းစွမ်းအားမှာလည်း အားနည်းတာ တွေ့ရတယ်။

ရုရှားက ရပ်စပြူတင်အကြောင်း ကြားကောင်း၊ ကြားဖူးပါလိမ့်မယ်။ ရုရှား တော်လှန်ရေးမတိုင်မီက အရေးပါပြီး ထင်ရှားကျော်ကြားသူဖြစ်ခဲ့တယ်။ ဒီလိုဖြစ်ရတာ လည်း ဘုရင်ကြီးရဲ့ တစ်ဦးထဲသောသားကိစ္စကြောင့်ဖြစ်ပါတယ်။ သူ့မှာ သွေးမတိတ်နာ ရောဂါရှိပါတယ်။ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်လာရင် သွေးမတိတ်တော့ပါဘူး။ အဲဒီရောဂါကို ဘာဆေးနဲ့မှ ကုသလို့မရဘူး။ အခြားနည်းလမ်းလည်း မရှိဘူး။ ဒီရောဂါက အမျိုးနီးစပ်လွန်းသူချင်း အိမ်ထောင်ပြုလို့ရခဲ့တဲ့ရောဂါပါ။ ဒါကို ရပ်စပြူတင် က ကုသပေးနိုင်ခဲ့တယ်။

ရပ်စပြူတင်က အိပ်မွေ့ချပညာရှင်တစ်ဦးဖြစ်တယ်။ ဒီပညာကို အလွန်ကျွမ်းကျင် တယ်။ သူက သူတော်စင်တစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ဘုရင့်သား ခန္ဓာ ကိုယ်က မတိတ်တမ်းထွက်နေတဲ့သွေးကို ရပ်တန့်စေနိုင်ခဲ့တယ်။ ဒါလည်း အိပ်မွေ့ချတဲ့ နည်းနဲ့ သွေးရပ်သွားစေခဲ့တာပါ။

ဒီလိုသွေးရပ်သွားစေတဲ့အလုပ်ကို ဘယ်ဆရာဝန်သမားတော်မှ လုပ်မပေးနိုင်ခဲ့ ကြဘူး။ ဒီကလေးက အလွန်မှ ကြီးမားကျယ်ဝန်းတဲ့ အင်ပါယာကြီး နိုင်ငံတော်ကြီးရဲ့ အိမ်ရှေ့မင်းသားဖြစ်နေတယ်။ နိုင်ငံကို အုပ်စိုးလာမယ့် မင်းလောင်းပေါ့။ ရပ်စပြူတင် သာမရှိရင် မင်းသားလေး မတော်တဆ ထိခိုက်ဒဏ်ရာရလို့ သွေးထွက်လာရင် အသက် အန္တရာယ်ထိ ရှိနိုင်ပါတယ်။ အခုခေတ်အခါ ဒီမင်းမျိုး၊ မင်းနွယ်တွေမှာ ဘာအုပ်ချုပ်မှု အာဏာမှမရှိတော့ပေမယ့် အိမ်ထောင်ပြုခြင်းကိစ္စကို ဆွေးမျိုးနီးစပ်အချင်းချင်း လုပ်နေကြဆဲဖြစ်တယ်။ ကိုယ်ရေကိုယ်သွေး စွမ်းရည်နိမ့်ကျတဲ့ မျိုးဆက်သစ်တွေ မွေးဖွားပေးနေဆဲဖြစ်တယ်။

ဒီလိုမင်းမျိုး၊ မင်းနွယ်ထဲက အသိမှတ်ပြုခံရတဲ့ ကမ္ဘာ့ထိပ်တန်းရောက် ပုဂ္ဂိုလ်အလှအပလေးတွေ တွေ့ဖူးပါသလား။ အင်္ဂလန်မှာ ကောလဟလ သတင်းတစ်ခု ပျံနှံ့ခဲ့ဖူးပါတယ်။ ဒီသတင်း ဘယ်လောက်မှန်သလဲဆိုတာတော့ အာမမခံပါဘူး။

ကောလဟလသတင်းက ဘုရင်မကြီး အယ်လိဇဘက်ရဲ့ ကြင်ယာတော်က သနားစရာပါ။ နန်းတော်မှာ တာဝန်ကျတဲ့လူငယ်လေးတွေက ယေက်ျားလျာဖြစ်သွားကြတယ်တဲ့။ ဒီလိုဖြစ်သွားရတဲ့ကိစ္စက အဆန်းတော့မဟုတ်ပါဘူး။ သဘာဝကျတဲ့ကိစ္စတစ်ခုပါ။ သိပ်မကြာသေးမီကာလက မင်းသားကြီး ချားလ်စ်ရဲ့ ကိုယ်ရံတော်တစ်ဦးက AIDS ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ ကြားလိုက်ရပါတယ်။ AIDS က မိုးပေါ်က ကျလာတဲ့ရောဂါမဟုတ်ပါဘူး။ မွန်မြတ်တဲ့ ၀ိညာဉ်တော် (Holy Ghost) က ဘယ်သူလဲဆိုတာ ဘယ်သူမှမသိပါဘူး။

ဒါပေမယ့် ဒီလိုမင်းမျိုးမင်းနွယ်ထဲမှာပဲ ဒီလိုဖြစ်တတ်ပါတယ်။ သိပ်မကြာပါဘူး။ နောက်ထပ်လူတွေသေကြဦးမှာပါ။ ဘာကြောင့်လဲဆိုရင် ဒီရောဂါက ကွင်းဆက်ကြီးတစ်ခုရဲ့အပိုင်းတစ်ခုပါပဲ။

ဟိန္ဒူက ဟိန္ဒူနဲ့ပဲ လက်ထပ်ရမယ်။ ဗြဟ္မဏက ဗြဟ္မဏနဲ့ပဲ လက်ထပ်ရမယ်ဆိုတဲ့  အကန့်အသတ်တွေမရှိသင့်တော့ပါဘူး။ တကယ်တော့ အိန္ဒိယသားက အိန္ဒိယသားနဲ့ပဲ လက်ထပ်ရမယ်ဆိုတာမျိုး ကန့်သတ်မထားသင့်ဘူး။

ကမ္ဘာကြီးက အလွန်မှ ကျယ်ဝန်းပါတယ်။ ဇနီးမယား ဘ၀ကြင်ဖော်ကို အလွန် ဝေးတဲ့ မျိုးနွယ်ထဲက ရှာသင့်ပါတယ်။ သမုဒ္ဒရာ ခုနှစ်စင်း ခြားထားတဲ့ နေရာက ဖြစ်သင့်ပါတယ်။ ဒါမှ ကျမ်းမာကြံ့ခိုင်တဲ့ လှပတဲ့ သက်တမ်းရှည်တဲ့ ဥာဏ်ထက်မြက်တဲ့ မျိုးနွယ်သစ်ကို ဖော်ထုတ်ယူနိုင်မယ်။ စစ်မှန်တဲ့ အနာဂတ်မျိုးဆက်သစ်ကို ရရှိလာ နိုင်မယ်။ လူမျိုးခြားတွေနဲ့ အိမ်ထောင်ပြုသင့်ပါတယ်။ ဒီလိုဖြစ်ဖို့ ရိုးရာရှေးဓလေ့ထုံးစံ ပျောက်ပျယ်မှာဖြစ်နိုင်တယ်။ မေတ္တာကို တန်ဖိုးထားရပါမယ်။ ကျနော်တို့ဆီမှာ မေတ္တာမျှ အိမ်ထောင်ပြုတာကို အခုထိ ကဲ့ရဲ့နေကြဆဲပါပဲ။

(၃) သေဆုံးခွင့်

တတိယမူလအခွင့်အရေး၊ ဘ၀မှာ အလွန်မှအရေးကြီးတဲ့အချက်သုံးချက်ရှိတယ်။ သက်ရှင်နေခြင်း၊ မေတ္တာနဲ့သေဆုံးခြင်း၊ ဒီနေ့လုပ်တာပဲ မနက်ဖြန်ရမယ်။ ဒီနေ့ကို လူကငြီးငွေ့နေပြီး ဒီဘ၀ကို ဘာကြောင့်သယ်ဆောင်နေရမှာလဲ။ အပြည့်အ၀ သက်ရှင် ရပ်တည်ပြီးခဲ့ပြီး သက်တမ်းကာလတစ်ခုလည်း သက်ရှင်ပြီးခဲ့ပြီး ဘာမှလည်းမဖြစ်ချင် တော့ဘူး။ ဘာမှ မလုပ်ချင်တော့ဘူး။ လုပ်စရာ ဘာမှမရှိတော့ဘူးဆိုတဲ့ လူအတွက် သေဆုံးခွင့်ရသင့်ပါတယ်။ လူတိုင်းက အခြေခံအကျဆုံးအခွင့်အရေး၊ သက်ရှင်ခွင့်၊ မေတ္တာမျှခွင့်၊ သေဆုံးခွင့်ရသင့်ပါတယ်။ ကိုယ်ခန္ဓာကို စွန့်လွှတ်ခွင့်လည်း အခြေခံအခွင့် အရေး ဖြစ်သင့်ပါတယ်။

ဒီဘ၀က တစ်ချိန်မှာ သေဆုံးရမယ့်ဘ၀ပဲ။ ဘယ်ဆန္ဒမှ မကျန်တော့လို့ မနေချင် တော့တဲ့လူကို ဇွတ်အတင်း နေကိုနေရမယ်ဆိုတာ အပြစ်ဒဏ်လိုပါပဲ။ ဒီလိုအကြပ် မကိုင်သင့်ပါဘူး။ ဒီလို ဆန္ဒရှိတဲ့လူတွေအတွက် အစီအမံကောင်းတစ်ခု လုပ်ပေး သင့်တယ်။

အိမ်တစ်အိမ်မှာ ဒီလိုမနေနိုင်တော့တဲ့သူကို ဘာမဆိုလုပ်နိုင်ဖို့ အခြေအနေ တစ်မျိုး ဖန်တီးပေးသင့်တယ်။ အထူးအခွင့်အရေးအနေနဲ့  တစ်လလောက်နေထိုင်ခွင့် ပြုသင့်တယ်။ ဂီတအနုပညာ ပန်းချီလိုအလုပ်မျိုး ဘာမဆို လုပ်ခွင့်ပေးထားသင့်တယ်။ ဆရာဝန်တွေက သူတို့ရဲ့ စိတ်ဖိစီးမှုကင်းဝေးအောင် လုပ်ပေးသင့်တယ်။

အခုထိတော့ သေဆုံးတာကို ရုပ်ဆိုးအကျည်းတန်တဲ့ဒုက္ခ၊ မဟာဒုက္ခကြီးလို လုပ်ထားပါတယ်။ မနှစ်မြို့စရာလို့ သတ်မှတ်ထားကြတယ်။ ဒါက လွဲမှားတဲ့ အယူအဆ တစ်ခုပဲ။ အားလုံးမွေးလာသလို အားလုံးသေရမှာပဲ။ မွေးတာ ပွဲတော်ဖြစ်ခဲ့သလို သေတာလည်း ပွဲတော်ဖြစ်သင့်ပါတယ်။ စိတ်ထားကို ပြုစုပျိုးထောင်လို့ရပါတယ်။ သေဆုံးတာကို အနုပညာတစ်ခုလို ဖွံ့ဖြိုးလာအောင် လုပ်သင့်ပါတယ်။ လူက အေးအေး ဆေးဆေး အနားယူပြီး စိတ်ချမ်းချမ်းသာသာနဲ့ သေဆုံးခွင့်ရသင့်ပါတယ်။

ဒီလိုပွဲတော်ကျင်းပချိန်မှာ အသိမိတ်ဆွေ အပေါင်းအသင်းတွေနဲ့လည်း တွေ့နိုင် ပါတယ်။ ထိတွေ့ဆွေးနွေးခွင့်လည်း ရသင့်ပါတယ်။ ဒီလိုအခြေအနေကို ဆေးရုံမှာပဲ လုပ်ပေးသင့်ပါတယ်။ ဒါဟာ သေဆုံးချင်တဲ့လူအတွက် နောက်ဆုံးလုပ်းပေးလိုက်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ တကယ်လို့ မသေချင်သေးဘူး။ ဘ၀မှာ ဆက်နေချင်သေးတယ် ဆိုရင် အိမ်ပြန်လွှတ်လိုက်ရမယ်။ သေဆုံးချင်တဲ့လူကိုသာ အထူးအခွင့်အရေး ပေးသင့် ပါတယ်။

သေဆုံးချင်တဲ့ လူကတော့ အနည်းဆုံးအခြေအနေတစ်ခုမှာ အနည်းဆုံးတစ်လ လောက် သက်ရှင်ခွင့်ရသွားသင့်ပါတယ်။ ဇိမ်ခံခွင့် ရသွားသင့်ပါတယ်။ စိတ်ထဲမှာ ဘာနာကြည်းမှု အချုပ်အချယ်မှ ကျန်မသွားအောင် လုပ်ပေးလိုက်ရမယ်။ အားလုံးလုပ် ပြီးသွားပြီဆိုရင် ဘ၀ကို နှုတ်ဆက်ခွင့်ရှိရပါမယ်။ ဒီလိုအချိန်မှာ ဘ၀ကို ကျေးဇူး တင်မယ်။ အကောင်းမြင်နိုင်မယ်။ လုပ်ချင်တာတွေ လုပ်ပြီးခဲ့ပြီပဲ။

ဆက်ရန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ခေတ်သစ် လူ့အခွင့်အရေး ကြေညာစာတမ်း – အပိုင်း (၂)

Comments are closed.